အသစ်ထွက်ရှိလာတဲ့ vivo V23 5G စမတ်ဖုန်း၏ လုပ်ဆောင်ချက်များအကြောင်း

ယခုနှစ်အတွက် vivo ၏ ထုတ်ကုန်များထဲမှ လူကြိုက်များရေပန်းစားလာသည့် စမတ်ဖုန်းတွေများထဲတွင် vivo V23 5G စမတ်ဖုန်း ကလည်း တစ်ခုအပါအဝင်ဖြစ်သည်။
Vivo V23 5G တွင်ပါရှိသော 50MP JNV နှင့် ISOCELL 3.0 (pixel isolation နည်းပညာ) က ပုံတိုင်းတွင် ပိုမိုတိကျမှန်ကန်စေပြီး သင့်ရဲ့ အလှတွေကို အသေးစိတ်ကျကျ ထင်းလင်းတောက်ပစေမည် ဖြစ်သည်။ AI သည် ဖုန်းအသုံးပြုသူ၏မျက်နှာ အသေးစိတ်ကို ဖတ်ပေးနိုင်ပြီး ပိုမိုကြည်လင်ကာ ပိုမိုလှပသော မျက်နှာလေးကို အလိုအလျောက် ရရှိပိုင်ဆိုင်နိုင်စေမည် ဖြစ်သည်။ ဒါ့အပြင် မျိုးစုံရွေးချယ်နိုင်သော အလှအပနှင့် mode လေးများနှင့်အတူ ကိုယ့်ပုံစံက ကိုယ်နဲ့မတူဖြစ်နေတာမျိုးမဖြစ်ဘဲ၊ effect ပိနေတာမျိုးမဖြစ်ဘဲ portrait ပုံလေးများကို ပိုမိုကောင်းမွန်လှပစေသည်။
အဆင့်မြှင့်တင်ထားတဲ့ အလင်းအားဖြည့် အရောင်(၄)မျိုးကလည်း ဖုန်းအသုံးပြုသူ၏ ခံစားချက်ကို တစ်ချက်လေး ထိနှိပ်လိုက်ရုံနဲ့ စိတ်တိုင်းကြ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ AI high-definition နည်းပညာသည့်အတွက် ညအမှောင်ထဲမှာလည်း အလင်းကိုထိန်းညှိပေးပြီး မျက်နှာကို ပိုမိုကြည်လင်စေသည်။

Photo Source https://www.vivo.com/mm/products/v235g

The Spotlight Portrait Video က soft ဗီဒီယို နှင့် 3D ဗီဒီယိုများကို ရိုက်ကူးနိုင်စေရန်အတွက် လိုအပ်သည့် အလင်းဓာတ်ကို ဖြည့်ဆည်းပေးသည်။ တစ်ညတာလုံးမှာ အဖွဲ့လိုက် ဆယ်ဖီဓာတ်ပုံရိုက်ဖို့အတွက် ပိုမိုသင့်တော်ပြီး ဖုန်းအသုံးပြုသူ၏ ဆယ်ဖီပုံတွေမှာလည်း ရှုခင်းများ ပိုမိုပေါ်လွင်စေမည်ဖြစ်သည်။
Vivo V23 5G စမတ်ဖုန်းကင်မရာသည် ဓာတ်ပုံများတွင် ပတ်ဝန်းကျင်သက်ရောက်မှု ပိုမို အဆင်ပြေစေရန် အလင်းရောင်ခြယ်ကို ထည့်ပေးထားသည်။ Portrait ပုံစံသစ် (၃) မျိုးမှာ အရေအသွေးမြင့်မားပြီး မျက်နှာအနေအထား အတိအကျကို ပေါ်လွင်စေသည့်အပြင် အနုပညာဆန်ဆန် bokeh မျိုးစုံကိုလည်း ထောက်ပံ့ပေးသည်။
ကင်မရာသုံးလုံးသည်ပိုမိုမြင့်မားပြီး အနုပညာဆန်သော ဓာတ်ပုံများရရှိနိုင်မည်ဖြစ်ပြီး နေ့စဉ်ဓာတ်ပုံရိုက်ရာတွင် ပရော်ဖက်ရှင်နယ် ရိုက်ကူးပေးနိုင်မည်ဖြစ်သည်။ Sensor တွင် ပိုမိုကြီးမားသော “light-sensitive” ဧရိယာ နှင့်အတူ ပစ်ဇယ်(pixel)ဆိုဒ်များ ထည့်သွင်းထားသည်။
GW1 Sensor နှင့် အနောက်ကင်မရာသည် အလင်းရောင်ပေါ်ပို၍ sensitive ဖြစ်ပြီး အလင်းအားနည်းတဲ့ ပုံမျိုးစုံ ရိုက်ကူးနိုင်သည်။ ပိုမိုကောင်းမွန်သော Bokeh algorithms နောက်ကင်မရာ portrait အရည်အသွေးကို တိုးမြှင့်ကာ အသုံးပြု နိုင်မည်ဖြစ်သည်။ ဖုန်း၏ Fluorite AG glass တစ်လျှောက်တွင် crystals တစ်လွှာ ပါဝင်ပြီး အရောင်တောက်ပစွာ ပေါ်လွင်စေသည်။ အရောင်သည် မတူသော အလင်းရှုထောင့်နဲ့ ပြောင်းလဲနိုင်သည်။
Special aviation aluminium ဖြင့် ပြုလုပ်ထား၍ ဖုန်းအသွင်အပြင်က လှပပြီး သုံးစွဲရာတွင် သက်တောင့်သက်သာ ရှိစေသည်။ vivo v23 5G စမတ်ဖုန်းတွင် ပါဝင်သည့် Memory နည်းပညာအသစ်သည် ROM နေရာလွတ်ကို ယူပြီး RAM အဖြစ် အသုံးပြုသည့်အတွက် အက်ပ်လီကေးရှင်းများကို ချော့မွေ့စွာ အသုံးပြုနိုင်မည်ဖြစ်သည်။
Dual-Mode 5G နှင့်အတူ ပိုမိုအဆင့်မြင့်သော စွမ်းဆောင်ရည်ကို ရရှိနိုင်မည်ဖြစ်ပြီး HDR 10+ သည် မူလအရောင် ကိုထိန်းညှိပေးပြီး Hi-Res အသံစနစ်သည် ပုံမှန်အသံကိုထိန်းညှိပေးသည်။ Funtouch OS 12 သည်လည်း features နှင့် widgets ကို မိမိစိတ်ကြိုက် ပြုပြင်ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးသည်။ အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.vivo.com/mm/products/v235g