MPT Money မှတစ်ဆင့် တောင်သူများ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) ၏ စိုက်ပျိုးစရိတ်ချေးငွေများ ရယူနိုင်

MPT Money က တောင်သူလယ်သမားများ အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေများအား ဒီဂျစ်တယ်စနစ်ဖြင့် ချေးငွေရယူနိုင်ရေးတွင် ထောက်ပံ့ကူညီပေးနိုင်ရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နှင့် လက်တွဲကာ ဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယခုအခါ MPT Money ကိုယ်စားလှယ်များသည် ပုသိမ်ကြီး၊ မုံရွာ၊ ပဲခူး၊ လားရှိုးနှင့် မကွေးမြို့များရှိ တောင်သူလယ်သမားများအား ချေးငွေထုတ်ပေးခြင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
နှစ်ဖက်တာဝန်ရှိသူများပါဝင်သည့် သဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ပထမအပတ်တွင် ကျင်းပခဲ့ပြီး MPT Money ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်နှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) ၏ အထွေထွေမန်နေဂျာ ဒေါ်ဥမ္မာကျော်တို့မှ လက်မှတ်‌ရေးထိုးခဲ့သည်။

Photo Source https://www.facebook.com/mptofficialpage/

တောင်သူလယ်သမားအများစုသည် ယင်းတို့၏ ရာသီအလိုက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအတွက် ဘဏ်များ၏ စိုက်ပျိုးစရိတ်ချေးငွေများအပေါ် မှီခိုအားထားလေ့ရှိကြသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အထောက်အကူပြု ဆောင်ရွက်ပေးနေသည့် အကြီး မားဆုံးသော ငွေကြေးဆိုင်ရာအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများအတွက် လိုအပ်သည့် စိုက်ပျိုးစရိတ်ချေး ငွေများကို နှစ်စဉ်နှစ်တိုင်း ထုတ်ချေးပေးလျက်ရှိသည်။
“စိုက်ပျိုးရေးကဏ္ဍဟာ အဓိကကျတဲ့ ကဏ္ဍကြီး တစ်ခုအဖြစ်ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်နေတဲ့ အဓိက အခက်အခဲအချို့ကို ကျော်လွှားနိုင်ဖို့ MPT Money ရဲ့ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းက ထိထိရောက် ရောက် ကူညီနိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နဲ့အတူ ပူးပေါင်းပြီးတော့ MPT Money ရဲ့ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုကနေတစ်ဆင့် တောင်သူ လယ်သမားတွေကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေ ရယူနိုင်စေဖို့နဲ့ ကျေးလက်ဒေသတွေမှာ ငွေရေး ကြေးရေးကဏ္ဍကို လူတိုင်းလက်လှမ်းမီ ပါဝင်နိုင်စေရေးနဲ့ ငွေသားသုံးစွဲစရာမလိုတဲ့ စနစ်ကို ပြောင်းလဲမှု အတွက် ပံ့ပိုးလုပ်ဆောင်ရာမှာလည်း အထောက်အပံ့ကောင်းတွေ ဖြစ်စေမှာပါ” ဟု MPT Money ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က ပြောကြားသည်။
“မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းကို ပထမအဆင့်အနေနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်/မြို့နယ် ဘဏ်ခွဲပေါင်း ၂၂ ခုတွင် Mobile Payment ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ MPT Money နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲ ၅ ခုတွင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ MPT Money အနေဖြင့် လုပ်ငန်းများတိုးချဲ့၍ အခြားခရိုင်/မြို့နယ်ဘဏ်ခွဲများတွင်လည်း ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း၊ တောင်သူလယ်သမားများ အဆင်ပြေလွယ်ကူစွာ ချေးငွေများကို အချိန်မှီထုတ်ပေးနိုင်ရန် အရေးကြီးကြောင်း” မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၏ ဦးဆောင်ညွှန်းကြားရေးမှူး ဦးမင်းသူမှ မှတ်ချက်ပြု ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage/

MPT Money အသုံးပြုမှု မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးလက်ဒေသများတွင် ငွေသားမဲ့ စနစ်ပြောင်းလဲမှုကို တွန်းအားတစ်ခုဖြစ်လာနိုင်မည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ခွဲများ၌ လည်း အဆိုပါဝန်ဆောင်မှုကို အလျင်အမြန်တိုးချဲ့ပေးစွမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေစဉ်ကာလအတွင်း မိမိတို့နေအိမ်၌ပင် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ရန် MPT သုံးစွဲသူများအတွက် MPT Money မှ အကောင်းဆုံးသော ဒီဂျစ်တယ်ငွေပေးချေမှု စနစ်အား ပေးစွမ်းလျက်ရှိသည်။
လက်ရှိတွင် MPT Money သည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၈၀ ကျော်မှ ကိုယ်စားလှယ်ဆိုင်ပေါင်း ၂၇,၀၀၀ ကျော် ရှိသည့် ကွန်ရက်မှတစ်ဆင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ သုံးစွဲသူများ အနေဖြင့် Mobile Wallet ဝန်ဆောင်မှု၊ ငွေလွှဲခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်းနှင့် ဒေတာပက်ကေ့ချ်များ ဝယ်ယူနိုင်ခြင်း၊ ဈေးဝယ်ရာ၌ ငွေပေးချေနိုင်ခြင်း၊ မိမိအကောင့်ထဲမှ ငွေသားကို MPT Money ကိုယ်စားလှယ်ဆိုင်များနှင့် CB Bank ATM စက်များတွင် ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ခြင်း စသည့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို ရရှိနိုင်ပြီဖြစ်သည်။
MPT Money ၏ ဒီဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုကို ရယူနိုင်ရန်အတွက် MPT Money အက်ပလီကေးရှင်း ကို Android အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoneyAndroid နှင့် iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS မှ ဒေါင်းလုတ်ရယူပြီး “ဒီဂျစ်တယ်ငွေပေးချေမှု” ဝန်ဆောင်မှုများမှပေးသော စိတ်လှုပ်ရှား ဖွယ်ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်သည်။ MPT Money အက်ပလီကေးရှင်းကို မည်သည့် မိုဘိုင်းလ်ကွန်ရက်ဖြင့်မဆို အသုံးပြုနိုင်ပါသည်။
MPT Money နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက Hotline ဖုန်းနံပါတ် ၉၉၀ သို့ ဆက်သွယ်ခေါ်ဆို၍ သော်လည်းကောင်း (သို့မဟုတ်) MPT Money ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ သို့ ဝင်ရောက်၍ သော်လည်းကောင်း ကြည့်ရှုလေ့လာ နိုင်ပါသည်။