Viu မှ ရုပ်ရှင်ချစ်ပရိတ်သတ်များထံ ကြော်ငြာမှုပုံစံများအား ဈေးကွက်ဖော်ဆောင်သူများထံသို့ ယူဆောင်လာ

Viu သည် အသုံးပြုသူများ၏ သဘောသဘာဝနှင့် အကြိုက်ကို ကောင်းမွန်စွာ သိရှိနားလည်ထားသည့် အချက်သည် ဈေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ Viu ပလက်ဖောင်းအား အသုံးပြု၍ ကြော်ငြာခြင်းသည် မှန်ကန်သော ရွေးချယ်မှု တစ်ခုဟုဆိုနိုင်သည်။ မတူညီသော ဈေးကွက် အခြေအနေ ပေါ်မူတည်၍ အွန်လိုင်းရုပ်ရှင်ပလက်ဖောင်းပေါ်၌ ကြော်ငြာလိုသူများအား ၎င်းတို့၏ အမှတ်တံဆိပ် ကြော်ငြာများကို သက်ဆိုင်ရာ ဝယ်ယူအားပေးသူများထံ ရောက်ရှိ သွားစေရန် Viu မှ ဖန်တီးဆောင်ရွက် ထားသည်။
ယခုကဲ့သို့ အပြိုင်အဆိုင်များပြားသည့် ဈေးကွက်ထဲတွင် Viu သည် လစဉ်အသုံးပြုသူ၊ ဗွီဒီယိုကြည့်ရှုအားပေးသူများ လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုမြင့်တက်လာသည်ကို ကြည့်ခြင်းအားဖြင့် Viu မှ ထုတ်လွှင့်ပြသနေသည့် ရုပ်ရှင် ဇာတ်ကားများသည် ကြည့်ရှုသူ ပရိသတ်များ၏ စိတ်ကို အကောင်းဆုံးဖမ်းစားနိုင်သည်ကို တွေ့မြင်ရသည်။ ဆက်လက်၍ ဈေးကွက်ဖော်ဆောင်သူများအတွက် အခွင့်အလမ်းကောင်းများ ပေးအပ်သည့်အနေဖြင့် premium customer များ၏ စိတ်ဝင်စားမှုများကို ဖမ်းယူနိုင်မည့် အကောင်းဆုံးကြော်ငြာခြင်း လမ်းစဉ်သစ်နည်းများလည်း သိရှိနိုင်စေရန် ဆောင်ရွက် လျက်ရှိသည်။
မြန်မာနိုင်ငံ၏ ဦးဆောင်နေသော အွန်လိုင်းရုပ်သံဝန်ဆောင်မှုတစ်ခုဖြစ်သည့်အလျောက် Viu သည် ပြည်တွင်းမှအဓိက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော MPT, Ooredoo, Mytel တို့နှင့် လည်း မိတ်ဖက်ပူးပေါင်းထားပြီးဖြစ်သည်။ သို့ဖြစ်ပါ၍ အဆိုပါ ကွန်ယက်အသုံးပြုသူများသည် Viu အက်ပလီကေးရှင်းအား သီးသန့်ဒေါင်းလုပ်ပြုလုပ်ရန်မလို၊ subscription fees ထပ်မံပေးဆောင်ရန် မလိုအပ်ဘဲ ကြိုက်နှစ်သက်ရာ ရုပ်ရှင်ဇာတ်ကားများအား လွယ်လွယ်ကူကူနှင့် အခမဲ့ ဝင်ရောက်ကြည့် နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/Viu-Myanmar-270063010194647/

အသုံးပြုသူများအနက် ၈၅ ရာခိုင်နှုန်း သည် အသက် ၃၄ နှစ်အောက် အရွယ်များဖြစ်ပြီး ဖက်ရှင်၊ ဖျော်ဖြရေးနှင့် နည်းပညာဆိုင်ရာများတွင် ငွေကြေး အများဆုံး သုံးစွဲကြလေ့ရှိသူများဖြစ်သည်။ ထို့အပြင် Premium user များ၏ ၆၀% သည် အမျိုးသား၊ ၄၀ ရာခိုင်နှုန်း သည် အမျိုးသမီးများ ဖြစ်ကြပြီး တစ်နေ့လျှင် ပျမ်းမျှအားဖြင့် 2GB နှင့်အထက် အင်တာနက် သုံးစွဲနေကြသူ များဖြစ်သည်။ ၎င်းတို့၏ သုံးပုံတစ်ပုံသည် Wifi ကွန်ယက်အား အသုံးပြု၍ ကိုရီးယား၊ အိန္ဒိယနှင့် ထိုင်းဇာတ်ကားများအား ၁၀၀ ရာခိုင်နှုန်း မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုရသည်ကို ကြိုက်နှစ်သက်သူများဖြစ်ကြသည်။ အဆိုပါ အချက်အလက်များအား အသုံးပြု၍ ကြော်ငြာလိုသူများမှ သက်ဆိုင်ရာဝယ်ယူအားပေးမည့် သူများထံသို့ အထိ ရောက် ဆုံးသောအခွင့်အလမ်းများဖြင့် ကြော်ငြာပြသပေးနိုင်ရန် ဖန်တီးပေးလျက် ရှိသည်။
Viu တွင် အက်ရှင်၊ အချစ်၊ ဟာသ စသည့် ရသအစုံအလင်ပေးနိုင်သည့် ရုပ်ရှင်ဇာတ်လမ်း အမျိုးအစားများစွာကို ကြည့်ရှုခံစားနိုင်သောကြောင့် ကြည့်ရှုသူများသည် ပျမ်းမျှအားဖြင့် နေ့စဉ် အချိန် တစ်နာရီ ထက်ကျော်လွန်၍ ကြည့်လေ့ရှိကြသည်။ နောက်ဆုံးထွက် ဇာတ်ကားအသစ်များကို အချိန်နှင့် တစ်ပြေးညီ ပြသပေးနိုင်မှုကြောင့် ကြည့်ရှုအားပေးသူများသည် Viu ပလက်ဖောင်းပေါ်၌ နာရီပေါင်းများစွာ ပိုမိုသုံးစွဲလာကြောင်းလည်း လေ့လာသိရှိရသည်။ ထို့ကြောင့် မိမိ၏ အမှတ်တံဆိပ် များအား ကြော်ငြာလိုသူများသည် အွန်လိုင်းရုပ်ရှင်ဝန်ဆောင်မှုများအားလည်း ထည့်သွင်းစဉ်းစားနိုင်ပြီး ထိုကဲ့သို့သော ကြော်ငြာပြသခြင်းများသည် သုံးစွဲသူများ၏ စိတ်ဝင်စားမှုများကို အထိရောက်ဆုံး ဖမ်းစားနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/Viu-Myanmar-270063010194647/

Viu Myanmar မှ ကြောငြာလိုသူများသာမက ရုပ်ရှင်ကြည့်ရှုသူများ အတွက်ပါ အဆင်ပြေစေမည့် ကြော်ငြာပုံစံအသစ်များကို ဖန်တီးပေးလျှက်ရှိသည်။ ဥပမာအားဖြင့် မိမိတို့၏ ကုန်အမှတ်တံဆိပ် များအား အမျိုးသမီးပရိတ်သတ်များထံသို့ တိုက်ရိုက် ကြော်ငြာပြသလိုသည်ဆိုပါက အမျိုးသမီး ပရိတ်သတ်များ ကြိုက်နှစ်သက်ဆုံး ဖြစ်သည့် ဖက်ရှင်၊ အလှအပ၊ အချစ် စသည့်ဇာတ်ကားများ၌ ထည့်သွင်းကြော်ငြာနိုင်ပြီး အမျိုးသား ပရိတ်သတ်များအတွက်ဆိုလျှင်လည်း ထိုနည်းလည်း ကောင်းပင် ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းတွင် အမှတ်တံဆိပ်အမျိုးမျိုးတို့မှ သုံးစွဲသူများထံသို့ အထိရောက်ဆုံးသော နည်းလမ်းများနှင့် ကြော်ငြာစေရန် ကြိုးပမ်းလျှက်ရှိရာ Viu မှလည်း အမှတ်တံဆိပ်များ၊ ကြော်ငြာများ အား မိမိတို့ ရောက်ရှိစေလိုသည့် ပရိတ်သတ်များထံသို့ အဆင်ပြေချောမွေ့စွာဖြင့် ရောက်ရှိစေရန် တစ်ထောင့်တစ်နေရာမှ ကူညီပေးလျှက်ရှိသည်။ ကြည့်ရှုသူများ ပို၍မြင်သာစေမည့် နေရာများ၌ ကြော်ငြာများ ထည့်သွင်းခြင်း၊ ၁၅ စက္ကန့်မှ ၃၀ စက္ကန့်ထိ ကြာမြင့်သော ကြော်ငြာ ဗွီဒီယိုအတိုများအား ဗွီဒီယိုမပြသမီနှင့် ဗွီဒီယိုပြသနေစဉ်အတွင်း ထည့်သွင်းပြသပေးခြင်းဖြင့် ပရိတ်သတ်များသည် ကုန်အမှတ်တံဆိပ်များနှင့် ပို၍ အကျွမ်းတဝင် သိရှိလာစေရန် ဆောင်ရွက်ပေးလျှက်ရှိသည်။ ထို့အပြင် ပိုမိုထိရောက်စေရန်အတွက် အသုံးပြုသူများ နေထိုင်ရာဒေသ၊ ကြည့်ရှုလေ့ရှိသည့် ရုပ်ရှင်ဇာတ်ကား အမျိုးအစား၊ လက်ရှိအသုံးပြုနေသည့် ဖုန်းအမျိုးအစား စသည့် အချက်အလက်ဒေတာများကို သုံးသပ်ပြီး ကြော်ငြာလိုသူများသည် မိမိတို့၏ ကြော်ငြာများအား ကြည့်ရှုမည့် ပရိသတ်များကို ရွေးချယ်နိုင်စေရန်လည်း လုပ်ဆောင်ပေးထားသည်။
အချုပ်အားဖြင့် အမှတ်တံဆိပ်များ၏ ကြော်ငြာမှုပုံစံများသည် ဒီဂျစ်တယ်ခေတ်တွင် အရှိန်အဟုန်နှင့် ပြောင်းလဲတိုးတက်လာပြီး ထိုကဲ့သို့သော အွန်လိုင်းရုပ်သံဝန်ဆောင်မှုများ၌ ကြော်ငြာလာခြင်းသည် ယခင်ထက်ကို ရေပန်းစားလာ၍ ထိရောက်မှုလည်း ပိုမိုရှိလာသည်။