Telegram အသုံးပြုသူများအတွက် အသုံးဝင်သော Telegram Bot များ (၁)

Telegram ဆိုတာကတော့ အရင်တစ်ခေါက် ဆောင်းပါးတွေမှာဖော်ပြထားတဲ့ လုပ်ဆောင်ချက်တွေကြောင့် အသုံးများကြတာဖြစ်သလို Bot တွေလည်းစုံလင်ပြီး အသုံးပြုသူတွေအတွက် ကောင်းကောင်း အထောက်အပံ့ ပေးနေတယ် ဆိုရင်လည်း မမှားပါဘူး။ Telegram Bot ဆိုတာကတော့ လုပ်ဆောင်ချက်မျိုးစုံနဲ့ အသုံးပြုသူတွေကို သာမန်စကားပြောဖော်တစ်ယောက်လို ဝန်ဆောင်မှုပေးနိုင်တဲ့ Program တွေဖြစ်ပါတယ်။

Gmail Bot

Gmail Bot ဆိုတာကတော့ ကိုယ့်ရဲ့ Gmail ထဲဝင်လာသမျှ Mail တွေကို Telegram App ကနေ ထွက်သွားစရာ မလိုဘဲ Telegram ကနေ ဖတ်လို့ရနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖတ်ဖို့ဆိုရင်တော့ Gmail Bot ကို သုံးပြီးတော့ ကိုယ့်ရဲ့ Telegram နဲ့ အသုံးပြုမယ့် Gmail အကောင့်ကို ချိတ်ဆက်ထားပေးဖို့တော့ လိုအပ်ပါတယ်။ ချိတ်ဆက်ရာမှာ လည်း ခက်ခဲမှုမရှိပါဘူး Bot ကိုအသုံးပြုဖို့ Start နှိပ်လိုက်တာနဲ့ ကိုယ်လုပ်ရမှာတွေကို ပြောပြ ပေးသွားမှာ ဖြစ်ပါတယ်။ Gmail Bot ကိုအသုံးပြုဖို့ @gmailbot ကိုနှိပ်ပြီးဝင်ရောက်နိုင်သလို Telegram Search Box မှာလည်း ရှာနိုင်ပါတယ်။ 

Zoom

Zoom Bot ကလည်း Gmail Bot လိုပါပဲ။ ကိုယ့်ရဲ့အကောင့်နဲ့ ချိတ်ဆက်ထားလိုက်တာနဲ့ Meeting Join တာ၊ Meeting Create တာ၊ Custom Password ထားတာတွေကို Telegram App ကနေပဲ လျှင်လျှင်မြန်မြန် ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။ Bot ကိုအသုံးပြုဖို့အတွက် @zoombot ကိုနှိပ်ပြီးဝင်ရောက်နိုင်သလို Telegram Search Box မှာလည်း ရှာဖွေနိုင်ပါတယ်။

PollBot

Telegram မှာ ကိုယ့်သူငယ်ချင်းတွေနဲ့ Group တွေထောင်ထားပြီး Voting တွေခွဲတဲ့အခါမျိုးမှာ PollBot လိုလွယ်လွယ်ကူကူနဲ့ Poll တွေပြုလုပ်ပေးနိုင်မယ့် Bot တွေအများကြီးရှိပါတယ်။ PollBot ဆိုတာကလည်း Telegram Bot တွေထဲက အသုံးပြုရရိုးရှင်းလွယ်ကူတဲ့ Bot တစ်ခု ဖြစ်ပါတယ်။ စတင်အသုံးပြုမယ်ဆိုရင်တော့ @PollBot ကိုနှိပ်ပြီး ဒါမှမဟုတ် Telegram Search Box ကနေရှာဖွေပြီးဝင်ရောက်နိုင်ပါတယ်။

Start ကိုနှိပ်လိုက်တာနဲ့ Poll ရဲ့ခေါင်းစဉ် မေးခွန်းတစ်ခုကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ Poll ထဲမှာထည့်ဖို့ ရွေးချယ်စရာတွေကို ထည့်သွင်းပေးရမှာပါ။ ထည့်လို့ပြီးသွားရင်တော့ Bot Message မှာရေးထားတဲ့ /done ကိုနှိပ်ပြီး အဆုံးသတ်နိုင်ပါပြီ။ Create ပြုလုပ်ပြီးပြီဆိုတာနဲ့ ဖော်ပြထားတဲ့ Link ကိုနှိပ်ပြီး ကိုယ်အသုံးပြုချင်တဲ့ Group ထဲကိုပို့နိုင်ပါပြီ။ ပို့ပြီးတာနဲ့ Voting လုပ်တာတွေ Result ကြည့်တာတွေနဲ့ Poll ကိုအဆုံးသတ်တာတွေအတွက် ရွေးချယ်စရာတွေ ပေါ်လာမှာပါ။ 

GameBot

GameBot ဆိုတာကတော့ ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့ Telegram မှာအပျင်းပြေဆော့ကစားနိုင်တဲ့ Bot တစ်ခုဖြစ်ပါတယ်။ @gamebot ကိုနှိပ်ပြီးရှာနိုင်သလို ကိုယ်နဲ့အတူဆော့မယ့်သူငယ်ချင်း ဒါမှမဟုတ် Group ရဲ့ Message box မှာ @gamebot လို့ရိုက်လိုက်တာနဲ့ Math Battle, Corsairs နဲ့ LumberJack ဆိုပြီး ဂိမ်းတွေ ကျလာမှာပါ။ 

Skeddy

ကိုယ်ဟာ သတိမေ့တတ်တဲ့သူတစ်ယောက်ဆိုရင် Skeddy ကတစ်ကယ်ကို အထောက်အပံ့ပေးနိုင်မယ့် Bot တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဖုန်းကနေ Alarm တွေ reminder တွေနဲ့ သတိပေးနိုင်ပေမယ့် အချိန်သတ်မှတ်ရတာ စာတွေရိုက်ရတာက အချိန်ပိုကုန်စေပါတယ်။ Skeddy မှာတော့ ကိုယ်ပြောချင်တာကို စာတစ်ကြောင်းထဲ ရိုက်ပေးလိုက်ရုံပါပဲ။ (ဥပမာ – Call John in 10 minutes) လို့ရေးလိုက်တာနဲ့ နောက်ဆယ် မိနစ်မှာ Call John ဆိုပြီး သတိပေးစာလေးဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတိပေးစာဝင်လာတဲ့အခါမှာလည်း နောက်ထပ် ၁၅ မိနစ်၊ မိနစ် ၃၀ နေမှထပ်ပို့ဖို့အတွက်လည်း Alarm လိုမျိုးထပ်လုပ်လိုက်လို့ရပါသေးတယ်။

စတင်အသုံးပြုမယ်ဆိုရင်တော့ @skeddybot ကိုနှိပ်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ English နဲ့ Russia ဘာသာစကားနှစ်မျိုးအသုံးပြုနိုင်ပြီးတော့ ရွေးချယ်နိုင်ပါတယ်။ reminder တွေအသတ်မှတ်ခင် ကိုယ်နေတဲ့ Location ကိုထည့်ပေးဖို့တော့လိုပါတယ်။ ဒါမှ Bot က TimeZone ကိုကြည့်ပြီး စာတွေပေးပို့မှာ ဖြစ်ပါတယ်။ https://skeddy.me ကနေလည်း Skeddy ရဲ့အလုပ်လုပ်ပုံတွေကို ဖတ်ရှုလို့ရပါတယ်။