Vivo S1 Prime ရဲ့ အံ့အားသင့်ဖွယ်ရာကင်မရာစွမ်းဆောင်ရည်များအကြောင်း

Vivo S1 Prime Limited Edition ရဲ့ ထူးခြားချက်က အများနဲ့မတူ ထူးခြားတောက်ပတဲ့ အရောင်ဆန်း ဖြစ်တဲ့အပြင် 16 MP ရှေ့ကင်မရာ၊ နောက်ဘက် 48 MP (ပင်မကင်မရာ) + 8 MP (မြင်ကွင်းကျယ်ကင်မရာ) + 2 MP Macro ကင်မရာ + 2 MP (အနီးကပ်ရိုက်နိုင်သည့်ကင်မရာ) တို့ပါဝင်တဲ့ စိန်ပွင့်ပုံစံကင်မရာဒီဇိုင်း လို့လည်းဆိုနိုင်ပါတယ်။
ယနေ့ခေတ်ရဲ့ ဖက်ရှင်ရေစီးကြောင်း၊ အနုပညာဖန်တီးမှုကို အဓိကပံ့ပိုးပေးတာကတော့ ဓာတ်ပုံရိုက်ကူးမှုနည်းပညာတွေ တိုးတက်လာခြင်းပါပဲ။ ဒါကြောင့် နောက်ပိုင်းထုတ်လုပ်လာတဲ့ စမတ်ဖုန်းသစ်တွေမှာ အရည်အသွေးကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံ၊ ဗီဒီယိုတွေရိုက်ကူးနိုင်မယ့် features တွေ အပြိုင်အဆိုင်ထည့်သွင်းလာကြပါတယ်။
တစ်သက်တာအမှတ်ရစေမယ့် ခရီးသွားမှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုတွေကို Vivo S1 Prime Limited Edition မှာပါဝင်တဲ့ကင်မရာက အရည်အသွေးပြည့်မှီကောင်းမွန်အောင်ရိုက်ကူးနိုင်တယ်ဆိုတာသက်သေပြဖို့ Vivo ကနေ Akhayar Lifestyle နဲ့အတူ အင်းဝမြို့ဟောင်းမှာ ခရီးသွား Vlog လေးတစ်ခု ပူးပေါင်းဖန်တီးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ခမ်းနားထည်ဝါတဲ့ ရှေးဟောင်းမြို့တော်၊ သမိုင်းမှတ်တမ်းအထောက်အထားတွေအများကြီး ကျန်နေသေးပြီး ရာဇဝင်တွင်ခဲ့တဲ့ အင်းဝမြို့ဟောင်းရဲ့ ဂန္တဝင်မြောက်အလှတရားတွေကို ခေတ်မီဖက်ရှင် ဆန်းပြားမှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရင်သပ်ရူမောစရာ ပုံရိပ်တွေကို မြင်တွေ့နိုင်ခဲ့ပါပြီ။

Photo Source https://www.vivo.com/en/about-vivo/news

အင်းဝမြို့ဟောင်းမှာဖုန်းနဲ့ဓာတ်ပုံအလန်းစားတွေရိုက်တတ်သူ နာမည်ကျော်နေတဲ့ ကလေးတွေလည်း ရှိပါတယ်။ နောက်ဆုံး ပေါ်ဖုန်းအမျိုးအစားအစုံကျွမ်းကျင်စွာကိုင်တွယ်တတ်ပြီး ဓာတ်ပုံအရိုက်ခံသူတွေကို အကောင်းဆုံးကိုယ်နေဟန်ထား၊ location နေရာတွေပါ ပြသပေးနိုင်လို့ ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်သူတွေပါ။ သူတို့လေး တွေကလည်း Vivo S1 Prime ကင်မရာမှာပါဝင်တဲ့ features တွေကို သဘောကျနှစ်သက်ကြပြီး ပါဝင်ကူညီရိုက် ကူးပေးခဲ့ကြတယ်။
Vivo S1 Prime မှာပါဝင်တဲ့ ကင်မရာတွေက အကျယ်ချဲ့ရိုက်ကူးရတဲ့ မြင်ကွင်းကျယ်ပုံတွေနှင့် ရုပ်ထွက် အရည် အသွေးကောင်းမွန်တဲ့ အမှတ်တရပုံတွေကို အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ရိုက်ကူးပုံဖော်ရာမှာ ကူညီနိုင်မှာပါ။ ထပ်မံပါဝင် လာတဲ့ AI face beauty, Super night selfie နဲ့ pose master လိုမျိုး ကင်မရာစွမ်းဆောင်ရည်တွေကလည်း မူလရှိနေတဲ့ အရည်အသွေး‌ွပျေက်ပြားသွားခြင်းမရှိစေဘဲ စွဲမက်ဖွယ်ရာကောင်းမွန်သည့် Portraits ပုံများ ရရှိနိုင်မှာဖြစ်ပါတယ်။

Photo Source https://www.vivo.com/en/about-vivo/news

“Vivo ဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရယူနိုင်ခဲ့ပြီး၊ Vivo Y Series နဲ့ S Series တို့နဲ့လည်း အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာလူငယ်တွေရဲ့ တောက်ပတဲ့ စတိုင်လ်တွေနဲ့ အရောင် တွေနဲ့ ကိုက်ညီမှုရှိဖို့အတွက် အခုလိုမျိုး S1 Prime ကို ထူးခြားဆန်းပြားတဲ့ အရောင်တွေနဲ့ မိတ်ဆက်ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရောင်အသွေးများဟာ အသုံးပြုသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့ ပင်ကိုယ် အရည်အသွေးတွေကို ထုတ်ဖော်ပြသနေတာကို နားလည်တာကြောင့် အခုလိုမျိုး Nebula Blue နဲ့ Jade Black စတဲ့ အရောင်တွေကို S1 Prime ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ အခုလို အဆင့်မြှင့် တင်ထားတဲ့ အရောင် အမျိုးအစားအသစ်တွေနဲ့အတူ ခေတ်မီဆန်းသစ်တဲ့ စမတ်ဖုန်းများစွာနဲ့ မြန်မာလူငယ်တွေအတွက် ဈေးနှုန်းချိုသာတဲ့ စမတ် ဖုန်းတွေကို မိတ်ဆက်သွားရင်း စမတ်ဖုန်းလောကကို တစ်ဆစ်ချိုး ပြောင်းလဲလိုပါတယ်” ဟု Vivo မြန်မာ၏ Chief Operating Officer ဖြစ်သူ Mr. Nelson Ni မှ ပြောကြားပါတယ်။

Photo Source https://www.vivo.com/en/about-vivo/news

Vivo ဟာ ဆန်းသစ်တီထွင်ခြင်း၊ သုံးစွဲသူများရဲ့ စိတ်အားထက်သန်မှု၊ Benfen အပါအဝင် သတ်မှတ်ထားသော အဓိကတန် ဖိုးများကိုစောင့်ထိန်းလိုက်နာလျက်ရှိပါတယ်။ Vivo ဟာ ဖွံ့ဖြိုးတိုးတက်မှု ဗျူဟာကိုလည်းအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာ့အဆင့်မီစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာဖို့လည်း ရန်မျှော်မှန်းထားပါတယ်။
Vivo ရုံးချုပ်ဟာ တရုတ်နိုင်ငံမှာတည်ရှိပြီး အမေရိကန်နိုင်ငံ (San Diego မြို့) နဲ့ တရုတ်နိုင်ငံ (Dongguan, Shenzhen, Nanjing, Beijing, Hangzhou) မြို့များမှာ သုသေသနဖွံဖြိုးရေးစင်တာများကို ထောက်ပံ့ပေးခဲ့ပါတယ်။ အဲ့ဒီ စင်တာများမှာ 5G၊ AI၊ Mobile Photography နဲ့ မျိုးဆက်သစ်စမတ်ဖုန်း ဒီဇိုင်းတို့ကို သုံးစွဲသူများအတွက် နောက်ဆုံးပေါ် နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာစေဖို့ အဓိကထား အာရုံစိုက်လျှက်ရှိပါတယ်။
Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုပါက https://www.vivo.com/en/about-vivo/news နှင့် Vivo ၏ Official Facebook page https://www.facebook.com/vivomobileMM/ တွင်ကြည့်ရှုနိုင်ပါတယ်။