အခြေခံအလုပ်အကိုင်ရှာဖွေနေသူများအတွက် Jobs4You Page အကြောင်း

ယနေ့ခေတ်ကာလအခြေအနေအရ အခြေခံအလုပ်အကိုင်အခွင့်အလမ်းတွေဟာ ရှားပါးစပြုလာနေပါပြီ။ အဲ့ဒီအတွက်ကြောင့် အခြေခံအလုပ်အကိုင်တွေ လိုအပ်နေသူအဖို့အလုပ်အကိုင်ရှာဖွေရတာ ခက်ခဲလာခဲ့တာလည်း ဖြစ်ပါတယ်။ တကယ်လို့ အခြေခံအလုပ်အကိုင်အခွင့်အလမ်းတွေကို ခေါ်ယူတဲ့ လုပ်ငန်းတွေတွေရှိလာရင်တောင် ရှာဖွေလျောက်ထားသူအနေနဲ့ လုပ်ငန်းတည်နေရာကို ရှာဖွေရတာ အခက်အခဲတစ်ခုလိုဖြစ်စေပါတယ်။
အခုဖော်ပြပေးမယ့် Job4You ကတော့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမဟုတ်ပါ။ ခြေခံအလုပ်သမားလူထုအတွက် ကုမ္ပဏီတိုက်ရိုက်အလုပ်ခေါ်စာများကိုပြန်လည်မျှဝေပေး၍အလုပ်အကိုင်ရှာဖွေသူများ လွယ်ကူစွာရှာဖွေလျှောက်ထားနိုင်ရန် ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

Photo Source https://web.facebook.com/Jobs4YouMyanmar

Job4You Page မှာတော့ အခြေခံအလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်တဲ့ အထွေထွေလုပ်သား၊ ယာဉ်မောင်း၊ လုံခြုံရေး၊ သန့်ရှင်းရေးဝန်ထမ်း၊ အကူအလုပ်ကိုင်များနှင့် အခြားသော အလုပ်ခေါ်စာများစွာကိုပြန်လည်မျှဝေတဲ့နေရာတစ်ခုဖြစ်ပါ တယ်။
Job4You မှတင်ပေးသောအလုပ်ခေါ်စာများကို နေ့စဉ်ကိုယ်တိုင်ဝင်ရောက်ရှာဖွေ၍ ကုမ္ပဏီတိုက်ရိုက်အလုပ်ခေါ်စာများကို ဖော်ပြပေးထားတဲ့အတိုင်း Viber၊ ဖုန်းနံပတ်၊ လိပ်စာတို့မှတဆင့် လွယ်ကူစွာအခကြေးငွေမကုန်ကျဘဲ တိုက်ရိုက် လျှောက်ထားပေးပို့နိုင်ပြီဖြစ်ပါတယ်။ လျှောက်ထားမှုများသည် မိမိလျှောက်ထားသောကုမ္ပဏီသို့သာတိုက်ရိုက်ရောက်ရှိမှာ ဖြစ်ပါတယ်။
Job4You page ဟာ မြန်မာနိုင်ငံ၏ပထမဆုံးကုမ္ပဏီတိုက်ရိုက်အလုပ်ခေါ်စာများကိုစုစည်းတင်ပေးလျက်ရှိသော Job Opportunities In Myanmar (JOIM) မှ ထပ်မံဖွင့်လှစ်လိုက်သော Page တစ်ခုဖြစ်ပါတယ်။အခြေခံအလုပ်အကိုင်များကိုရှာဖွေနေသူတစ်ယောက်ဆိုရင်တော့ Jobs4You ကို Like&Follow ပြုလုပ်ထားသင့်ပါတယ်။ အလုပ်အကိုင်ရှာဖွေရန်အတွက် ဘယ်မှသွားစရာမလိုဘဲ Jobs4You ဟာသင့်အတွက်နေ့စဉ်ခေါ်ယူလျက်ရှိသော ကုမ္ပဏီတိုက်ရိုက်အလုပ်ခေါ်စာများကိုပြန်လည်မျှဝေပေးသွားတာကို စောင့်ကြည့်နိုင်မှာပါ။

Photo Source https://web.facebook.com/Jobs4YouMyanmar

ဒါ့အပြင် Jobs4You မှ တင်ပေးသော ကုမ္ပဏီတိုက်ရိုက်အလုပ်ခေါ်စာများကို Page ထဲဝင်ရောက်ရှာဖွေကြည့်ရုံ၊ Notification ယူထားရုံဖြင့် မိမိနဲ့ကိုက်ညီသော အလုပ်အကိုင်များကို သိရှိလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီတိုက်ရိုက်အလုပ်ခေါ်စာများဖြစ်တာကြောင့် အလုပ်ခေါ်စာများတွင် တစ်ခါတည်း လျှောက်ထားပေးပို့ရန် (E-mail ၊ Viber ၊ ဖုန်းနံပတ် နှင့် လျှောက်ထားပေးပို့ရမည့်လိပ်စာ)များကို ပြည့်စုံစွာဖော်ပြပေးထားမှာဖြစ်ပါတယ်။ မိမိရဲ့ ကိုယ်ရေးအချက်အလက်( CV )ဖောင်ကိုဖော်ပြပါအချက်အလက်များသို့ ပေးပို့၍လွယ်ကူစွာလျှောက်ထားနိုင်မှာဖြစ်ပါတယ်။
အောက်ပါ Link မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
https://web.facebook.com/Jobs4YouMyanmar