တာရှည်အသုံးပြုနိုင်သည့် ဘက်ထရီနှင့် AI MACRO TRIPLE ကင်မရာတို့ ပါဝင်သည့်Y20 စမတ်ဖုန်းကို VIVO မှ စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သည့် Vivo ၏ Y စီးရီး နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်သည့် Y20 ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
Y20 စမတ်ဖုန်းသည် 5000mAh အားရှိသည့် ပမာဏကြီးမားသည့် ဘက်ထရီကို ထည့်သွင်းတပ်ဆင်ပေးထားပြီး နောက် ကျောပြင် ကင်မရာစနစ်တွင် AI Macro Triple ကင်မရာ (13MP + 2MP + 2MP) တပ်ဆင်ပေးထားသလို သုံးစွဲသူများ၏ ဘဝအခိုက်အတန့်များကို ပြည့်စုံကောင်းမွန်စွာဖြင့် အသေးစိတ်ရိုက်ကူးပေးနိုင်သည့် macro နှင့် bokeh ကင်မရာလုပ် ဆောင်ချက်များနှင့် Selfie စွမ်းရည်များလည်း ပါဝင်သည်။ ကြာရှည်သုံးစွဲနိုင်သည့် ဘက်ထရီသက်တမ်း သည် Vivo Y20 ၏ အဓိက အားသာချက်ပင်ဖြစ်ပြီး reverse charging လုပ်ဆောင်ချက် ပါဝင်သည့် AI သုံး ဘက်ထရီပါဝါ ချွေတာမှုစနစ် ပါဝင်သည်။ ထို့အပြင် ဖုန်းဖွင့်ခြင်း (Unlock) ကို စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင်ပြီး ဆန်းသစ်ကောင်းမွန် စွာဖြင့် ဖန်တီးထားသည့် ဖုန်း၏ဘေးဘက်တွင် တပ်ဆင်ထားသည်လည်း ပါဝင်သည်။

Photo Source https://www.facebook.com/vivomobileMM/

လူငယ်များအတွက် အဓိကထား ထုတ်လုပ်ထားသည့် Vivo ၏ Y Series စမတ်ဖုန်းများသည် နည်းပညာကို စိတ်ဝင် စားသော လူငယ်လူရွယ်များ၏ နေ့စဉ်ဘဝများကို အထောက်အပံ့ဖြစ်စေမည့် ဆန်းသစ်သော နည်းပညာများနှင့် ဆွဲဆောင်မှုရှိသည့် ပုံစံဒီဇိုင်းတို့ကြောင့်လူသိများသည်။ သုံးစွဲသူများ၏အကြိုက် ပုံစံဒီဇိုင်းနှင့် ဆန်းသစ်တီထွင်မှုများကို အလေးထားဖန်တီးထုတ်လုပ်ရန် ထားရှိထားသည့် ကတိကဝတ်အတိုင်း ယခု အသစ်ထုတ်လုပ်လိုက်သည့် Vivo Y20 ကို ကျစ်လစ်ပေါ့ပါး၊ လှပသေသပ်ပြီး ကိုင်တွယ်အသုံးပြုရန် လွယ်ကူကာ ဆွဲဆောင်မှုရှိသော တောက်ပြောင်သည့် 2.5D ကိုယ်ထည်ဖြင့် ဖန်တီးထုတ်လုပ်ထားသည်။ ထို့အပြင် လူငယ်များ၏ နေ့စဉ်ဘဝကိုပြီးပြည့်စုံစေမြည့် မျက်စိကျစရာ Obsidian Black နှင့် Dawn White အရောင် (၂) ရောင်ဖြင့် ထုတ်လုပ်ထားသည်။ Y20 တွင် နေ့စဉ်အသုံးပြုမှု ပုံစံနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်ပြီး ဖုန်းဖွင့်ခြင်း (Unlock) လုပ်ဆောင်ချက်ကို တုံ့နှေးမှုမရှိပဲ လွယ်ကူစွာ ဆောင်ရွက် နိုင်သည့် ဖုန်း၏ ဘေးဖက်တွင် တပ်ဆင်ထားသည့် လက်ဗွေစနစ် ပါဝင်သည်။ သုံးစွဲသူများ အနေဖြင့် လက်ဗွေဖတ် လုံခြုံ ရေးစနစ် (Fingerprint Sensor) (သို့) ခေတ်ပေါ် မျက်နှာဖတ် လုံခြုံရေးစနစ် (Face Unlock) လုပ်ဆောင်ချက်တို့ဖြင့် ဖုန်းလုံခြုံရေးကို တိုးမြှင့်ရန်အတွက် အသုံးပြုနိုင်သည်။
Y20 ၏ နောက်ကျောပြင် ကင်မရာစနစ်သည် အဆင့်မြင့် နည်းပညာသုံး ကင်မရာ (၃) လုံးတပ် AI Macro Triple ကင်မရာစနစ်ဖြစ်ပြီး 13MP+2MP Macro ကင်မရာနှင့် 2MP Bokeh လုပ်ဆောင်ချက်များ ပါဝင်သောကြောင့် သုံးစွဲသူများ
အနေဖြင့် မြင်ကွင်းကို လျင်မြန်ချောမွေ့စွာ ပြောင်းလဲနိုင်ပြီး ရုပ်ပုံအရည်အသွေးကို ထိခိုက်စေခြင်းမရှိဘဲ လှပ ကောင်းမွန်သည့် ရိုက်ချက်များကို ရိုက်ယူနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/vivomobileMM/

စမတ်ဖုန်းတွင် မျက်စိထိခိုက်မှုကို ကာကွယ်ပေးသော နည်းပညာ ပါဝင်သည့် ၆ ဒဿမ ၅၁ လက်မအရွယ် Halo Display မျက်နှာပြင်အား တပ်ဆင်ပေးထားသဖြင့် ထူးခြားကောင်းမွန်ပြီး ကန့်သတ်မှုမရှိသည့် ပြိုင်ဖက်ကင်း ဖျော်ဖြေရေး အတွေ့ အကြုံများအား ခံစားရရှိနိုင်မည် ဖြစ်သည်။ ကြာရှည်အသုံးပြုနိုင်သည့် ဘက်ထရီ၊ မျက်စိထိခိုက်မှုကို ကာကွယ်မှုပေးသည့် မျက်နှာပြင်တို့ကြောင့် Y20 စမတ်ဖုန်းသည် ရုပ်ရှင်ဇာတ်လမ်းများကို စွဲမက်နစ်မြောစွာ ကြည့်ရှုခြင်း အတွေ့အကြုံနှင့် အဆင့်မြင့် ဂိမ်းကစားခြင်းများ အတွက် အကောင်းဆုံးသော မိတ်ဖက်ပင် ဖြစ်သည်။
Y20 တွင် စွမ်းဆောင်ရည်မြင့်မားသည့် Qualcomm Snapdragon ပရော်ဆက်ဆာကို အသုံးပြုထားပြီး အမြန်နှုန်းနှင့် စွမ်းဆောင်ရည် မြင့်မားကောင်းမွန်စေရန် 3GB RAM မှတ်ဉာဏ်နှင့် 64 GB သိုမှီးမှုပမာဏ (microSD ကဒ်ဖြင့် 256GB အထိတိုးချဲ့နိုင်) ထည့်သွင်းတပ်ဆင် ပေးထားသည်။ ထို့အပြင် Ultra Game Mode လုပ်ဆောင်ချက်ဖြင့် အဆင့်မြင့် ဂိမ်းများဆော့ကစားခြင်းကို ပြတ်တောက်မှုမရှိစေပဲ စိတ်တိုင်းကျ ဆော့ကစားနိုင်မည် ဖြစ်သည်။
“ထူးခြားကောင်းမွန်တဲ့ ကင်မရာလုပ်ဆောင်ချက်တွေ၊ ကြီးမားတဲ့ဘက်ထရီပမာဏ၊ မျက်စိစွဲစရာ အရောင်တွေနဲ့ Ultra-game Mode တို့ပါဝင်ပြီး အလယ်အလတ်တန်း စမတ်ဖုန်းအသုံးပြုလိုသူတွေအတွက် အကောင်းဆုံးသော အတွေ့အကြုံ တွေကို ပေးအပ်နိုင်မယ့် ယခုနောက်ဆုံးထုတ် Y20 စမတ်ဖုန်းနဲ့ အတူ ကျွန်တော်တို့ရဲ့ Y Series ကို အားဖြည့်လိုက်ပါတယ်။ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသော လူငယ်တွေကို ဗဟိုပြုတဲ့ အမှတ်တံဆိပ် (Brand) ဖြစ်တာနဲ့အညီ ခေတ်မှီဆန်းသစ် သော နည်းပညာများဖြင့် ဖန်တီးထားပြီး စတိုင်ကျလှပတဲ့ စမတ်ဖုန်းများကို တန်ဖိုးအသင့်ဆုံး ဈေးနှုန်းတစ်ခုနဲ့ ရရှိနိုင် အောင် အမြဲကြိုးစားလျက်ရှိပါတယ်။ သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို အဆင်ပြေစေရန် ရည်ရွယ်ပြီး အသုံးပြုရ လွယ်ကူမှု၊ မျက်လုံးကို ကာကွယ်ပေးသည့် မျက်နှာပြင်၊ ဂိမ်းကစားခြင်းတို့အတွက် ကြီးမားသော ဘက်ထရီ ပမာဏနဲ့ စွမ်ဆောင်ရည်မြင့် ပရော်ဆက်ဆာတို့ကို အသုံးပြုခြင်းစတဲ့ Multimedia လုပ်ဆောင်ချက်များကို ထောက်ပံ့ ပေးနိုင်ရန် အဓိကထားပြီး Y20 ကို ဖန်တီးထုတ်ထားပါတယ်” ဟု Vivo Myanmar ၏ Chief Operation Officer ဖြစ်သူ Mr.Nelson Ni မှ ပြောကြားသည်။

Photo Source https://www.facebook.com/vivomobileMM/

Y20 တွင် လွယ်ကူချောမွေ့စွာ ကိုင်ဆောင်အသုံးပြုနိုင်ပြီး စမတ်ဖုန်း အတွေ့အကြုံကောင်းများ ရရှိ နိုင်ရန် အတွက် ထပ်မံ ဖြည့်စွက်ထားသော ထပ်ဆောင်းလုပ်ဆောင်ချက်များလည်း ပါရှိသည်။ Settings ထဲ၌ ထပ်မံ ထည့်သွင်းထားသော လုပ်ဆောင်ချက်အသစ်သည် အသုံးပြုသူများ အနေဖြင့် screen animation များကို စိတ်ကြိုက်ပြုလုပ်နိုင်မည့် ရွေးချယ် စရာနည်းလမ်းများစွာကို ပေးစွမ်းနိုင်ပါသည်။ Easy Share feature အသစ်သည် သင်၏ ဒေတာအချက်အလက်များ အားလုံးကို လက်ဖျားတစ်ချက်ထိရုံမျှဖြင့် Y20 သို့ အလွယ်တကူ လွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။ ထိုနောက် iManager ၏ အကူအညီဖြင့် vivo ဖုန်းသုံးစွဲသူများသည် ဖုန်းကို သန့်ရှင်းရေးလုပ်ခြင်းသို့မဟုတ် ညအချိန်တွင် ပြသနာများကို စစ်ဆေးခြင်းစသည့် ငြီးငွေ့စရာ ကောင်း သော နေ့စဉ်လုပ်ဆောင်မှုများကို ရှောင်လွှဲနိုင်ပါသည်။ သုံးစွဲသူ ညအိပ်နေချိန် အတွင်း iManager က ဖုန်းကို ကောင်းမွန်သော ပုံစံတစ်ခုဖြစ်အောင် လုပ်ဆောင်ပေးထားသည်။
ချိတ်ဆက်အသုံးပြုရန် Micro USB၊ Wi-Fi, Bluetooth 5.0, FM နှင့် OTG စသည့် နည်းပညာများ Y20 စမတ်ဖုန်းတွင် ပါဝင်သည်။ ဖုန်းအာရုံခံ ကိရိယာများအနေဖြင့် Accelerometer, Ambient Light Sensor, Proximity Sensor, Virtual Gyroscope, E-Compass, Side-Mount Fingerprint Scanner တို့ပါဝင်သည်။
Vivo Y20 စမတ်ဖုန်းအသစ်ကို စွဲမက်ဖွယ်ကောင်းပြီး စတိုင်ကျလှပသော Obsidian Black နှင့် Dawn White အရောင် (၂) ရောင်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ၂၂၉,၈၀၀ ကျပ်ဖြင့် online တွင်ဝယ်ယူရရှိနိုင်ပါသည်။
Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုပါက https://www.vivo.com/mm/about-vivo/news နှင့် Vivo ၏ Official Facebook page https://www.facebook.com/vivomobileMM/ တို့တွင်ကြည့်ရှုနိုင်ပါသည်။