နောက်ဆုံးပေါ် နည်းပညာမြင့် Galaxy Z Flip5 နဲ့ Galaxy Z Fold5 ကို Join The Flip Side အခမ်းအနားကြီးနဲ့အတူ မိတ်ဆက်ပြီး Samsung ချစ်သူများကို Flip Side ကို အရောက်လှမ်းလာဖို့ ဖိတ်ခေါ်

Samsung ရဲ့ နောက်ဆုံးပေါ် နည်းပညာမြင့် ထုတ်ကုန်သစ်တွေဖြစ်တဲ့ Galaxy Z Flip5, Galaxy Z Fold5, Galaxy Tab S9 စီးရီးနဲ့ Galaxy Watch6 စီးရီးတွေကို Join The Flip Side အခမ်းအနားကြီးကတစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ တရားဝင်မိတ်ဆက်ပြသသွားခဲ့ပြီး Samsung ရဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေ၊ စာနယ်ဇင်းမိတ်ဆွေတွေအပြင် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ Team Galaxy အဖွဲ့ဝင်တွေဖြစ်တဲ့ မေတိုးခိုင်၊ ပိုးမမီသာ၊ ပန်းရောင်ခြယ်နဲ့ အတူ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်များ၊ နာမည်ကျော် အနုပညာရှင်များ၊ Influencers များနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

Image: Samsung

အခမ်းအနားအဖွင့်အစီအစဥ်အနေနဲ့ နာမည်ကျော် အဆိုတော်အဖွဲ့ Snare က Galaxy Z Flip5 နဲ့ Galaxy Z Fold5 တို့ရဲ့ ထူးခြားဆန်းသစ်မှုတွေအကြောင်းကို ထည့်သွင်းရေးဖွဲ့ပြီး Flip Side ကို လှမ်းလာကြဖို့အတွက် ပုံစံအသစ်အနေနဲ့ ပြန်လည်ဖန်တီးထားတဲ့ “မိုက်ချက်ကတော့ကမ်းကုန်” သီချင်းကို စင်မြင့်ထက်မှာ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

အခမ်းအနားရဲ့ အထူးအစီအစဥ်အနေနဲ့ မြန်မာနိုင်ငံထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်က တီထွင်ဆန်းသစ်မှုတွေနဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy Z Flip5 နဲ့အတူ Flip Side ကို ထပ်မံအားဖြည့်ခဲ့ပါတယ်။

ဟိုးယခင်ချိန်ကနေ ယနေ့ထက်ထိ ခေါက်ဖုန်းသုံးရတာကို သဘောကျတဲ့ အိန္ဒြာကျော်ဇင်အနေနဲ့ ခေတ်နဲ့အညီရှေ့ဆက်ဖို့ အတွက် Galaxy Z Flip5 ကို ရွေးချယ်ခဲ့ကြောင်း  ပရိတ်သတ်တွေနဲ့ မျှဝေခဲ့ပြီး Flip Side ကို Join ခဲ့ကြဖို့အတွက် ပရိတ်သတ်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

Image: Samsung

ဆက်လက်၍ Flip side ကို ရောက်ရှိနေတဲ့ အနုပညာရှင် နေထွဋ် မှ Galaxy Z Flip5 ရဲ့ ပိုမိုကျယ်ပြန့်လာတဲ့ Flex Window နဲ့ အသစ်ထွက်ရှိထားတဲ့ Galaxy Watch6 တို့ကိုတွဲဖက်ပြီး Hands-free Selfie နဲ့ Super Steady Video တွေကို အသုံးပြုသူတစ်ယောက်အနေနဲ့ လက်တွေ့စမ်းသပ်ရိုက်ကူးပြသခဲ့ပါတယ်။

Social Influencer များဖြစ်တဲ့ သူရိန်ကျော်မိုးနဲ့ Christina Lim တို့ကလည်း Flip side ကို ဝင်ရောက်အားဖြည့်တဲ့အနေနဲ့ အသစ်မိတ်ဆက်ထားတဲ့ ပထမဦးဆုံး ရေစိုခံ Galaxy Tab S9 series နှင့်အတူ ပိုမိုတိုးတက် ပြောင်းလဲလာတဲ့ Sleeping Coaching System နဲ့ Galaxy Watch6 series သုံးစွဲမှုအတွေ့အကြုံ၊ Galaxy Eco-System ရဲ့ သာလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များကို အသီးသီး မျှဝေခဲ့ကြပါတယ်။

ဒါ့အပြင် Team Galaxy အဖွဲ့ဝင်တွေရဲ့ “Join the Flip side” အမိုက်စားဖျော်ဖြေမှုတွေ၊ Fashion Show တွေကိုလည်း တင်ဆက်ခဲ့ကြပါတယ်။

ရရှိနိုင်သော အရောင်များနှင့် ဈေးနှုန်းများ

အမျိုးအစား Storage/ Size အရောင် ဈေးနှုန်း (ကျပ်)
Galaxy Z Flip5 8GB + 512GB

8GB + 256GB

Mint, Graphite, Cream, Lavender ၃,၅၉၅,၀၀၀
Galaxy Z Fold5 12GB + 512GB

12GB + 256GB

Icy Blue, Black, Cream ၅,၆၅၉,၀၀၀
Galaxy Watch6 44mm

40mm

Graphite, Silver

Graphite, Gold

၉၇၉,၀၀၀

၈၈၉,၀၀၀

Galaxy Watch6 Classic 47mm

43mm

Black, Silver

Black, Silver

၁,၂၇၅,၀၀၀

၁,၁၈၅,၀၀၀

Galaxy Tab S9 8GB + 128GB Graphite, Cream ၃,၂၄၉,၀၀၀
Galaxy Tab S9+ 12GB + 256GB Graphite, Cream ၃,၉၃၅,၀၀၀
Galaxy Tab S9 Ultra 12GB + 256GB Graphite, Cream ၄,၆၁၉,၀၀၀

“ဒီတစ်ခေါက် Galaxy Unpacked ပွဲမှာ မိတ်ဆက်သွားတဲ့ Galaxy Z Flip5, Z Fold5 နဲ့ ထုတ်ကုန်အသစ်­­­တွေ တစ်ခုချင်းစီတိုင်းက တကယ်ကို နေ့စဥ်ဘဝ လုပ်ငန်းဆောင်တာတွေမှာ အကောင်းဆုံး အထောက်အကူဖြစ်စေမယ့် ဆန်းသစ်တီထွင်မှုတွေ ထည့်သွင်းဖန်တီးထားတာ ဖြစ်လို့ Flip Side ကို လှမ်းခဲ့ကြဖို့ကိုလည်း အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။” ဟု Samsung Myanmar ၏ Head of Mobile Experience Group ဖြစ်သူ ကိုတင်မောင်ဝင်း မှ ပြောကြားခဲ့ပါသည်။

Image: Samsung

မိတ်ဆက်ပြသသွားတဲ့ ထုတ်ကုန်သစ်တွေဖြစ်တဲ့ Galaxy Z Flip5, Z Fold5, Tab S9 စီးရီးနဲ့ Watch6 စီးရီးတို့ကို Pre-Order ကာလဖြစ်တဲ့ ဇူလိုင်လ ၂၇ ရက်မှ ဩဂုတ်လ ၁၇ ရက်အတွင်း ကြိုတင်မှာယူပါက အောက်ပါအတိုင်း အထူးခံစားခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။

  • Galaxy Z Flip5 နဲ့ Z Fold5 မှာ ယူမှုတိုင်းအတွက် ငွေကျပ် ၇ သိန်း တန်ဖိုးရှိတဲ့ ဆုလက်ဆောင်များ ပြန်လည်ပေးအပ်ခြင်း
  • Galaxy Z Flip5 သို့မဟုတ် Z Fold5 အပြင် အခြား accessories တွေဖြစ်တဲ့ Galaxy Watch6 နှင့် Buds2Pro တို့ကို တွဲဖက်မှာယူရင် ၃၅% အထိ သက်သာခွင့် ရရှိခြင်း
  • Galaxy Z Flip5 သို့မဟုတ် Galaxy Z Fold5 မှာယူခြင်းအတွက် ၅၀% အထိ သက်သာခွင့် ရရှိနိုင်မယ့် Lucky Draw အစီအစဥ်များပေးအပ်ခြင်း
  • Galaxy Tab S9 Series တက်ဘလက်များ ဝယ်ယူမှုတိုင်းအတွက် ငွေကျပ် ၄ သိန်း ၅ သောင်း အထိ တန်ဖိုးရှိသော Keyboard Cover Silm ပေးအပ်ခြင်းအပြင် Galaxy Z Flip5 သို့ Galaxy Z Fold5 တို့နှင့်အတူ ကြိုတင်မှာယူသူတိုင်းအတွက် အထူးလျှော့စျေး ငွေကျပ် ၁ သိန်း ပြန်လည်ပေးအပ်ခြင်း အပြင် ကျောင်းသူကျောင်းသားများအတွက် Student Discount ၅ သောင်းကျပ် လျှော့စျေးပေးခြင်း
  • လက်ရှိကိုင်ဆောင်ထားတဲ့ စမတ်ဖုန်းနဲ့ လဲလှယ်လိုရင် ဖုန်းအဟောင်း တန်ဖိုးအပါ ၁၈ သိန်းအထိ သက်သာခွင့်နှင့် ငွေကျပ် ၄ သိန်းခွဲအထိ ထပ်ဆောင်းပံ့ပိုးပေးသွားမယ့် Trade-In အစီအစဥ်များ ပေးအပ်ခြင်း
  • AYA Pay နဲ့ CB Bank Credit တို့ အသုံးပြုပြီး မှာယူမယ်ဆိုရင် အတိုးမဲ့အရစ်ကျစနစ် (0% Interest Installment) ဖြင့် ဝယ်ယူနိုင်ခြင်း
  • Samsung Care+ ဝန်ဆောင်မှုမှတစ်ဆင့် မတော်တဆ ဖုန်း Main screen ပျက်ဆီးဆုံးရှုံး၍ ပြင်ဆင်ခြင်းအတွက် ၇၀% သက်သာခွင့်၊ ဖုန်း Cover Screen နှင့် Screen Protector ပျက်ဆီးဆုံးရှုံး၍ ပြင်ဆင်ခြင်းအတွက် ၁၀၀% သက်သာခွင့် စသည့် ဝန်ဆောင်မှုများ ပေးအပ်ခြင်း

အစရှိတဲ့ အထူးအကျိုးခံစားခွင့်တွေကို ပေးအပ်သွားမှာဖြစ်လို့ အသေးစိတ်သိရှိလိုတာဖြစ်စေ၊ ကြိုတင်မှာယူလိုတာ ဖြစ်စေ အောက်ပါ link မှာ ဝင်ရောက် ကြည့်ရှု မှာယူနိုင်မှာ ဖြစ်ပါတယ်။

Z Flip5 နှင့် Z Fold5 Pre-Order တင်ရန် – https://bit.ly/3QatHPx

Galaxy Tab S9 Pre-Order တင်ရန် – https://bit.ly/3Qfdn0a