Samsung S22 series စမတ်ဖုန်းများအားမြန်မာနိုင်ငံဈေးကွက်တွင်စတင်ဝယ်ယူရရှိနိုင်

ကမ္ဘာတစ်ဝန်းတွင် စံချိန်တင်ကြိုတင်မှာယူမှုများရရှိခဲ့ပြီးနောက် Samsung Electronics သည်၎င်း၏နောက်ဆုံးပေါ် Galaxy S22 series စမတ်ဖုန်းများအားမြန်မာနိုင်ငံမှသုံးစွဲသူများထံယူဆောင်လာပေးခဲ့ပြီဖြစ်သည်။ ယခု Galaxy S22 series စမတ်ဖုန်းများတွင် စွမ်းဆောင် ရည်ပိုမိုကောင်းမွန်သောပုံရိပ် sensor၊ညအချိန်ကာလမှာပင် ကြည်လင်ပြတ်သားမှု အပြည့်ရှိသော ပုံရိပ်များကိုရိုက်ကူးနိုင်မည့်ပြိုင်ဖက်ကင်း AI နည်းပညာအခြေပြု Nightography လုပ်ဆောင်ချက်များ နှင့်စမတ်ဖုန်းနယ်ပယ်ကဏ္ဍ၏ပထမဦးဆုံးသော 4nm processor စသည့်အမြင့်မားဆုံးသော Galaxy စွမ်းဆောင်ရည်များ အားထည့်သွင်းတည်ဆောက်ပေးထားသည်။
၂၀၂၂ ခုနှစ် မတ်လ ၄ ရက် Galaxy S22 စီးရီးစမတ်ဖုန်းများကို Samsung Showroom များနှင့်အခြားသော ဖုန်းအရောင်းဆိုင်ကြီးများတွင်ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ထို့အပြင်ထူးခြားဆန်းသစ်သည့်အရောင်အသစ်အစိမ်းရောင်အား ဝယ် ယူရနိုင်မည့်အပြင်ဈေးနှုန်းများမှာလည်းအောက်ပါအတိုင်းဖြစ်သည်။
Galaxy S22 Ultra 12GB/256GB Green/ Burgundy/ Black 2,999,000 MMK
Galaxy S22+ 8GB/256GB Green/Black/ White 2,475,000 MMK
Galaxy S22 8GB/256GB Green/Black/ White 2,025,000 MMK
Galaxy S22 series ကိုဝယ်ယူသူများအနေနှင့် No-worry Crack ဝန်ဆောင်မှုအပြင် အပိုထပ်ဆောင်းပေးချေမှုပါဝင်သည့် အဟောင်းပေး အသစ်ယူလဲမှုအစီစဉ်များ၊ အရစ်ကျငွေပေးချေမှုများနှင့် E-commerce ပလတ်ဖောင်းများမှ ဝယ်ယူနိုင်မှုများကဲ့သို့သော အကျိုးခံစားခွင့်များရရှိမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များအတွက် https://www.samsung.com/mm မှလည်းကောင်း၊ Samsung Contact Centre ဖုန်းနံ ပါတ်ဖြစ် သော 01 2399888 လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Photo Source https://www.samsung.com/mm

ထို့အပြင် Samsung Myanmar မှ Galaxy သက်တမ်းတလျောက်စွမ်းရည်အမြင့်မားဆုံးလုပ်ဆောင်ချက်များ ထည့်သွင်းပေး ထားသည့် Galaxy Tab S8 စီးရီးသစ်အား ၂၀၂၂ခုနှစ်၊မတ်လ၄ရက်နေ့မှ ၂၆ ရက်နေ့အတွင်းကြိုတင်မှာယူမှုများ စတင်လက်ခံသွားမည်ဖြစ်သည်။
Galaxy Tab S8 Ultra 12GB/256GB Dark Gray 2,999,000 MMK
Galaxy Tab S8+ 8GB/256GB Dark Gray/ Silver 1,599,000 MMK
Galaxy Tab S8 8GB/128GB Dark Gray/ Silver 1,999,000 MMK
Samsung ချစ်သူများပိုမိုအဆင်ပြေလွယ်ကူစေရန် Samsung Myanmar မှ၁၀၀ရာခိုင်နှုန်းဘဏ်ငွေပေးချေမှု ဝန်ဆောင်မှုအပြင်အတိုးပေးရန်မလိုဘဲ၆-လတိအရစ်ကျငွေပေးချေမှုစနစ်အား CB Bank credit card နှင့် ၁၂ လတိအရစ်ကျငွေပေးချေမှုစနစ်အား KBZPay Shopper Loan တို့နှင့်ချိတ်ဆက်ကာဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

Photo Source https://www.samsung.com/mm

ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေမြန်မာငွေကျပ် ၁၀၀,၀၀၀ အားပေးသွင်းပြီး ၎င်းတို့၏ တက်ဘလက် အသစ်များအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ၆ရက်နေ့အတွင်းမှာ ယူထားသော ဖုန်းအရောင်း ဆိုင်ကြီးများတွင် လက်ကျန်ဖုန်းတန်ဖိုးငွေအပြည့်ပေးသွင်း၍သွားရောက်ထုတ်ယူနိုင်ပါသည်။ ကြိုတင်မှာယူထားသူများ အနေနှင့် Samsung Myanmar မှပေးအပ်သောအောက်ပါအပိုထပ် ဆောင်းလက်ဆောင်များကိုလည်းအသီးသီးရရှိသွားမည်ဖြစ်သည်။ (ပစ္စည်းလက်ကျန်ရှိသည်အထိသာ)
-Galaxy Tab S8 Ultra အားကြိုတင်မှာယူသူများအတွက် Key board Cover
-Galaxy Tab S8+ နှင့် Galaxy Tab S8 အားကြိုတင်မှာယူသူများအတွက် Note view Cover နှင့် Galaxy Fit2
ထို့အပြင် Galaxy Tab S8 Series အသစ်အားဝယ်ယူအားပေးသည့် customer များသည် No Worry Crack ဝန်ဆောင်မှုအဖြစ် ရှေ့မျက်နှာပြင်ထိခိုက်ပျက်စီးမှုပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့်လက်ခ ၅၀ ရာခိုင်နှုန်းသက်သာခွင့်တစ်ကြိမ် (သို့မဟုတ်) အနောက်မျက်နှာပြင်ထိခိုက်ပျက်စီးမှုအတွက်ပစ္စည်းဖိုးနှင့်လက်ခ ၁၀၀ ရာခိုင်နှုန်း သက်သာခွင့်တစ်ကြိမ်အား (၂၀၂၂ခုနှစ်၊၁ရက်၊ဧပြီလမှတစ်နှစ်တိတိ) အကျိုးခံစားခွင့်ရရှိနိုင်မည်။
Galaxy S21 စီးရီး၊ Note 20 စီးရီးနှင့် Foldable စမတ်ဖုန်းများအပြင် Galaxy Tab S7၊ Tab S6 သာမက၊ အခြားတက်ဘလက်အမျိုးအစားများအား ကိုင်ဆောင်ထားသူများအနေနှင့်လိုအပ်သောငွေကြေးပမာဏကို သာထပ်မံစိုက် ထည့်၍ မိတ်ဆက်ခဲ့သည့်မျိုးဆက်သစ် Tab S8 Series များနှင့်လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း Samsung Myanmar မှစီစဉ်ပေးထားသည်။ (အရေအတွက်အကန့်အသတ်ဖြင့်သာ) ထို့အပြင်ထိုသို့လဲလှယ်ဝယ်ယူမှုများအတွက် ထပ်ဆောင်း လက် ဆောင်အနေနှင့်Tab S8 Ultra အတွက်အပိုလက်ဆောင်မြန်မာငွေကျပ်၃၀၀,၀၀၀ (ပထမဆုံးမှာယူမှု၁၀ယောက်သာ)၊ Tab S8+ အားမြန်မာငွေကျပ်၂၀၀,၀၀၀ (ပထမဆုံးမှာယူမှု၃၀ယောက်သာ) နှင့် Tab S8 အားမြန်မာငွေကျပ်၁၀၀,၀၀၀ (ပထမဆုံးမှာယူမှု၅၀ယောက်သာ) တို့ကိုလည်းထပ်မံ၍ပေးအပ်သွားမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Samsung Contact Center 01-2399888 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။