အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကို နေသူများအတွက် အရေးပါပြီး သိထားသင့်သည့် Application များ

အသေးစားစီးပွားရေးလုပ်ငန်းတွေမှာလည်း တစ်ဦးတစ်ယောက်တည်းလုပ်ကိုင်သည်ဖြစ်စေ၊ အဖွဲ့အစည်းလိုက်လုပ်ကိုင် သည်ဖြစ်စေ တိကျသေချာတဲ့ စာရင်းဇယားတွေနဲ့ စနစ်တကျလုပ်ကိုင်ခြင်းကလည်း လုပ်ငန်းအောင်မြင်ဖြစ်ထွန်းဖို့ရာနှုန်း ပြည့်နီးပါးသေချာနေပါတယ်။ အဲ့ဒီအတွက်လည်း ဝင်ငွေ၊ ထွက်ငွေ စာရင်းတွေကို အလွယ်တကူလျှင်မြန်စွာတွက်ချက်နိုင်ပြီး တစ်နေရာကနေ တစ်နေရာချိတ်ဆက်လွှဲပြောင်းပေးနိုင်တဲ့ Mobile Application တွေကိုလည်း အသုံးပြုလာကြပါတယ်။ ခု ဖော်ပြပေးတဲ့ Mobile Application တွေကတော့ အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေ၊ စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကို လေ့လာနေသူတွေအတွက် အသုံးဝင်တဲ့ Mobile Application တွေလည်းဖြစ်ပါတယ်။

Photo Source https://play.google.com/store/apps/details?id=com.nlz.instantinvoice

(၁) Instant Invoice App
အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေအနေနဲ့ ဖုန်းနဲ့ ဘောက်ချာ အလှလေးတွေ လုပ်ပြီး customer ကို ပို့ပေးနိုင်သလို အရမ်းလွယ်ကူမြန်ဆန်ပြီး အတွက်အချက်မှာလဲ အမှားအယွင်းကင်းတာကြောင့် အရမ်းအဆင်ပြေပါတယ်။ OS သမားများအတွက် မရှိမဖြစ် သုံးသင့်တဲ့ app တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.nlz.instantinvoice

Photo Source By Myanmar Tech Press

(၂) Small Business App
Small Business App ကတော့ ဝင်ငွေ၊ထွက်ငွေ၊အသုံးစာရင်း ကုန်ပစ္စည်း ရောင်းအားအခြေအနေ ၊ ဝယ်ယူထားမှုအခြေအ နေတွေကို အလွယ်တကူမှတ်သားထားနိုင်မယ့် Application ဖြစ်ပါတယ်။ စာရင်းမှတ်တမ်းတွေကို အလွယ်တကူ ပြင်နိုင်ဖျက်နိုင်မှာဖြစ်ပြီး ဖုန်းတစ်လုံးနေ Computer (သို့) တစ်ခြားဖုန်းတစ်လုံးကိုလည်း အချက်အလက်တွေ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒီ Application ကိုတော့ Android version 4.0 နဲ့အထက်မှာသုံးနိုင်ပြီး အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။ အောက် Link မှ ဝင်ရောက်ကြည့်ရှု Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=zawikawm.project.sumbuk.com.zawikawm.application.view

Photo Source By Myanmar Tech Press

(၃) B2B Myanmar
ဒီ Application ကတော့ အစီအစဉ်ကဏ္ဍ သုံးခုပါဝင်ပါတယ်။သတင်းနှင့်ဗဟုသုတအဖြာဖြာအအစီအစဉ်မှာတော့ နောက်ဆုံး ရစီးပွားရေးဆိုင်ရာသတင်းတွေနဲ့ ဗဟုသုတရစရာပင်ကိုယ်ရေးအတွေးအမြင်ဆောင်းပါးတွေ ပါဝင်ပါတယ်။ စိတ်ဝင်စားဖွယ် ဆောင်းပါးများအစီအစဉ်မှာတော့ ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုဆိုင်ရာဆောင်းပါးများ၊ စီးပွားရေးဆိုင်ရာ Special Reports၊ အမေးအဖြေကဏ္ဍ၊ Snap Shot အင်တာဗျူး စတာတွေပါဝင်ပါတယ်။ စီးပွားရေးဆိုင်ရာ အင်တာဗျူးဗီဒီယိုများအစီ အစဉ်မှာတော့ အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခြင်း၊ နယ်ပယ်ကဏ္ဍအလိုက်ကျွမ်းကျင်သူတွေရဲ့စကား ဝိုင်းဗီဒီယိုများ စတဲ့အကြောင်းအရာတွေပါရှိပါတယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ ဗဟုသုတလေ့လာနေသူတွေ၊ အသေးစားလုပ် ငန်းရှင်တွေအတွက် သိထားရမယ့် Mobile Application တစ်ခုမှာအပါအဝင်လည်းဖြစ်ပါတယ်။ အောက်ပါ Link တွင် ဝင် ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.b2bsite.siteb2b

Photo Source By Myanmar Tech Press

(၄) Shwe Su Boo
Shwe Su Boo App ကတော့ ဝင်ငွေ၊ ထွက်ငွေ စာရင်းတွေကိုမှတ်သားပြီး ပြန်လည်ကြည့်ရှုနိုင်ပါသည်၊ ကုန်ကျစရိတ်များ ကိုလည်း သတ်မှတ်သုံးစွဲကာ မိမိရဲ့အသုံးစရိတ်များကို ချွေတာသုံးစွဲဖို့ကူညီပေးပါတယ်။ ဒါ့အပြင် ငွေကြေးပြောင်းလဲမှုများ ကိုလည်း နေ့စဉ် ကြည့်ရှုနိုင်ပါတယ်။ လောင်စာဆီဈေးနှုန်းများကိုလည်းကြည့်ရှုနိုင်တဲ့အပြင် ကံစမ်းထားသော ထီလက်မှတ် များကိုလည်း တိုက်ကြည့်နိုင်ပါသေးတယ်။ အသေးစားလုပ်ငန်းရှင်များသိထားသင့်တဲ့ Mobile Applicationတစ်ခုမှာအပါအ ဝင်ဖြစ်ပါတယ်။ အောက်ပါ Linkတွင် ဝင်ရောက်ကြည့်ရှု Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.shwesuboo.bit.shwesuboo