Galaxy AI Experience တွေအပြင် Galaxy Eco System ကိုပါ စမ်းသပ်နိုင်ပြီဖြစ်တဲ့ Try Galaxy

Samsung Electronics အနေနဲ့ Samsung Galaxy Experience ကို iOS သို့မဟုတ် အခြား android ဖုန်းအသုံးပြုသူများ ခံစားရရှိနိုင်စေဖို့ Try Galaxy ကို ဖန်တီးခဲ့ပြီး အဆင့်မြှင့်တင်မှုတွေ စဥ်ဆက်မပြတ်ပြုလုပ်ခဲ့ပါတယ်။  နောက်ဆုံး update version အနေနဲ့ ထွက်ရှိထားတဲ့ Try Galaxy မှာ Galaxy Z Fold/Flip6 နဲ့ One UI 6.1.1 အတွေ့အကြုံတွေကိုပါ ခံစားနိုင်ပြီး နည်းပညာမြင့် Samsung စမတ်ဖုန်းတွေမှာ အသစ်ပါဝင်လာတဲ့ Galaxy AI Experience တွေကိုပါ စမ်းသပ်ကြည့်ရှုနိုင်စေဖို့ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
Samsung မဟုတ်တဲ့ တစ်ခြားဖုန်းအမျိုးအစားတွေကို အသုံးပြုနေသူတွေ အနေနဲ့ Samsung Galaxy Experience ကို စမ်းသပ်အသုံးပြုလို့ရအောင် Samsung က ဖန်တီးထုတ်လုပ်ပေးထားတဲ့ Try Galaxy ကို trygalaxy.com မှာဖြစ်စေ၊ QR code မှဖြစ်စေ အခမဲ့ ဝင်ရောက်ပြီး စမ်းသပ်နိုင်ပါတယ်။
 
Image: Samsung
ဒီလို trygalaxy.com ကို ဝင်ရောက်အသုံးပြုမယ်ဆိုရင် Galaxy Z Fold6 / Z Flip6 နဲ့ Galaxy S24 စီးရီးတို့မှာ ပါဝင်လာတဲ့ One UI 6.1.1 ရဲ့ User Interface ပုံစံအသွင်အပြင်အတိုင်း မိမိဖုန်းမှာ မြင်တွေ့ရနိုင်မှာပါ။ Wallpaper, Theme, Icon အစရှိတာတွေကို Samsung ဖုန်းမှာကဲ့သို့ မိမိဖုန်း အတွင်း နှစ်သက်သလို ပြောင်းလဲအသုံးပြုနိုင်မယ့် အပြင် AI လုပ်ဆောင်ချက်တွေဖြစ်တဲ့ Circle to Search, Interpreter, Note Assist, Photo Assist, Sketch to Image, FlexCam စတဲ့ လုပ်ဆောင်ချက်တွေကိုလည်း  ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးထွက် Try Galaxy မှာ Galaxy Watch, Ring, Buds (Galaxy Ecosystem) တို့နဲ့ စမ်းသပ်ချိတ်ဆက်အသုံးပြုနိုင်စေဖို့ ကိုလည်း စမ်းသပ်ကြည့်ရှုခွင့် ပေးထားပါသေးတယ်။
လူအများနှစ်သက်ကြတဲ့ ဖုန်း ၂ လုံးပေါင်းစပ်ပြီး ရယူနိုင်တဲ့ Foldable Experience ကိုလည်း iOS ပေါ်မှာဖြစ်စေ၊ အခြားသော android ဖုန်းများပေါ်မှာဖြစ်စေ စမ်းသပ်နိုင်မှာဖြစ်ပါတယ်။ Try Galaxy ကို Android ဖုန်းတွေအပြင် iOS ဖုန်းတွေမှာပါ ရယူအသုံးပြုနိုင်မှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက Samsung Myanmar Facebook Page မှာ ဖြစ်စေ၊ Samsung Call Center ကိုဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။