နည်းပညာ လေ့လာလိုက်စားနေသူများ အခမဲ့လေ့လာနိုင်မည့် Google ၏ အကောင်းဆုံး အွန်လိုင်းသင်တန်းများအကြောင်း

အခုလို အလုပ်တွေပါးနေတဲ့အချိန်မျိုးမှာ နည်းပညာ လေ့လာလိုက်စားနေသူတွေအတွက် ပိုက်ဆံမကုန်ပဲ အခမဲ့လေ့ လာနိုင်တဲ့ Google ရဲ့ အကောင်းဆုံး အွန်လိုင်းသင်တန်းတွေကို မျှဝေပေးလိုက်ပါတယ်။ မိမိရဲ့ အလုပ်မှာ အသုံးချဖို့ပဲ ဖြစ်ဖြစ် မိမိကိုယ်ကိုယ် Up Skill လုပ်ချင်လို့ပဲဖြစ်ဖြစ် အရမ်းကိုအသုံးဝင်တဲ့ အခမဲ့ သင်တန်းတွေဖြစ်ပါတယ်။

Photo Source https://www.facebook.com/infotechmyanmarMM

(၁) Google Digital Garage
https://learndigital.withgoogle.com/digitalgarage/courses
ဒီဂျစ်တယ်ကမ္ဘာအတွက်ကျွမ်းကျင်မှုအသစ်များကိုလေ့လာနိုင်ဖို့အတွက် Google ကနေ ပြုလုပ်ထားတဲ့ သင်တန်းများဖြစ်ပြီး အခမဲ့တက်ရောက်နိုင်ပါတယ်။

Photo Source https://www.facebook.com/infotechmyanmarMM

(၂) Education – Google AI
https://ai.google/education/
Google AI မှာ Code အကြောင်းတွေကို လေ့လာရုံသာမကပဲ မိမိတို့ရဲ့ Projects ၊ Skills တွေကိုပါ တိုးတက်စေနိုင်တဲ့ အချက်အလက်နဲ့ လေ့ကျင့်ခန်းတွေကိုပါ လေ့လာနိုင်ပါတယ်။

Photo Source https://www.facebook.com/infotechmyanmarMM

(၃) Google’s Python Class
https://developers.google.com/edu/python/
Python နည်းပညာကို လေ့လာလိုသော Programming အခြေခံရှိတဲ့သူတွေအတွက် အခမဲ့သင်တန်း ဖြစ်ပါတလ်။ Python Coding ကို လေ့ကျင့်ဖို့အတွက် စာရွက်စာတမ်းတွေ၊ ပို့ချချက်ဗီဒီယိုတွေနဲ့ Coding လေ့ကျင့်ခန်းများစွာ ပါဝင်ပါတယ်။

Photo Source https://www.facebook.com/infotechmyanmarMM

(၄) Google Analytics Academy
https://analytics.google.com/analytics/academy/
YouTube ကနေ Analytics သင်တန်းများနဲ့ အခြား Google Marketing Platform Analytics ထုတ်ကုန်များ၏ Mini-Courses တွေကို တစ်နေရာထဲမှာ လေ့လာနိုင်ပါတယ်။

Photo Source https://www.facebook.com/infotechmyanmarMM

(၅) Google Cloud Training
https://cloud.google.com/training/
YouTube ကနေ Analytics သင်တန်းများနဲ့ အခြား Google Marketing Platform Analytics ထုတ်ကုန်များ၏ Mini-Courses တွေကို တစ်နေရာထဲမှာ လေ့လာနိုင်ပါတယ်။

Photo Source https://www.facebook.com/infotechmyanmarMM

(၆) Google Developers Training
https://developers.google.com/training/
Google Developer တွေလေ့ကျင့်ရေးအဖွဲ့ကနေ ကိုယ်ပိုင်လေ့လာမှုအတွက် ပစ္စည်းများနဲ့ သင်ခန်းစာတွေ ပါဝင်ပြီး သင့်ရဲ့တိုးတက်မှုစွမ်းရည်ကိုအသိအမှတ်ပြုရန်အတွက် Google Developers Certification စာမေးပွဲကို ရယူနိုင်ပါတယ်။

Source https://www.facebook.com/infotechmyanmarMM