Grab မှ ကျန်းမာရေးအတွက် ပလတ်စတစ်အကာများ ပါဝင်သည့် GrabProtect ဝန်ဆောင်မှုကို မိတ်ဆက်

Grab သည် COVID-19 ပြန့်ပွားမှုကို အတတ်နိုင်ဆုံး လျော့ပါးစေရေးအတွက် ဘေးကင်းလုံခြုံမှုနှင့် သန့်ရှင်းမှုဆိုင်ရာ နည်းပညာလုပ်ဆောင်ချက်များ၊ ပူးပေါင်းပါဝင်လုပ်ဆောင်မှုများနှင့် တင်းကျပ်သည့် ဘေးကင်းမှုဆိုင်ရာ မူဝါဒများ ပါဝင်သည့် GrabProtect ဝန်ဆောင်မှုအသစ်တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အရှေ့တောင်အာရှဈေးကွက်များအတွင်း အငှားယာဉ် သုံးစွဲသူများအကြား စစ်တမ်း မေးမြန်းကောက်ခံမှု[1]တွင် နှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ခြင်း ( ၇၇ ရာခိုင်နှုန်း)၊ ယာဉ်အတွင်း လက်သန့်ဆေးရည်ထားရှိမှု (၇၁ ရာခိုင်နှုန်း) နှင့် ယာဉ်မျက်နှာပြင်များကို မစီးနင်းခင်တိုင်း ပိုးသတ်ခြင်း (၆၁ ရာခိုင်နှုန်း) တို့သည် COVID-19 ရောဂါပိုးကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်သည့် အရေးကြီးဆုံး အချက် ၃ ချက်ဖြစ်ကြောင်း ပြောဆိုထားသည်ကို တွေ့ရသည်။
“ဒီ COVID-19 ဘေးအန္တရာယ်ဟာ လုပ်ငန်းနယ်ပယ်အားလုံးမှာ ဘေးကင်းလုံခြုံမှုနဲ့ သန့်ရှင်းမှုရဲ့ အရေးပါမှုကို ပိုအလေးထားသိမြင်လာစေပါတယ်။ ဘေးကင်းလုံခြုံမှုဆိုတာ Grab အတွက် အဓိက အလေးထားရတဲ့ အရာဖြစ်တဲ့အတိုင်း အခု GrabProtect လို ဝန်ဆောင်မှုနဲ့ သွားလာ ဆက်သွယ်မှု နယ်ပယ်မှာ သန့်ရှင်းမှုနဲ့ ဘေးကင်းလုံခြုံမှုအဆင့်အတန်းကို ထပ်မြှင့်တင်လိုက်တာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့အတူ ကျွန်မတို့အားလုံးဟာ လူမှုအဝန်းအဝိုင်း တစ်ခုလုံးအတွက် ပိုမိုဘေးကင်း လုံခြုံတဲ့ နေ့ရက်တွေ ဖန်တီးနိုင်ဖို့ ဆက်ပြီး တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောကြားသည်။

Photo Source http://www.facebook.com/GrabMM

ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်အသစ်များနှင့်အတူ Grab အသုံးပြုသူ ခရီး သည်များသည် အငှားယာဉ်ငှားရမ်းရာတွင် GrabTaxi ၊ GT Plus အပြင် GrabProtect ဟူသည့် အငှားယာဉ်ဝန်ဆောင်မှုအသစ်ကိုပါ ရွေးချယ်ငှားရမ်းနိုင်ပြီဖြစ်သည်။ GrabProtect ဝန်ဆောင်မှု၌ အငှား ယာဉ်တိုင်းတွင် အကောင်းဆုံး အဆင့်သတ်မှတ်ချက်ပြည့်မီသည့် အရည်အချင်းရှိ ယာဉ်မောင်းများနှင့်အတူ COVID-19 ရောဂါပိုးကူးစက်ပျံနှံ့မှု အန္တရာယ် နည်းနိုင်သမျှ နည်းပါးစေရန် ကျန်းမာရေး ဆိုင်ရာ အကာအကွယ်တစ်ခုအနေဖြင့် ယာဉ်မောင်းနှင့် နောက်ခုံရှိ ခရီးသည်အကြား ပလတ်စတစ်အကာ ပါရှိမည်ဖြစ်သည်။
ထိုပလတ်စတစ်အကာပါရှိပြီး အဆင့်မြှင့်ထားသည့်ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုနည်းပညာများ ပါဝင်သည့် GrabProtect ဝန်ဆောင်မှုကို Grab တက္ကစီများကဲ့သို့ပင် အက်ပလီကေးရှင်းကတစ်ဆင့် ရွေးချယ် ငှားရမ်းနိုင်ပြီဖြစ်ရာ ခရီးသည်များအနေနှင့် စိတ်အေးချမ်းသာစွာဖြင့် စီးနင်းအသုံး ပြုနိုင်ပြီဖြစ်သည်။ လတ်တလောအနေဖြင့် ဘေးကင်းလုံခြုံရေး ပလတ်စတစ်အကာများ ပါရှိသည့် GrabProtect ဝန်ဆောင်မှုကို အရည်အသွေးပြည့်မီသည့် ကျွမ်းကျင်ယာဉ်မောင်းများနှင့်အတူ ရန်ကုန်မြို့ တွင် အငှားယာဉ်တက္ကစီ ၂၀၀၀ နှင့် မန္တလေးမြို့တွင် Grab သုံးဘီး ၄၀၀ ဖြင့် စတင်မည်ဖြစ်ပြီး ပလတ်စတစ်အကာများအတွက် EnervonC မှ ပူးပေါင်းပံ့ပိုးပေးထားခြင်းဖြစ်သည်။

Photo Source http://www.facebook.com/GrabMM

လက်ရှိတွင် Grab မိတ်ဖက်ယာဉ်မောင်းများနှင့် အစားအသောက်ပို့ဆောင်သူမိတ်ဖက်များအားလုံးသည် Grab ပလက်ဖောင်းပေါ်တွင် အလုပ်လုပ်ကိုင်နေသည့်မည်သည့်အချိန်မဆို နှာခေါင်းစည်းမျက်နှာဖုံး ဝတ်ဆင်ထားရန် လိုအပ်ပါသည်။ ခရီးသည်များသည်လည်း လူအများကြား သွားလာသည့်အချိန်တိုင်းတွင် နှာခေါင်းစည်းမျက်နှာ ဖုံးဝတ်ဆင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ယာဉ်မောင်းဖြစ်စေ၊ ခရီးသည်ဖြစ်စေ တစ်ဖက်ဖက်မှ နှာခေါင်းစည်း မျက်နှာဖုံးမဝတ်ဆင်လာပါက “ ယာဉ်မောင်း/ ခရီးသည်သည် နှာခေါင်းစည်း ဝတ်ဆင်မထားပါ” ဟူသည့် အချက်ကို ခရီးစဉ်ပယ်ဖျက်ရသည့် အကြောင်းရင်းအဖြစ် ရွေးချယ်ပြီး ခရီးစဉ်ကို ပယ်ဖျက်နိုင်သည်။
Grab သည် ၎င်း၏အက်ပလီကေးရှင်းအတွင်း ခရီးစဉ်အဆင့်သတ်မှတ်ချက်များနှင့် ဝေဖန်အကြံပြုချက် များပေးပို့နိုင်သည့် လုပ်ဆောင်ချက်ကို အဆင့်မြှင့်ထားသကဲ့သို့ Help Center ထဲတွင်လည်း ကျန်းမာရေး နှင့် သန့်ရှင်းမှုဆိုင်ရာ သတိပြုချက်များကို အကြောင်းကြားနိုင်ရန် ရွေးချယ်စရာအချက်များအနေနှင့် ထည့်သွင်းပေးထားပါသည်။ ၎င်းသည် Grab သုံးစွဲသူများကို ခရီးစဉ်အတွင်း ယာဉ်မောင်းသည် နှာခေါင်းစည်းမျက်နှာဖုံးဝတ်ဆင်မှုမရှိခြင်း သို့မဟုတ် နေထိုင်မကောင်းပုံရခြင်းတို့အတွက် Grab ထံ သတင်းပေးပို့ အကြောင်းကြားနိုင်စေမည်ဖြစ်သည်။ ထိုအကြောင်းကြားချက်အားဖြင့် အသုံးပြုသူများ၏ ဘေးကင်းလုံခြုံမှုနှင့် စိတ်ပိုင်း အေးချမ်းလုံခြုံမှုတို့အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ Grab သည် ဖြစ်ပေါ်လာသည့် အခြေအနေအပေါ် မူတည်ပြီး ၎င်း၏ မူဝါဒစည်းမျဉ်းစည်းကမ်းများကို ဆက်လက်စိစစ်လုပ်ဆောင်သွားမည်ဖြစ်သည်။

Photo Source http://www.facebook.com/GrabMM

အများပြည်သူတို့၏ဘေးကင်းလုံခြုံမှုသည် Grab ၏ အဓိကအလေးပေးဂရုစိုက်သောအရာ ဖြစ်သည့်အတိုင်း မြန်မာ နိုင်ငံအတွင်း COVID-19 စတင်ပျံ့နှံ့ခဲ့သည့်အချိန်မတိုင်ခင် ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ၎င်း၏ မိတ်ဖက် ယာဉ်မောင်းများနှင့် အစားအသောက်ပို့ဆောင်သူများအား နှာခေါင်း စည်းမျက်နှာဖုံးများ၊ လက်သန့်ဆေးရည်များ အခမဲ့ ပေးဝေခြင်း၊ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေး အတွက် နေ့စဉ်လိုက်နာကျင့်သုံးရမည့် အလေ့အကျင့်များကို နည်းလမ်းမျိုးစုံဖြင့် ပညာပေးခြင်း၊ သတိပေးချက်များကို အက်ပလီကေးရှင်းကတစ်ဆင့်သော်လည်းကောင်း၊ ဆိုရှယ်မီဒီယာက တစ်ဆင့်သော်လည်း ကောင်း အချိန်မှန်ပေးပို့သတိပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သကဲ့သို့ ဆက်လက်ပြီး မိတ်ဖက်ယာဉ်မောင်းများ အတွက် ၎င်းတို့၏အငှားယာဉ်များအား အခမဲ့ပိုးသတ်ဆေးကြောပေးခြင်းများကို အလျဉ်းသင့်သလို လုပ်ဆောင်ပေးလျက် ရှိရာ ယခုတွင် Grab Myanmar သည် စုစုပေါင်း အငှားယာဉ်ပေါင်း ၁၅၀၀ ကျော်ကို ပိုးသတ်သန့်စင်ပေးခဲ့ပြီးဖြစ်ပြီး နှာခေါင်းစည်းမျက်နှာဖုံးပေါင်း ၁၀၀,၀၀၀ ကျော်ကို မိတ်ဖက် ယာဉ်မောင်းများနှင့် အစားအသောက်ပို့ဆောင်သူများထံ အခမဲ့ပေးဝေပေးခဲ့ပြီးဖြစ်သည်။
ထို့ပြင် မိတ်ဖက်ယာဉ်မောင်းများ အကျိုးခံစားခွင့်တစ်ခုအနေဖြင့် ၎င်းတို့ ခရီးစဉ်အတွက် ငွေဖြည့်သည့်အကြိမ် တိုင်း သတ်မှတ်ချက်နှင့်အညီ Grab ထံမှ နှာခေါင်းစည်းမျက်နှာဖုံးများကို ရယူနိုင်ရန် စီစဉ်ပေးထားခြင်းဖြင့် နေ့စဉ် Grab ပလက်ဖောင်းပေါ်တွင် မောင်းနှင်သွားလာသည့်အခါ အဆင်ပြေချောမွေ့စွာ ကျန်းမာရေ းအကာအကွယ်ရရှိ နိုင်မည်ဖြစ်ပြီး ခရီးသည်များအနေနှင့်လည်း စိတ်ချလုံခြုံစွာ စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။
အသေးစိတ် အချက်အလက်များကို http://www.grab.com နှင့် http://www.facebook.com/GrabMM တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။