CB Bank တွင် Foreign Currency (Chinese Yuan) Account ကုမ္ပဏီငွေစာရင်း စတင်ဖွင့်လှစ်နိုင်

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြုလုပ်နေကြသည့် လုပ်ငန်းရှင်ကြီးများအတွက် CB Bank တွင် Foreign Currency (Chinese Yuan) Account ကုမ္ပဏီငွေစာရင်း ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
China Border Trade ဝန်ဆောင်မှုဖြင့် တရုတ်နိုင်ငံရှိ မည်သည့်ဘဏ်သို့မဆို မိမိတို့၏အကောင့်မှတစ်ဆင့် ယွမ်ငွေသို့ တိုက်ရိုက်လွှဲပို့နိုင်ပြီး တရုတ်နိုင်ငံမှ ငွေလွှဲလာပါကလည်း မိမိတို့၏ CB Bank မြန်မာကျပ်ငွေအကောင့်များသို့ တိုက်ရိုက် ထည့်သွင်းနိုင်မည် ဖြစ်သည်။
Company Account – CNH Account ဖွင့်လှစ်ခြင်းအတွက် Muse Branch ID ဖြင့်သာ ဖွင့်လှစ်ပေးပါမည်။ မြန်မာကျပ်ငွေ အကောင့် ဖွင့်လှစ်ခြင်းအတွက် CB Bank ၏ ဘဏ်ခွဲတိုင်းတွင် ဖွင့်လှစ်နိုင်သည်။
CNH Account ကို မူဆယ်ဘဏ်ခွဲ၌ ဖွင့်လှစ်၍ ချက်လက်မှတ်စာအုပ် ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ အခြားသော CB Bank ၏ ဖွင့်လှစ်ဘဏ်ခွဲများတွင် ချိတ်ဆက်၍လည်းကောင်းဖွင့်လှစ်နိုင်ပြီး ရန်ကုန်မြို့ရှိ UFC ဘဏ်ခွဲ၊ မန္တလေးမြို့ရှိ ၁၉ လမ်းဘဏ်ခွဲနှင့် နေပြည်တော်ရှိ ဥတ္တရသီရိဘဏ်ခွဲတို့၌ ချက်လက်မှတ်စာအုပ် ထုတ်ယူနိုင်သည်။

Photo Source https://www.facebook.com/CBBankmyanmar

Exchange Rate နေ့စဉ် (ဘဏ်ဖွင့်ရက်) မူဆယ်မြို့ရှိ ယွမ်/ ကျပ် ဈေးကွက်အပေါ်မူတည်၍ သတ်မှတ်ပါမည်ဖြစ်သည်။ မြန်မာလုပ်ငန်းရှင်များ နစ်နာမှုမရှိရန် Chinese Bank များထံမှလည်း ယွမ်/ ကျပ် ဈေးနှုန်းကို နေ့စဉ်သုံးကြိမ်ခန့် တောင်းပါမည်။ အဆိုပါဈေးနှုန်းကို ဈေးကွက်ပေါက်ဈေးနှင့်နှိုင်းယှဉ်ကာ CB Bank ၏ ယွမ်/ ကျပ် ငွေလဲနှုန်းကို သတ်မှတ်မည်ဖြစ်သည်။
Yuan Account ဖွင့်လှစ်သည့် Customer အနေဖြင့် စာရင်းဖွင့်လျှင် အောက်ပါ အထောက်အထားများ လိုအပ်မည်ဖြစ်သည်။
(၁) Company Certificate
(၂) Company Extract
(၃) ဘဏ်စာရင်းဖွင့်လှစ်ခွင့် လျှောက်ထားစာ (Application Letter)
(၄) BOD (Extract ပါ Officer များ) ၏ Resolution & Authorized Person List
(၅) Export & Import License
(၆) ID Card Copy of Authorized Persons စသည်တို့ လိုအပ်မည်ဖြစ်သည်။
အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင်ဝင်ရာက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/CBBankmyanmar