ငွေသားလက်ဆောင် ကျပ်သိန်း ၂၀ အထိ ရရှိသွားနိုင်မည့် Samsung Myanmar ၏ New Year အိမ်သုံးလျှပ်စစ်ပစ္စည်း ပရိုမိုးရှင်း အစီအစဉ်ကြီးအား မြန်မာနိုင်ငံတစ်ဝန်းတွင် စတင်မိတ်ဆက်

 ‌မြန်မာနိုင်ငံတစ်ဝန်းမှ Samsung အသုံးပြုသူများကို နှစ်သစ်ကူး အခါသမယတွင် ပြန်လည်ကျေးဇူးတုံ့ပြန်သောအနေနှင့် Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ဝယ်ယူအားပေးသူများ အနေနှင့် ငွေသားလက်ဆောင် ကျပ်သိန်း ၂၀ အထိ ပြန်လည်ရရှိသွားနိုင်မည့် “New Year” ပရိုမိုးရှင်း အစီအစဉ်ကြီးအား ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Image: Samsung

အဆိုပါ ပရိုမိုးရှင်းအစီအစဉ်တွင် သတ်မှတ်ကာလအတွင်း Samsung Myanmar ၏ထုတ်ကုန်များဖြစ်သည့်

  • 55” မှ 77” အထိ OLED 4K စမတ်တီဗီများ၊
  • 55” မှ 85” အထိ QLED 4K စမတ်တီဗီများ၊
  • 43” မှ 75” အထိ UHD 4K စမတ်တီဗီများ၊
  • 203 L မှ 635 L အထိ 2 – Door Digital Inverter ရေခဲသေတ္တာများ၊
  • 9 kg မှ 10.5 kg အထိ Front Load Digital Inverter အဝတ်လျှော်စက်များ၊
  • 7.5 kg မှ 16 kg အထိ Top Load Fully Auto Digital Inverter အဝတ်လျှော်စက်များနှင့်
  • 16 kg Twin Tub အဝတ်လျှော်စက် များကို

ဝယ်ယူအားပေးသူများအနေနှင် သတ်မှတ်ထားသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးအစားအလိုက် ငွေသားလက်ဆောင် ၃၀,၀၀၀ ကျပ်မှ ၂,၀၀၀,၀၀၀ ကျပ်အထိ ပြန်လည်ရရှိသွားနိုင်မည် ဖြစ်သည်။

Samsung Myanmar သည်

  • Quantum Dot နည်းပညာ၏ အကူအညီဖြင့် တောက်ပပြီး သဘာဝကျသည့် ရုပ်ထွက်အရည်အသွေးကို ရရှိစေမည့် အပြင် သာမာန်ရုပ်ထွက်နှင့် အသံအရည်အသွေးများကိုပင် အကောင်းဆုံး 4K အဆင့် ရရှိစေနိုင်ရန် AI ဖြင့် အဆင့် မြှင့်တင်ပေးနိုင်သည့် ထုထည်အလွန်ပါးလွှာသည့် OLED တီဗီ
  • Quantum Processor 4K လုပ်ဆောင်ချက်နှင့် အတူ ၁၀၀% အရောင်ထွက် အရည်အသွေး အပြည့်အဝရ ရှိနိုင်ပြီး Motion Xcellerator ပါဝင်၍ ဂိမ်းများကို လျှင်မြန်သွက်လက်စွာ စိတ်ကြိုက်ဆော့ကစားနိုင်သည့် QLED တီဗီ
  • Pur-color အသုံးပြုထားသောကြောင့် ကာလာအရောင်အသွေးကြွယ်ဝစွာဖြင့် သဘာဝနှင့် အနီးစပ်ဆုံး ထပ်တူ ကျသည့် ပုံရိပ်များကို ပြသပေးနိုင်သည့်အပြင် Crystal Processor 4K ကြောင့် ရုပ်ထွက်တိုင်းကို 4K Resolution အစစ်ဖြင့် ခံစားကြည့်ရှုနိုင်မည့် မြန်မာနိုင်ငံမှ အသုံးပြုသူများ အကြိုက်နှစ်သက်ဆုံး UHD တီဗွီ
  1. လျှပ်စစ်ဓာတ်အား သုံးစွဲမှုအား ရေခဲသေတ္တာများတွင် ၅၀% အထိ၊ အဝတ်လျှော်စက်များတွင် ၄၀% အထိ အသီးသီး လျှော့ချပေးနိုင်သော Digital Inverter လုပ်ဆောင်ချက် နှင့် ထုတ်ကုန် ၂ မျိုးစလုံး တွင် နှစ် ၂၀ အထိ အာမခံပေးသည့် Warranty စနစ်
  2. ရေခဲသေတ္တာများတွင် ထောင့်ပေါင်းစုံအား အအေးဓာတ်ပေးစွမ်းနိုင်မည့် All Cooling စနစ်နှင့် မီးပျက်သွားသည့်တိုင်အောင် အအေးဓာတ်ကို ၁၂ နာရီ ကြာမြင့်သည်အထိ ထိန်းသိမ်းထားနိုင်သည့် Cool Pack လုပ်ဆောင်ချက်
  3. အဝတ်အထည်များအား သန့်ရှင်းစင်ကြယ်မှု အရှိဆုံး လျှော်ဖွတ်ပေးနိုင်သည့် Wobble Technology နည်းပညာ နှင့် Intensive Wash လုပ်ဆောင်ချက်
  4. ပိုမိုကြီးမားကျယ်ပြန့်၍ အဝတ်အထည်များများ တစ်ပြိုင်နက်တည်း လျှော်ဖွတ်နိုင်သော Twin Tab အဝတ်လျှော်စက် အမျိုးအစားများတွင် ပိုမိုစင်ကြယ်စွာ လျှော်ဖွတ်နိုင်မည့် Power Storm စနစ်နှင့် ပိုမိုအား‌ကောင်းသည့် Air Turbo အခြောက်ခံစနစ်

Image: Samsung

အစရှိသည့် နောက်ဆုံးပေါ် အရည်အသွေးမြင့်အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် နောက်ဆုံးပေါ်နည်းပညာများအား အသုံးပြုသူများထံ စဉ်ဆက်မပြတ် ဖန်တီး‌ပေးအပ်လျက်ရှိသည်။ ထို့အပြင် Samsung Electronics သည်CES အခမ်းအနားကြီးတွင်လည်း Innovation Awards ဆုတံဆိပ်ပေါင်း ၄၆ ဆု ဆွတ်ခူးရရှိခဲ့ပြီး ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသူအဖြစ် ၁၇ နှစ်ဆက်တိုက် ရပ်တည်နေဆဲဖြစ်ပါသည်။

ပရိုမိုရှင်း အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Samsung Myanmar ၏ Facebook စာမျက်နှာနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ Samsung Showroom များတွင် သွားရောက်စုံစမ်း ကြည့်ရှုမေးမြန်းနိုင်မည် ဖြစ်သည်။