The Witcher လို့ပြောလိုက်ရင် Netflix ကြည့်တဲ့သူတိုင်းမတွက်မစိမ်းတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ Throne of Glass နာမည်နဲ့ စာအုပ်အရင်ထွက်ရှိခဲ့တာကိုမှ The Witcher နာမည်နဲ့ Netflix Series တစ်ခုအဖြစ် ပြန်လည်ရိုက်ကူးခဲ့တဲ့ Series တစ်ခုဖြစ်ပါတယ်။ Action, Adventure, Fantasy ဖြစ်ပြီး လက်ရှိမှာတော့ Season 2 အထိ ထွက်ရှိထားတဲ့အပြင် The Witcher: Nightmare of the Wolf (Animated Film) ကိုပါထွက်ရှိထားပါတယ်။
The Witcher ဇာတ်ကားနဲ့ စာအုပ်ကို သဘောကျတဲ့သူတွေအနေနဲ့ The Witcher ဂိမ်းကိုလည်း သဘောကျကြမှာ သေချာပါတယ်။ Action နဲ့ RPG ဂိမ်းတစ်ခုဖြစ်တဲ့ The Witcher ကို CD PROJEKT RED က Develop & Publish ပြုလုပ်ထားပြီး Steam မှာ ဝယ်ယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Photo Source https://store.steampowered.com/bundle/727/The_Witcher_Trilogy/
The Witcher: Enhanced Edition Director’s Cut, The Witcher 2: Assassins of Kings Enhanced Edition, The Witcher® 3: Wild Hunt ဆိုပြီး ထွက်ရှိထားပါတယ်။ The Witcher 4 ကိုလည်း စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ ဂိမ်းတစ်ခုချင်းစီ ဝယ်ယူလို့လဲရပေမယ့် အခုအချိန်မှာ ဂိမ်းသုံးခုလုံးကိုစုပြီး The Witcher Trilogy Bundle ကို 11.22 USD နဲ့ 84% လျှော့ပြီး Steam မှာရောင်းချပေးနေပြီ ဖြစ်ပါတယ်။