အသက်သာဆုံးနှုန်းထားများဖြင့် လစဉ်၊ အပတ်စဉ် နားဆင်ခံစားနိုင်စေရန်အတွက် “တေးသံသာ” Data Pack ကို MPT ကမိတ်ဆက်

MPT က သုံးစွဲသူများအတွက် လူသိများထင်ရှားသော တေးသံသာ ဂီတဝန်ဆောင်မှု မှတစ်ဆင့် မြန်မာတေး သီချင်းချစ်မြတ်နိုးသူများအတွက် မိမိကြိုက်နှစ်သက်ရာအဆိုတော်များ၏ Exclusive သီချင်းအသစ်များ နှင့် ထင်ပေါ်ကျော် ကြားသည့် မြန်မာတေးသီချင်းများကို သီးသန့်ဦးဦးဖျားဖျား နားဆင်ခံစားနိုင်ရန် အထူးဝန်ဆောင်မှုတစ်ခုဖြစ်သည့် တေးသံသာ Data Pack ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် “တေးသံသာ” Music App သည် MPT သုံးစွဲသူများအား မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးတေးသီချင်းများကို နားဆင်ခံစားနိုင်ရန်နှင့် တက်သစ်စလူငယ်များ၏ တေးသီချင်းအသစ်များ ကို ရှာဖွေခြင်းများ၊ အရည်အသွေးမြင့် တေးသီချင်းများကို ဒေါင်းလုတ်ဆွဲပြီး နားဆင်နိုင်မည် ဖြစ်သည့်အပြင် Mega Stars မှ ထွက်ရှိသော အနုပညာရှင်များ၏ သီးသန့် အထူးသီးသန့် ဂီတဗွီဒီယိုစုစည်းမှုများနှင့် ဂီတဖျော်ဖြေပွဲ တိုက်ရိုက်ထုတ်လွှင့်မှုများကိုလည်း ကြည့်ရှုခံစားနားဆင်နိုင်မည့် အတွေ့အကြုံကောင်းများကို ပေးအပ်ခဲ့ပါသည်။

Photo Source https://www.facebook.com/mptofficialpage/

MPT သည် မြန်မာနိုင်ငံ၏ ပြည်တွင်းတေးဂီတထုတ်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် “တေးသံသာ” Music App နှင့် လက်တွဲကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေကြောင့် အိမ်မှာပင်နေရသည့် သုံးစွဲသူများအတွက် သက်သာသောနှုန်းထားများဖြင့် Premium ဒီဂျစ်တယ် ဖျော်ဖြေရေး အတွေ့အကြုံများကို ပေးအပ်လျက်ရှိသည်။
“ကျွန်တော်တို့နဲ့ “တေးသံသာ” Music App တို့စတင်ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အချိန် ၂၀၁၉ ခုနှစ်ကတည်းက ရည်ရွယ်ခဲ့တဲ့အတိုင်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် Music Streaming နဲ့ ဒီဂျစ်တယ် ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို အကောင်းဆုံး ပေးအပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ အခုဆိုရင် တေးသံသာ Data Pack အသစ်နဲ့အတူ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ တေးသံသာ ဂီတဝန်ဆောင်မှုကို Premium Level အဖြစ်၊ အကန့် အသတ်မရှိ နားဆင်နိုင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေကြောင့် အိမ်မှာနေရတဲ့ကာလတွေမှာ တစ်မူထူးခြားတဲ့ ဒီဂျစ်တယ်အတွေ့အကြုံကောင်းတွေကို ရရှိခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကတိအတိုင်း ဆက်လက် ဆောင်ရွက်နေပါတယ်။ တခြားတစ်ဖက်က ကြည့်မယ်ဆိုရင်လည်း စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံနေရတဲ့ ဒီလိုအချိန်မှာ မြန်မာနိုင်ငံရဲ့ ဂီတနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါတယ်”ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားသည်။
MPT သည် တေးသံသာ Music App တွင် Premium တေးသီချင်းများကို တေးသံသာ Data Pack ဝယ်ယူလိုက်ရုံဖြင့် အခမဲ့နားဆင်နိုင်ရန် ဆောင်ရွက်ပေး နေသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးအော်ပရေတာဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အောက်ဖော်ပြပါဇယားတွင် ပါရှိသည့်အတိုင်း USSD (သို့မဟုတ်) MPT4U App ကို အသုံးပြု၍ တေးသံသာ Data Pack ကို လွယ်ကူစွာ ဝယ်ယူနိုင်သည်။

Photo Source https://www.facebook.com/mptofficialpage/

MPT သုံးစွဲသူများ အနေဖြင့် တေးသံသာ Music App ကို ဒေါင်းလုတ်ပြုလုပ်ရန်နှင့် လုပ်ဆောင်ချက်များကို ရယူခံစားနိုင်ရန် Google Play Store (သို့မဟုတ်) Apple Store တို့မှ ဝင်ရောက်၍ ဒေါင်းလုတ်ရယူ အသုံးပြုနိုင်ပါသည်။ Application ကို ဒေါင်းလုတ်ရယူပြီးပါက သုံးစွဲသူများအနေဖြင့် MPT ဆင်းမ်ကတ်နံပါတ်ဖြင့် စာရင်းသွင်းရန် လိုအပ်ပါသည်။ Premium ဝန်ဆောင်မှုများနှင့် ဒေတာအကျိုးကျေးဇူးများကို ရယူရန်အတွက် သုံးစွဲသူများသည် *8070# သို့ ခေါ်ဆို၍ (သို့မဟုတ်) MPT4U App မှတစ်ဆင့် Data Pack ကို ဝယ်ယူနိုင်သည်။
MPT သည် အရည်အသွေးမြင့် ပြည်တွင်းနှင့် နိုင်ငံတကာ တေးဂီတ၊ အားကစား၊ ဖျော်ဖြေရေး၊ ပညာရေးဆိုင်ရာ များကို အဓိကထားပြီး သုံးစွဲသူအားလုံး၏ ဒီဂျစ်တယ်ဘဝတိုးတက်စေရန် ထပ်ဆောင်းဝန်ဆောင်မှုများကို ဆက်လက် တိုးချဲ့ ပေးအပ်လျက်ရှိပါသည်။
ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ (သို့မဟုတ်) MPT ၏ တရားဝင် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် တေးသံသာ ဖေ့စ်ဘွတ်ခ် စာမျက်နှာ (သို့မဟုတ်) ဖုန်းနံပါတ် 09893894895 ကို ၂၄ နာရီ ၇ရက် ပတ်လုံးခေါ်ယူနိုင်ပါသည်။