OPPO Reno4 နှင့် OPPO Smart Watch တို့ကို ပြည်တွင်းဈေးကွက်အတွင်း စတင်ရောင်းချ

OPPO မှ ထူးခြား ကောင်းမွန်သော နည်းပညာများနှင့် နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းနှင့်အညီ ဆန်းသစ်ထားသည့် နေ့မိုက်ညချော OPPO Reno4 ကို ၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း၊ 46mm OPPO Smart Watch ကို ၃၁၉,၉၀၀ ကျပ်ဖြင့် လည်းကောင်း၊ 41mm OPPO Smart Watch ကို ၂၂၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း ဩဂုတ်လ (၃၀) ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် စတင်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။
ယခုစတင်ရောင်းချပေးလိုက်သည့် OPPO Smart Watch သည် ဖက်ရှင်၊ အားကစားနှင့် အခြားဆန်းသစ်သော စွမ်းဆောင်ရည်များအတွက် ရွေးချယ်စရာကောင်းတစ်ခုဖြစ်သည်။ ကမ္ဘာ့ပထမဆုံးသော Flexible Dual-curved AMOLED Screen နှင့် အတူ ထွက်ရှိလာမည့် 46mm OPPO Smart Watch ကို Black Colour ဖြင့် ဝယ်ယူရရှိနိုင်ပြီး AMOLED screen, Google OS အပါအဝင် VOOC အမြန်အားသွင်းခြင်းစနစ် ပါဝင်သော 41mm OPPO Smart Watch ကို Black Colour နှင့် Golden Pink Colour အရောင် (၂) မျိုးဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

အလွန်ပါးလွှာသောဘေးဘောင် 4.5mm Metal Frame နှင့် OPPO Smart Watch ကို ဈေးနှုန်းမြင့်ဖုန်းများတွင်သာ အသုံးပြုသည့် ကွေးညွှတ်သော မျက်နှာပြင်ဖြင့် ဖန်တီးပြုလုပ်ထားသောကြောင့် ဖက်ရှင်ကျသောအသွင်ကို ရရှိစေမည် ဖြစ်သည်။ ထို့ပြင် မိမိ Outfit နှင့် နေရာဒေသအလိုက် တွဲဖက် ဝတ်ဆင်နိုင်စေရန် Outfit-Matching AI Watch Face က ဖန်တီးပေးနိုင်သည်။ မိမိ ဝတ်ဆင်ထားသော Outfit ကို ဖုန်းနှင့် ဓာတ်ပုံရိုက်လိုက်ရုံဖြင့် AI Algorithm မှ အလိုအလျောက် ကိုက်ညီမှုရှိသည့် ပုံကို ပြောင်းပေးသွားမည်ဖြစ်သည်။ အခြားသော နာရီမျက်နှာပြင်ပုံစံများကိုလည်း Google Play တွင် ဒေါင်းလုပ်ဒ်ပြုလုပ်ကာ မိမိ စိတ်ကြိုက် လဲလှယ်တွဲဖက် ဝတ်ဆင်နိုင်မည်ဖြစ်သည်။ ထို့ပြင် OPPO Smart Watch ကို မည်သည့် Android ဖုန်းနှင့်မဆို ချိတ်ဆက်ကာ အသုံးပြုနိုင်ပြီး ဖုန်းဖြေကြားမှုများကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။
တစ်မူထူးခြားသော VOOC Flash Charge နည်းပညာကို OPPO Watch တွင် အသုံးပြုထားသောကြောင့် ၁၅ မိနစ် အားသွင်းရုံဖြင့် ၄၆ ရာခိုင်နှုန်းအထိ အားရောက်ရှိမည်ဖြစ်ပြီး တစ်နေ့လုံး အသုံးပြုနိုင်မည်ဖြစ်ကာ ၇၅ မိနစ် အားသွင်းရုံဖြင့် ၁၀၀ ရာခိုင်နှုန်းအထိ အားအပြည့်သွင်းနိုင်သောကြောင့် စမတ်နာရီ၏ အားသွင်းခြင်း ပြဿနာများကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် OPPO Watch တွင် High Performance Mode နှင့် Long Battery Life Mode ဟူ၍ ဘက်ထရီစနစ် (၂) ခု ပါဝင်သည့်အပြင် Google Wear OS ပါဝင်သောကြောင့် အားကစား App များနှင့်တွဲဖက် အသုံးပြုနိုင်ရုံသာမက သုံးစွဲသူများအတွက် အချိန်နေရာမရွေး အားကစားလုပ်နိုင်ရန် 5-Min Workout Function များနှင့် Fat Burn Run ၊ Fitness Run ၊ Swimming ၊ Outdoor Cycling နှင့် Outdoor Walk Modes များပါ ထည့်သွင်းပေးထားသည်။

Photo Source https://www.facebook.com/oppomyanmar/

ထို့ပြင် Google Assistant ကိုလည်း လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် Online မှ သီချင်းများကိုလည်း ဒေါင်းလုပ်ဒ်ပြုလုပ်ကာ အချိန်တိုင်းနေရာတိုင်း နားထောင်နိုင်ပြီး Payment များကိုလည်း OPPO Smart Watch အသုံးပြု၍ပင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထပ်မံ၍ Swimming Grade Waterproof, နှင့် လေဖိအားတိုင်းကိရိယာ၊ Direction အာရုံခံကိရိယာ၊ နှလုံးခုန်တိုင်းကိရိယာ၊ ပတ်ဝန်းကျင်အလင်းရောင် အာရုံကိရိယာ၊ Rotation ကို ထောက်လှမ်း ပေးသော အာရုံခံကိရိယာ အစရှိသော Professional Sensor (၅) မျိုး ကိုပါ ထည့်သွင်းတပ်ဆင်ပေးထားသည့်အပြင် ကျန်းမာရေး အချက်အလက်များကိုလည်း 24/7 တိုင်းတာပေးနေမည်ဖြစ်သည့်အလျောက် သုံးစွဲသူများအတွက် မရှိမဖြစ် လိုအပ်သော အားကစားလက်တွဲဖော်အဖြစ် အလွန်လွယ်ကူအဆင်ပြေစေမည်ဖြစ်သည်။
OPPO Smart Watch တွင် Dual -Endurance Mode နှစ်မျိုးကို ထောက်ပံ့ပေးနိုင်ရန်အတွက် Qualcomm နှင့် Ambiq Apollo Chip (၂) မျိုးကို ထည့်သွင်းတပ်ဆင်ထားသည်။ Smart Mode ဖြင့် လုပ်ဆောင်ချက်အားလုံး ဆောင်ရွက်နိုင်မည် ဖြစ်ကာ 46mm နှင့် 41mm OPPO Smart Watch တို့တွင် ၃၆/၂၄ နာရီအထိ စိတ်ချစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး Power Saver Mode ဖြင့် စာတိုများကို လက်ခံနိုင်ခြင်း၊ အချိန်ကြည့်နိုင်ခြင်း၊ ခြေလှမ်းအရေအတွက် ကြည့်ရှုနိုင်ခြင်းနှင့် နှလုံးခုန်နှုန်းများကို ထောက်လှမ်းပေးနိုင်မည်ဖြစ်သည်။ ဆက်လက်၍ OPPO Smart Watch LTE Connectivity မှ အချိန်မရွေး နေရာမရွေး မိုက်ကရိုဖုန်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

မြန်မာကျပ်ငွေ ၄၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည့် နေ့မိုက်ညချော OPPO Reno4 တွင် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူး ရာတွင် ပိုမိုကောင်းမွန်သော ပုံရိပ်များဖြင့် ဖန်တီးပုံဖော်ရိုက်ကူးနိုင်ရန် AI Colour Portrait နှင့် Night Flare Portrait စသည့် ကင်မရာ Feature များ ထည့်သွင်းပေးထားသည့်အပြင် 960fps Smart Slow Motion နှင့် Ultra Steady Video 3.0 ကိုပါ ထည့်သွင်းတည်ဆောက်ထားသည်။ ပါးလွှာသော ဖုန်းကိုယ်ထည်နှင့် OPPO Reno4 တွင် 8GB RAM နှင့် 128GB ROM ပါရှိကာ စွမ်းရည် ပိုမိုကောင်းမွန်မြန်ဆန်သော Qualcomm Snapdragon 720G Processor ဖြင့် ပံ့ပိုးထားပြီး 30W VOOC Flash Charge 4.0 နှင့် 4015mAh ဘက်ထရီပါဝင်သည်။ ဤနေ့မိုက်ညချော OPPO Reno4 ကို Space Black နှင့် Galactic Blue ဟူ၍ အရောင်(၂) မျိုး တို့ဖြင့် မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဩဂုတ်လ (၃၀) ရက်နေ့မှ စတင်ကာ ဝယ်ယူနိုင်မည်ဖြစ်သည်။
OPPO သည် ကမ္ဘာစမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာများ၏ ပေါင်းစပ်မှုကို ရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစား စုံလင်သည့် smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝ ကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခု ရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝအဆင့်မြင့် တိုးတက် ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။