PUBG MOBILE မှ ၂၀၂၁ ခုနှစ်အတွက် ဒေါ်လာ ၁၄ သန်းတန် အွန်လိုင်းဂိမ်းအစီအစဉ်ကို မိတ်ဆက်

PUBG MOBILE သည် PMGC ဖွင့်ပွဲအခမ်းအနားတွင် 2021 Esports အစီအစဉ်ကို စတင်မိတ်ဆက်ပေးခဲ့ပြီး မိုဘိုင်း Esports သမိုင်းတစ်လျှောက်တွင် မယုံနိုင်လောက်အောင် အမြင့်ဆုံး ဆုကြေးငွေဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၄ သန်း ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်၊၊
ယခုနှစ်သည် PUBG MOBILE Esports အတွက် ကြည့်ရှုသူ မှတ်တမ်းအားလုံးကို ချိုးဖောက်နိုင်ခဲ့သည့်အပြင် ယှဉ်ပြိုင်လိုသည့် အသင်းသစ်များ ထပ်မံမှတ်ပုံတင်ခြင်းကို မြင်တွေ့ရသည့် ထူးခြားသည့် နှစ်ဖြစ်ခဲ့သည်။ လာမည့်နှစ် 2021 Esports အစီအစဉ်သည် Esports Stardom များ မဖြစ်သေး သည့် ကစားသမားများအတွက် အခွင့်အလမ်း ပိုမိုရရှိမည်ဖြစ်သည်။ ယခု ၂၀၂၁ အစီအစဉ်သည် PMPL ပြိုင်ပွဲများ ကျင်းပပြီး ဖြစ်သည့် တောင်အာရှနှင့် အရှေ့တောင်အာရှတို့အပြင် PUBG MOBILE Pro League (PMPL) ဒေသသစ် (၇) နေရာ ဖြစ်သည့် CIS နိုင်ငံများ၊ တူရကီ၊ အနောက်ဥရောပ၊ အာရေဗျ၊ မြောက်အမေရိကား၊ လက်တင်အမေရိကားနှင့် ဘရာဇီး တို့တွင်လည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/PUBG

ယခုနှစ်ကဲ့သို့ပင် အသစ်မိတ်ဆက်လိုက်သော ၂၀၂၁ အစီအစဉ်သည် PMCO နှင့် PMPL များကို နှစ်ရာသီခွဲ၍ ကျင်းပ ပေးသွားမည်ဖြစ်ပြီး PUBG MOBILE Global Championship (PMGC) ကို နှစ်ကုန်ပိုင်းတွင် ပြုလုပ်ပေးသွားမည် ဖြစ်သည်။ PMCO နွေဦးရာသီအတွက် မှတ်ပုံတင်ခြင်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်လက်ခံမည်ဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်တွင် စာရင်းပိတ်မည်ဖြစ်သည်။ PMPL နှင့် PMCO ဒေသအသစ်များနှင့်အတူ တိုးချဲ့ထားသော အစီအစဉ်တို့အပြင် ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်း ကျွမ်းကျင်ကစားသမားအသင်းများမှ နွေဦးရာသီတွင် အိမ်ရှင်အဖြစ် ကျင်းပမည့် စိတ်လှုပ်ရှားဖွယ် (PUBG MOBILE Invitationals) ဖိတ်ခေါ်ပြိုင်ပွဲများကိုလည်း မိတ်ဆက်သွားမည်ဖြစ်သည်။ ပထမအဆင့် Mobile Esports ဖြစ်လာရမည်ဆိုသော ရည်မှန်းချက်နှင့်အညီ ယခု မိတ်ဆက်လိုက်သည့် ၂၀၂၁ အစီအစဉ်တွင် PUBG MOBILE သည် ကမ္ဘာတဝန်းရှိ နိုင်ငံများတွင် စတူဒီယိုများ ပိုမို တည်ဆောက်မည်ဖြစ်ပြီး ယခုနှစ်အတွင်း ESL နှင့်အတူ ပူးပေါင်း၍ ပိုလန်နိုင်ငံရှိ Katowice တွင် ကျင်းပခဲ့သည့်ပွဲမှာမူ ပထမဆုံးခြေလှမ်းဖြစ်သည်၊၊
ယခု ၂၀၂၁ အစီအစဉ်သစ်ကို Mobile Esports Calendar ၏ အအောင်မြင်ဆုံးပွဲစဉ်ဖြစ်သော ၂၀၂၀ ရာသီ၏ နောက်ဆုံးပွဲစဉ် ဖြစ်သည့် PMGC ဖွင့်ပွဲအခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ နောက်ဆုံးပွဲစဉ်တွင် ပရိသတ်များကို PUBG MOBILE အမြင့်ဆုံးပြိုင်ပွဲ၏ စိတ်လှုပ်ရှားစရာကောင်းသော ခံစားချက်ကို ပေးနိုင်ရန် ကမ္ဘာတစ်ဝန်းမှ အကောင်းဆုံး ကျွမ်းကျင် ကစားသမား အသင်း ၂၄ သင်းမှ လေးပတ်အတွင်းတွင် ထိပ်တိုက် လိဂ်အသင်းများဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ကစားသမားများသည် PUBG MOBILE Single Tournament တွင် မယုံနိုင်လောက်အောင် ပေးအပ်ချီးမြှင့်မည့် အကြီးမားဆုံးသော ဆုတစ်ခုဖြစ်သည့် ဒေါ်လာ ၂ မီလီယံဒေါ်လာအတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ PMGC လိဂ်ကို ဒီဇင်ဘာ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး PMGC Finals ကို ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ပြုလုပ်မည်။

Photo Source https://web.facebook.com/PUBG

PMGC ပြိုင်ပွဲ၏ အဓိကပံ့ပိုးသူမှာ Qualcomm Technologies ဖြစ်ပြီး Qualcomm® Snapdragon Elite Gaming™ နှင့်အတူ အကောင်းဆုံး ဂိမ်းအတွေ့အကြုံများကို ပေးသည့် နည်းပညာကုမ္ပဏီဖြစ်သည်။ ၎င်းသည် Qualcomm® Snapdragon™ 5G စွမ်းအားရှိသော ထိပ်တန်းစမတ်ဖုန်းများတွင် အပြည့်အဝ ပေါင်းစည်းနိုင်သည့် Hardware နှင့် Software Features များဖြစ် သည်။ ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်း မိုဘိုင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် OnePlus ၏ OnePlus 8T 5G သည် PMGC ၏ တရားဝင် စမတ်ဖုန်းမိတ်ဖက်ဖြစ်ပြီး ၎င်းစမတ်ဖုန်းကိုလည်း Snapdragon 865 5G Processor ဖြင့် တပ်ဆင်ထားခြင်း ဖြစ်သည်၊၊ Mountain Dew သည် နောက်မျိုးဆက်သစ်များ၏ ဂိမ်းစွမ်းရည်တိုးတက်လာစေရန် PMGC ၏ အဖျော်ယမကာ မိတ်ဖက်အဖြစ် တာဝန်ယူကာ ပူးပေါင်းပါဝင်ထားခြင်းဖြစ်သည်၊၊
PUBG MOBILE Esports Ecosystem သည် ၂၀၁၈ နှစ်လောက်တွင် ကမ္ဘာတစ်ဝန်းတွင် အောက်ခြေပြိုင်ပွဲ အများအပြားဖြင့် စတင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် PMPL ကို မိတ်ဆက်ခြင်းဖြင့် Amateur To Pro Circuit ပွဲစဉ်များကို အဆုံးသတ်ခဲ့ပြီး PMCO ကဲ့သို့သော အကြီးစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ချဲ့ထွင်မှုများပြုလုပ်ခဲ့သည်။ ယခုအခါ PUBG MOBILE Esports သည် နိုင်ငံ အများအပြားနှင့် ဒေသအစုံမှ Amateur၊ Semi-pro နှင့် Pro စသည့် Level အစုံမှ ကစားသမားများ ပါဝင်နိုင်ရန် ထောက်ပံ့ ပေးထားပြီး အရည်အချင်းရှိသော ကစားသမားများ တိုးတက်စေနိုင်ရန်အတွက် လမ်းဖွင့်ပေးလျက်ရှိသည်။ PUBG MOBILE Esports ကို 2020 လက်ရှိအချိန်အထိ ကြည့်ရှုချိန် နာရီသည် သန်း ၁၀၀ ရှိပြီး လက်ရှိ Viewer တစ်သန်းကျော်သည် PUBG MOBILE World League (PMWL) ကို ကြည့်ရှုနေကာ အသင်း ၁၂၀,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်။ ယခုနှစ် အစီအစဉ်တွင် အသင်းများသည် ဆုကြေး အမေရိကန်ဒေါ်လာ ၅ မီလီယံ အတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
“၂၀၂၀ ပြည့်နှစ်က ကျွန်တော်တို့အတွက်တော့ နယ်ပယ်အစုံကို ချဲ့ထွင်နိုင်ခဲ့ပြီး Amateur To Pro Ecosystem ကို ပြုလုပ် နိုင်ခဲ့တဲ့အတွက် မယုံနိုင်လောက်အောင် ထူးခြားတဲ့နှစ်ပါ။ ဒါပေမဲ့ ဒါက အခုမှ အစပဲရှိပါသေးတယ်။ Mobile Esports လောက ထဲမှာ နယ်ပယ်တွေ ချဲ့ထွင်နေရုံသာမကဘဲ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး Esport ထဲမှ တစ်ခု ဖြစ်လာဖို့နဲ့ အခြား ကမ္ဘာ့အကြီးမားဆုံး Games တွေနဲ့ ပခုံးချင်း ယှဉ်ရပ်တည်နိုင်ဖို့ ရဉ်မှန်းချက်ကြီး ရှိပါတယ်” ဟု PUBG MOBILE Global Esports ၏ ဒါရိုက်တာ James Yang က ပြောကြားခဲ့သည်။
“ဆုကြေးတွေ များပြားလာတာဟာ ကျွန်တော်တို့ ခန့်မှန်းထားတဲ့ ၂၀၂၁ နှစ်မှာ ဖွံဖြိုးလာမှုရဲ့ အရိပ်အမြွတ်ပဲဖြစ်ပါတယ်။ အထူးသဖြင့် အနောက်ပိုင်းဒေသတွေမှာ ချဲ့ထွင်ဖို့များစွာ ရှိနေပါတယ်။ PUBG MOBILE ရဲ့ အနာဂတ်အတွက် သိပ်ကို ရင်ခုန်မိပါတယ်” ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။