၁၅ဝဝကျပ်တန်ဆင်းမ်ကဒ်ခေတ်ရဲ့ လူထုကြားက IT ရေစီး

Image Source: http://mineo-store.seesaa.net/article/453423578.html

Internet ဆိုတဲ့အရာကြီးကို ထူးဆန်းတဲ့အရာ၊ အဆင့်မြင့်တဲ့နည်းပညာ၊ ကိုယ်တွေနဲ့မသက်ဆိုင်တဲ့နည်းပညာတစ်ခုလို့ကျွန်တော်တို့မှတ်ယူခဲ့ကြရပါတယ်။ ဘာဖြစ်လို့လဲ? အကြောင်းကတော့ လွယ်လွယ်ကူကူနဲ့့အသုံးပြုနိုင်ခြင်းမရှိခဲ့တာကြောင့်၊ အထိအတွေ့နည်းပါးခဲ့တာကြောင့်ဖြစ်ပါတယ်။ SmartPhones များကတဆင့်အလွယ်တကူအသုံးပြုနိုင်နေခြင်းမရှိခဲ့ချိန်က Internet Service လျှောက်ထားတဲ့ Internet ဆိုင်တွေမှာ PC များကိုအသုံးပြုပြီး Internet ကိုအသုံးပြုခဲ့ကြရပါတယ်။ သို့ပေမယ့်လဲ တကယ်နားလည်ပြီးကောင်းကောင်းအသုံးပြုနိုင်သူတွေရှားပါးနေကြပါသေးတယ်။ အခြားသူတွေနဲ့ Email အပြန်အလှန်ပို့ခြင်း၊ Chatting အတွက် Gtalk,MIRC,Pifingo တွေအသုံးပြုခြင်း၊ Browsing – ကိုယ်သိလိုတဲ့အချက်အလက်တွေကို Internet မှရှာဖွေခြင်း၊ Web Surfing – Browser ဖွင့်ပြီး Website တွေကို Randomly လိုက်ကြည့်ခြင်း အစရှိသဖြင့် တစ်ယောက်နဲ့တစ်ယောက် အသုံးပြုပုံတွေမတူကြပါဘူး။ အသုံးပြုနေသူတွေထဲမှာလဲ ကောင်းကောင်းအသုံးပြုနိုင်သူရှားပါးသလို ကိုယ်နဲ့မသက်ဆိုင်တဲ့ ရူပ်ထွေးတဲ့ နည်းပညာလို့မှတ်ယူနေခဲ့သူအရေအတွက်ကပိုများနေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ MPT ကနေ ၁၅၀၀၀ ကျပ်ပေးပြီး MPT Simcard ကို Internet လျှောက်ထားနိုင်တဲ့စနစ်ပေါ်လာခဲ့ပါတယ်။ Mobile Phone အသုံးပြုသူတွေကနေ Intenet access လိုတဲ့ Application တွေ၊ Social Media တွေအသုံးပြုလာတာကြောင့် ပိုပြီးရင်းနှီးလာကြပါတယ်။ သို့ပေမယ့်လဲ Simcard တွေရဲ့စျေးနှုန်းဟာအရမ်းကိုမြင့်မားနေခဲ့တာကြောင့် Mobile phone အသုံးပြုသူအရေအတွက်ကလဲနည်းပါးနေပါသေးတယ်။ Mobile Phone မှာရနိုင်တဲ့ Internet speed ကလဲ 2G စနစ်ဆိုတာထက်ကိုအရမ်းကိုနှေးကွေးနေခဲ့တာဖြစ်ပါတယ်။ အနည်းဆုံးတော့ Internet ဆိုင်မှာသွားအသုံးပြုနေရတဲ့သူတွေအတွက်တော့ ပိုပြီးလွယ်လွယ်ကူကူအသုံးပြုသွားနိုင်တာပေါ့။

လူတိုင်း Mobile phone အသုံးပြုနိုင်ဖို့အတွက် Simcard တွေကိုစျေးသက်သာစွာနဲ့ရောင်းချပေးဖို့ ၁၅၀၀ ကျပ်တန် Simcard တွေပေါ်လာပါတော့တယ်။ စပေါ်လာလာခြင်းမှာ ဝယ်ယူသူများလွန်းတာကြောင့်ရရှိဖို့ခက်ခဲသလို လွယ်လွယ်ကူကူလဲလိုသလိုမဝယ်ယူနိုင်ခဲ့ပါဘူး။ Telenor,Ooredoo အစရှိတဲ့ Telecommunication company တွေဝင်ရောက်လာပြီးနောက်ပိုင်းမှာ ကိုယ်အသုံးပြုလိုတဲ့ simcard ကိုလွယ်ကူစွာပဲဝယ်ယူနိုင်ပါပြီ။ MPT,Telenor,Ooredoo ဆိုပြီး ၃မျိုးရှိနေတဲ့ Operator ၃ခုထဲမှာ Simcard တွေဟာ Internet သက်သက်လျှောက်စရာမလိုတဲ့ အတွက် APN Setting ချိန်လိုက်ရုံနဲ့ Internet အသုံးပြုနိုင်ခဲ့ပါပြီ။ လူတိုင်းလိုလို ကလေးလူကြီးမရွေး ဖုန်းတစ်လုံးကိုင်နေနိုင်တာကြောင့် Internet ဆိုတာလဲခပ်ဆန်းဆန်းအရာကြီးတစ်ခုမဟုတ်တော့ပါဘူး။ အသုံးပြုသူတွေရဲ့ အများဆုံးအသုံးပြုပုံတွေကိုပြန်ခွဲပြထားပါတယ်။

1.Facebook – Social Media တစ်ခုဖြစ်တဲ့ Facebook ကိုဆိုရင် internet အသုံးပြုသူတိုင်းအလိုလိုကိုအသုံးပြုနေကြပါပြီ။ Facebook account တွေနဲ့ပဲအခြားသူငယ်ချင်းတွေနဲ့ Chat ကြ၊ Group ဖွဲ့၊ Page တွေရှာ၊ ကိုယ်ပိုင် Page ထောင်၊ Group တွေဖွဲ့ အစရှိသဖြင့် IT ရေစီးကြောင်းပေါ်မှာဖြစ်ပျက်နေသမျှကိုနောက်ကျကျန်မနေခဲ့ပဲသိနေရပါတယ်။

2.Youtube – Video သီးသန့်အသုံးပြုလို့ရတဲ့ Youtube မှာဆိုရင် Entertainment အတွက်ပဲဖြစ်ဖြစ် Tutorial တွေရှာလိုလို့ပဲဖြစ်ဖြစ် သတင်းတွေကြည့်လိုလို့ပဲဖြစ်ဖြစ် အားလုံးကိုအလွယ်တကူရာနိုင်တဲ့ Website တစ်ခုဖြစ်လာခဲ့ပါတယ်။
3.Blogs – Content writing ကိုစိတ်ဝင်စားတဲ့ Blogger တွေအနေနဲ့ မိမိတို့ရေးလိုက်တဲ့အရာကို လူများများပိုသိနိုင်အောင်လုပ်ဖို့မခက်ခဲတော့ပါဘူး။ အဲ့ဒီအတွက်လဲ နည်းပညာ၊သတင်း၊BeautyTips အစရှိတဲ့ အမျိုးအစားစုံလင်လှတဲ့ Blog တွေကိုလွယ်ကူစွာပဲရှာဖွေနိုင်တာကြောင့် ဖတ်ရူသူတွေများပြားလာခဲ့ရပါတယ်။

4.Browsing – ကိုယ်သိလိုတဲ့အရာတွေအတွက် လွယ်လွယ်ကူကူပဲအချက်အလက်တွေရရှိနိုင်ဖို့ Browser များမှတဆင့် Website တွေကိုရှာဖွေလာကြပါတယ်။

5.Online Gaming – Internet အသုံးပြုလာကြရတဲ့အကြောင်းအရင်းတွေထဲမှာ Online Gaming ကလဲအရေးပါတဲ့နေရာတစ်ခုကရပ်တည်နေပါတယ်။ ယခင်တုံးက Game တွေကို Offline ပဲဆော့ကစားခဲ့ရတဲ့အတွက် Install လုပ်ပြီးပုံမှန်ပဲကစားခဲ့ကြပါတယ်။ယခုအခါမှာဆိုရင် Mobile Game တစ်ခုလို့ကြားလိုက်တာနဲ့ Offline လား Online လားလို့မေးရလောက်တဲ့ထိကို Online Game တွေခေတ်စားလာကြပါပြီ။

Simcard တွေစျေးသက်သာစွာနဲ့ရရှိလာတာကြောင့် နည်းပညာအသုံးပြုနိုင်မှုနည်းလမ်းတွေများလာတယ်ဆိုပေမယ့် ကောင်းတဲ့ဘက်ကိုအသုံးချမလား မကောင်းတဲ့ဘက်အတွက်အသုံးပြုမလားဆိုတာကတော့ အသုံးပြုသူတွေအပေါ်မှာပဲမှုတည်နေတယ်မဟုတ်ပါလား?