$11.22 နဲ့ Witcher ဂိမ်းသုံးခုလုံးကိုဝယ်ယူနိုင်မယ့် The Witcher Trilogy Bundle

The Witcher လို့ပြောလိုက်ရင် Netflix ကြည့်တဲ့သူတိုင်းမတွက်မစိမ်းတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ Throne of Glass နာမည်နဲ့ စာအုပ်အရင်ထွက်ရှိခဲ့တာကိုမှ The Witcher နာမည်နဲ့ Netflix Series တစ်ခုအဖြစ် ပြန်လည်ရိုက်ကူးခဲ့တဲ့ Series တစ်ခုဖြစ်ပါတယ်။ Action, Adventure, Fantasy ဖြစ်ပြီး လက်ရှိမှာတော့ Season 2 အထိ ထွက်ရှိထားတဲ့အပြင် The Witcher: Nightmare of the Wolf (Animated Film) ကိုပါထွက်ရှိထားပါတယ်။

The Witcher ဇာတ်ကားနဲ့ စာအုပ်ကို သဘောကျတဲ့သူတွေအနေနဲ့ The Witcher ဂိမ်းကိုလည်း သဘောကျကြမှာ သေချာပါတယ်။ Action နဲ့ RPG ဂိမ်းတစ်ခုဖြစ်တဲ့ The Witcher ကို CD PROJEKT RED က Develop & Publish ပြုလုပ်ထားပြီး Steam မှာ ဝယ်ယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Photo Source https://store.steampowered.com/bundle/727/The_Witcher_Trilogy/

The Witcher: Enhanced Edition Director’s Cut, The Witcher 2: Assassins of Kings Enhanced Edition, The Witcher® 3: Wild Hunt ဆိုပြီး ထွက်ရှိထားပါတယ်။ The Witcher 4 ကိုလည်း စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ ဂိမ်းတစ်ခုချင်းစီ ဝယ်ယူလို့လဲရပေမယ့် အခုအချိန်မှာ ဂိမ်းသုံးခုလုံးကိုစုပြီး The Witcher Trilogy Bundle ကို 11.22 USD နဲ့ 84% လျှော့ပြီး Steam မှာရောင်းချပေးနေပြီ ဖြစ်ပါတယ်။