Reaction Video တွေနဲ့ Retweet ပြုလုပ်နိုင်ဖို့ Twitter စမ်းသပ်

Twitter ဆိုတာကတော့ ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Post လုပ်တာ Like ပေးတာတွေနဲ့ တင်ထားတဲ့ အကြောင်းအရာ Tweet တွေကို Retweet ပြုလုပ်နိုင်တဲ့ Social Networking Platform တစ်ခုဖြစ်ပါတယ်။ သမားရိုးကျအသုံးပြုနေတဲ့ ပုံစံကနေ Quote Tweeting ပြုလုပ်မယ့်အစား Reaction Video မျိုးနဲ့ ကိုယ်ဖော်ပြချင်သလိုဖော်ပြနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို စမ်းသပ်လိုက်ပြီ ဖြစ်ပါတယ်။  

Photo Source https://twitter.com/TwitterSupport

လက်ရှိကာလမှာတော့ iOS တွေအတွက်ပဲ စမ်းသပ်မှုကို ပြုလုပ်နေပြီး Retweet Menu မှာ “Quote Tweet with Reaction” ဆိုတာမျိုးကို တွေ့ရမှာပါ။ iOS အသုံးပြုသူအနည်းငယ်အတွက်ပဲ လတ်တလော စမ်းသပ်မှုတွေပြုလုပ်နေပြီး ထွက်ပေါ်လာမယ့် ရလာဒ်တွေကိုလည်း မကြာခင်ကြော်ငြာပေးမယ်လို့ သိရပါတယ်။ ကုမ္ပဏီကလည်း အသုံးပြုသူတွေကို Twitter အသုံးပြုတဲ့အချိန်မှာ သူတို့ခံစားချက်တွေကိုလည်း သေချာဖော်ထုတ်ပြသနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်” လို့ပြောထားပါသေးတယ်။