Instagram အနေနှင့် Stories တွင် စက္ကန့် ၆၀ စာဗီဒီယိုများ တင်ခွင့်ပြုတော့မည်

Instagram ဟာသူ့ရဲ့ Platform ပေါ်မှာ စက္ကန့် ၆၀ စာ Story video တွေတင်နိုင်ဖို့အတွက် စမ်းသပ် နေတယ်လို့ သိရပါတယ်။ Story တွေကတင်ပြီးတဲ့အချိန်ကနေ ၂၄ နာရီအကြာထိရှိနေမှာ ဖြစ်ပါတယ်။ အရင် ၁၅ စက္ကန့်ပဲတင်လို့ရတဲ့ Video တွေကနေ မကြာခင် အရှည်ဆုံးပမာဏ စက္ကန့် ၆၀ အထိ တင်နိုင်တော့မှာ ဖြစ်ပါတယ်။ 

တစ်ချို့အသုံးပြုသူတွေအတွက်တော့ Instagram ကအသိပေးနေပြီလို့သိရပါတယ်။ အရင်က ၁၅ စက္ကန့်ထက်ကျော်တဲ့ ဗီဒီယိုတွေကို တင်မိတဲ့အခါ Story တွေကို ၁၅ စက္ကန့်မှာဖြတ်ပြီး ဆက်တင်ပေးသွားမှာဖြစ်ပါတယ်။ အခုပြောင်းလဲလိုက်တဲ့အချိန်မှာတော့ ခွဲပြီးတင်စရာမလိုဘဲ စက္ကန့် ၆၀ စာအတိ တင်နိုင်မှာပါ။ အသုံးပြုသူတွေအတွက် အသုံးပြုရပိုလွယ်အောင် Instagram ရဲ့ Interface ဒီဇိုင်းကိုလည်း ပြန်ပြင်ဆင်ပေးဖို့ စမ်းသပ်နေပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုသူတိုင်းကို ဒီလိုလုပ်ဆောင်ချက်တွေ ဘယ်တော့ပေးနိုင်မယ် ဆိုတာ ကတော့ မသေချာသေးပါဘူးး။ တစ်ချို့အသုံးပြုတွေကတော့ လက်ရှိမှာ စက္ကန့် ၆၀ စာ ဗီဒီယိုတွေကို Instagram Story မှာတင်လို့ ရနေပါပြီ။