vivo ၏ Tik Tok ပြိုင်ပွဲအစီအစဉ်တွင် အနိုင်ရသူများအား Vivo S1 Prime Limited Edition စမတ်ဖုန်းသစ်နှင့်အခြား ဆုလက်ဆောင်များချီးမြှင့်

လူမှုကွန်ရက်တွင် ရေပန်းစားနေသော Tik Tok ရိုက်ကူးခြင်းကို စွဲလမ်းနှစ်ခြိုက်သူ လူငယ်များအတွက် vivo မှ Tik Tok ပြိုင်ပွဲအစီအစဉ်တစ်ခုအား ဩဂုတ်လ (၁၅) ရက်နေ့မှ (၂၉) ရက်နေ့ထိ vivo Myanmar Facebook page မှာပြု လုပ်ခဲ့ပါတယ်။
လူကြီးလူငယ်မရွေး နေ့စဉ်လူနေမှုဘဝပုံစံကို vivo S စီးရီး နောက်ဆုံးပေါ် စမတ်ဖုန်းသစ် vivo S1 Prime Limited Edition စမတ်ဖုန်းက အကောင်း ဆုံးကူညီပံ့ပိုးပေးနိုင်ဆိုတာ vivo ချစ်သူတွေ သိပြီးသားပဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်မယ့်သူတွေ နမူနာကြည့်နိုင်အောင် ပြည်သူ့အချစ်တော်တွေဖြစ်ကြတဲ့ vivo Brand Ambassador နေခြည်ဦးနှင့်အတူ အခြား Celebirity များဖြစ်ကြတဲ့ အုပ်စိုးခန့်နဲ့ မေလသံစဉ်တို့ကလည်း Tik Tok Video ရိုက်ကူးပြီး vivo Myanmar official page မှာတင်ခဲ့ပါတယ်။ စိတ်ခွန်အားပျော်ရွှင် တက်ကြွမှု ရရှိစေတဲ့ Tik Tok ဗီဒီယိုရိုက်ကူးလေ့ရှိတဲ့ vivo သုံးစွဲသူတွေကလည်း ဒီအစီအစဉ်မှာ အလှဆုံးကကွက်တွေနဲ့ တစ်ဦးချင်း၊ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဆုရရှိသူ တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ကိုက်ညီပြီး အလှဆုံးကပြနိုင်ခဲ့ သူတွေကို ရွေးချယ်ခဲ့တာပဲဖြစ် ပါတယ်။

Photo Source https://www.facebook.com/vivomobileMM/

ပထမဆုရရှိသူ (@PhyoEiSan) ကို vivo S1Prime Limited Edition ဖုန်း ထိုက်တန်စွာချီးမြှင့်ခဲ့ပြီး အခြားဆုရရှိသူခဲ့သူတွေကိုလည်း vivo S1Prime Limited Edition Gift Set အသီးသီးပေးအပ်ခဲ့ပါတယ်။ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့သူတွေရဲ့ ဝမ်းသာပီတိစကားသံတွေကိုလည်း vivo မှကြားသိခဲ့ရပြီး vivo ဖုန်းသုံးစွဲသူတွေ စိတ်ကျေနပ်ပျော်ရွှင်စေဖို့ကလည်း vivo ရဲ့ အဓိကရည်မှန်းချက်တစ်ခုပါပဲ။
vivo S1 Prime မှာ ထူးခြားဆန်းပြားပြီး ရုပ်ရှင်ကြည့်ရှုခြင်းအတွက် အကောင်းဆုံးအတွေ့အကြုံ ကို ပေးစွမ်းနိုင်စေရန် 6.38 လက်မအရွယ်ရှိ Full HD + မိုးရေစက်ပုံစံ Super AMOLED မျက်နှာပြင်နည်းပညာ ထည့်သွင်းပေးထားတာကြောင့် အခုလိုမျိုး Tik Tok ဆော့တဲ့အခါပဲဖြစ်ဖြစ်၊ ဗီဒီယို ရိုက်တဲ့အခါပဲဖြစ်ဖြစ် အဆင်ပြေစေပါတယ်။ နောက်ပြီး vivo ရဲ့ နည်းပညာ မျက်နှာပြင်အောက်လက်ဗွေလုံခြုံရေးစနစ်နဲ့ 3D curved metal body လည်း ပါဝင်တယ်။ 4500 mAh ဘက်ထရီကို အသုံးပြုထားပြီး 18W Flash Charge အမြန်အားသွင်းစနစ်ပါတော့ စိတ်ကြိုက်ဖုန်း သုံးနိုင်ပါတယ်။ ဒါကြောင့် တူမူထူးခြားပြီး သင့်ဖက်ရှင်ပုံရိပ်ကို မြှင့်တင်ပေးနိုင်မယ့် S1 Prime Limited Edition ကို ၃၈၉၈၀၀ ကျပ်နဲ့ မြန်မာနိုင်ငံတစ်ဝန်း ဖုန်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ။

Photo Source https://www.facebook.com/vivomobileMM/

Vivo ဟာ ဆန်းသစ်တီထွင်ခြင်း၊ သုံးစွဲသူများရဲ့ စိတ်အားထက်သန်မှု၊ Benfen အပါအဝင် သတ်မှတ်ထားသော အဓိကတန် ဖိုးများကိုစောင့်ထိန်းလိုက်နာလျက်ရှိပါတယ်။ Vivo ဟာ ဖွံ့ဖြိုးတိုးတက်မှု ဗျူဟာကိုလည်းအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာ့အဆင့်မီစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာဖို့လည်း ရန်မျှော်မှန်းထားပါတယ်။
Vivo ရုံးချုပ်ဟာ တရုတ်နိုင်ငံမှာတည်ရှိပြီး အမေရိကန်နိုင်ငံ (San Diego မြို့) နဲ့ တရုတ်နိုင်ငံ (Dongguan, Shenzhen, Nanjing, Beijing, Hangzhou) မြို့များမှာ သုသေသနဖွံဖြိုးရေးစင်တာများကို ထောက်ပံ့ပေးခဲ့ပါတယ်။ အဲ့ဒီ စင်တာများမှာ 5G၊ AI၊ Mobile Photography နဲ့ မျိုးဆက်သစ်စမတ်ဖုန်း ဒီဇိုင်းတို့ကို သုံးစွဲသူများအတွက် နောက်ဆုံးပေါ် နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာစေဖို့ အဓိကထား အာရုံစိုက်လျှက်ရှိပါတယ်။
Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုပါက https://www.vivo.com/en/about-vivo/news နှင့် Vivo ၏ Official Facebook page https://www.facebook.com/vivomobileMM/ တွင်ကြည့်ရှုနိုင်ပါတယ်။