Telegram အသုံးပြုသူများအတွက် အသုံးဝင်သော Telegram Bot များ (၂)

Telegram Bot အပိုင်း (၁) ကိုဖော်ပြခဲ့ပြီး ဖြစ်တဲ့အတွက် အသုံးဝင်တဲ့ Telegram Bot တွေအကြောင်းကို အပိုင်း (၂) အနေနဲ့ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။ 

Banof

Telegram Group တွေက admin တစ်ယောက်အနေနဲ့ ဒီလို Bot မျိုးတွေကိုသိထားသင့်ပါတယ်။ Group ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ Message တွေပို့တာ၊ Member တွေကို ထိခိုက်အောင်လိုက်ပြောတဲ့ Message မျိုးဆိုရင် Reply မှာ @banofbot လို့ရိုက်လိုက်တာနဲ့ Bot က Voting စနစ်တစ်ခု သတ်မှတ်ပေးမှာပါ။ Member တွေ အနေနဲ့ ဒီလို Message ပို့တဲ့အကောင့်ပိုင်ရှင်ကို Group ကထုတ်မလားဆက်ထားမလားဆိုတာကို Voting ပေးလို့ ရပါတယ်။ @banofbot ဆိုပြီး Search Box ကနေရိုက်ရှာနိုင်သလို Link ကနေလည်းဝင်ရောက်နိုင်ပါတယ်။ 

SHORT URL GOO.GL

Link တွေကအရမ်းရှည်နေတာမျိုးဆိုရင် website ထဲဝင်ပြီးတော့ လင့်ခ်ကိုချုံ့ကြရပါတယ်။ Telegram အသုံးပြုနေရင်း @ShortUrlBot နဲ့ဆိုရင်တော့ website ထဲလဲသွားစရာမလိုပါဘူး တစ်နေရာတည်းမှာပဲ လင့်ခ်ကို ချုံလို့ရပါတယ်။ SHORT URL GOO.GL မှာတော့ is.gd, v.gd, tinyurl.com, adf.ly လို Link Shortner တွေနဲ့ ချုံ့ပေးမှာဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် ကိုယ်ချုံ့ချင်တဲ့ လင့်ကို ပို့ပေးလိုက်ရုံပါပဲ။ 

File Converter

File Converter ကတော့ ကိုယ်ပို့လိုက်တဲ့ဖိုင်ကို format ပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်တွေနဲ့ ဖိုင်တော်တော်များများကို ပြောင်းလို့ရပြီးတော့ ကိုယ်ပြောင်းမယ့်ဖိုင်က 20MB ကျော်လို့တော့ ရမှာ မဟုတ်ပါဘူး။ @newfileconverterbot ဆိုပြီး Search Boxကနေရိုက်ရှာနိုင်သလို Link ကနေလည်းဝင်ရောက်နိုင်ပါတယ်။ 

External Link Bot

File တွေကို Download Link ပေးဖို့ဆိုရင် Cloud တစ်ခုခုပေါ်ကိုတင်ရပါတယ်။ External Link Bot ကတော့ Telegram မှာအသုံးပြုလို့ရမှာ ဖြစ်ပြီးတော့ ဖိုင်ကိုပေးပို့လိုက်တာနဲ့ Download Link တစ်ခုပြန်ချပေးမှာ ဖြစ်ပါတယ်။ ဖိုင်ပို့လိုက်တာနဲ့ Bot က Link ကိုအလိုအလျောက်ဖန်တီးပေးမှာဖြစ်ပါတယ်။ ပေးပို့လိုက်တဲ့ဖိုင်က 20MB မကျော်ဖို့တော့ လိုအပ်ပါတယ်။ Search Box ကနေ @external_link_livebot လို့ရိုက်ရှာနိုင်ပြီးတော့ Link ကနေလည်း ဝင်ရောက်နိုင်ပါတယ်။ 

QR Code Creator

Telegram ကနေ ပုံတွေဖိုင်တွေမဟုတ်ဘဲ စာကိုမှ QR Code လုပ်ပြီး ပို့ချင်တဲ့သူတွေအတွက် QR Code Creator Bot ကိုအသုံးပြုနိုင်ပါတယ်။ Search Box မှာ @qr_livebot လို့ရိုက်ရှာနိုင်ပါတယ်။ Message Box မှာ QR Code အဖြစ်ဖန်တီးချင်တဲ့ စာကိုပေးပို့လိုက်တာနဲ့ Bot ကအလိုအလျောက် QR Code အနေနဲ့ ပြန်လည်ပို့ပေးမှာ ဖြစ်ပါတယ်။

ကိုယ်တိုင်စိတ်ကြိုက် အသုံးတည့်နိုင်မယ့် Telegram Bot တွေရှာချင်တယ်ဆိုရင်တော့ Boto Store မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။