MPT Club အဖွဲ့ဝင်များ၏ ဒီဂျစ်တယ်ဘဝများကို ပိုမိုပြည့်စုံ ကြွယ်ဝစေမည့် အထူးအခွင့်အရေးများ ပေးအပ်သွားမည်

MPT သည် သုံးစွဲသူများကို ပံ့ပိုးပေးရန်နှင့် ၎င်း၏ ဒီဂျစ်တယ်ဘဝများ ပိုမိုပြည့်စုံ ကြွယ်ဝစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ တားဆီးကွယ် တိုက်ဖျက် ရေးအတွက် နေအိမ်၌ နေထိုင်နေကြသည့် MPT သုံးစွဲသူများ၏ အကျိုးကျေးဇူးအတွက် MPT Club နှင့် ၎င်း၏ မိတ်ဖက် လုပ်ငန်းများမှတစ်ဆင့် စိတ်လှုပ်ရှားဖွယ် အထူးခံစားခွင့်များနှင့် ပရိုမိုးရှင်း များကို ပေးအပ်လျက်ရှိသည်။
ယနေ့တွင် Diamond နှင့် Platinum အဆင့် MPT Club အဖွဲ့ဝင်များသည် ဒီဂျစ်တယ်ဖျော်ဖြေရေး၊ ဒီဂျစ်တယ် ကျန်းမာရေး၊ အွန်လိုင်းမှတစ်ဆင့် အားကစား လုပ်ဆောင်မှု၊ အွန်လိုင်းမှတစ်ဆင့် အစားအသောက်ပို့ဆောင်မှု နှင့် အွန်လိုင်း ဈေးဝယ်မှု စသည့် အရေးပါသော ဝန်ဆောင်မှုများအတွက် MPT Club ၏ မိတ်ဖက်လုပ်ငန်း ၆ ခုဖြစ်သည့် Foodpanda ၊ T-Fitness ၊ COOKIE TV ၊ JOOX ၊ rgo47 နှင့် MyanCare တို့၏ စိတ်လှုပ်ရှားဖွယ် အထူးပရိုမိုးရှင်း အစီအစဉ်များနှင့် အကျိုးခံစားခွင့်များ ရရှိခံစားနိုင်မည့် MPT Club ၏ ပရိုမိုးရှင်း အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့သည်။
MPT Club အဖွဲ့ဝင်များ ရရှိနိုင်မည့် ခံစားခွင့်များမှာ အောက်ပါဇယားအတိုင်းဖြစ်ပါသည်။

Photo Source https://www.facebook.com/mptofficialpage/

“နေ့ရက်တိုင်းမှာ စိုပြေမှာ MPT Club ရဲ့စေတနာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ MPT Club သည် ကိုဗစ်-၁၉ ကာလအတွင်း သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝများ ပိုမိုပြည့်စုံ ကြွယ်ဝစေရေးအတွက် မိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လုပ်ဆောင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးခံစားခွင့်များနှင့် အထူးအစီအစဉ် များကို ပြုလုပ်ပေးလျက် ရှိသည်။
“ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုတွေကို မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူအများနဲ့ လူမှုအသိုက်အဝန်းအားလုံး ခံစားနေကြရပြီး နေ့စဉ် လူနေမှုဘဝတွေကိုလည်း များစွာ ပြောင်းလဲစေခဲ့ပါတယ်။ ယခုအချိန်မှာတော့ MPT သုံးစွဲသူ အများစုဟာ မိမိတို့ရဲ့ နေအိမ်တွေမှာပဲ နေထိုင်နေကြတာကြောင့် MPT အနေနဲ့ သုံးစွဲသူတွေရဲ့ ကျန်းမာရေး၊ ကိုယ်ကာယကြံ့ခိုင်ရေးနဲ့ စိတ်သောကတွေ ကင်းဝေးစေရေးတို့ကို ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း ယခုလိုမျိုး မိတ်ဖက်လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး သုံးစွဲသူတွေ လိုအပ်တဲ့၊ အရေးပါတဲ့ ထုတ်ကုန်တွေနှင့် ဝန်ဆောင်မှုတွေကို အထူးခံစားခွင့်တွေနဲ့အတူ အိမ်တိုင်ရာရောက် ရရှိခံစားနိုင်ဖို့အတွက် ပြုလုပ်လိုက်ရခြင်း ဖြစ်ပါတယ်။” ဟု MPT-KSGM JO ၏ စီးပွားရေး အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage/

MPT Club ဆိုသည်မှာ MPT သုံးစွဲသူများကိုကျေးဇူးတုံ့ပြန်သည့်အနေဖြင့်အကျိုးခံစားခွင့်များစွာကို ပြန်လည်ရရှိ ခံစားနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်သည်။ MPT Club ကို ၂၀၁၈ ခုနှစ်တွင် အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့ပြီး သန်းပေါင်းများစွာသော MPT သုံးစွဲသူများအတွက် ဆန်းသစ်တီထွင်ထားသည့် ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးအပ်လျက် ရှိသည်။ MPT Club အဖွဲ့ဝင်များအတွက် နာမည်ကျော် အမှတ်တံဆိပ်များမှ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သုံးစွဲရာတွင် ပိုမိုပြည့်စုံကြွယ်ဝသည့် အတွေ့အကြုံများကို ရရှိခံစားနိုင်ရန်နှင့် ကုန်ကျစရိတ် ချွေတာနိုင်မည့် အထူးအစီအစဉ်များကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိသည်။
လက်ရှိအချိန်တွင် MPT Club အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိတ်ဖက်ဆိုင်ပေါင်း (၇၀) ဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး သုံးစွဲသူများအတွက် MPT Club Point များနှင့် အထူးလျှော့‌ဈေးများနှင့်အတူ အကောင်းဆုံးသော အတွေ့အကြုံများကို ပေးအပ်နိုင်မည့် အထူးအစီအစဉ်များ ပြုလုပ်ပေးလျက်ရှိသည်။

MPT Club အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး ပွိုင့်များကို စုဆောင်းနိုင်ရန် 345 သို့ REG M သို့ F (ဥပမာ- REG F) ဟု စာတို (SMS) ပေးပို့ နိုင်ပါသည်။ MPT Club အဖွဲ့ဝင်ပြိးနောက် MPT Club Point ၅၀ ကို ရရှိမည် ဖြစ်ပြီး ပွိုင့်များကို MPT Club ၏ မိတ်ဖက်လုပ်ငန်းများမှ ထုတ်ကုတ်များနှင့် ဝန်ဆောင်မှုများကို ဝယ်ယူခြင်းနှင့် MPT မှ ငွေဖြည့်သွင်းခြင်းများကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။