HUAWEI ၏ Nova Series များ သမိုင်းကြောင်းနှင့် အသစ်ရောက်ရှိလာတော့မည့် HUAWEI nova 9 အကြောင်း

၂၀၁၁ ခုနှစ်မှာ Huawei အနေနဲ့ စမတ်ဖုန်းဈေးကွက်တစ်ခုလုံးမှာလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့တဲ့ အရွေ့တစ်ခုကို သူ့ရဲ့ ပထမဦးဆုံး စမတ်ဖုန်းကို စတင်ခဲ့ပြီး တောက်လျှောက်ဆိုသလို အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဆက်သွယ်ရေးနဲ့ပတ်သတ်တဲ့ အတွေ့အကြုံကောင်းတွေအပေါ် အခြေခံပြီး ခေတ်ရှေ့ပြေးတဲ့ နည်းပညာတွေနဲ့ တီထွင်ဆန်းသစ်မှုကိုအသားပေးထားတဲ့ စမတ်ဖုန်းများကို သုံးစွဲသူများလက်ထဲ အရောက်ထည့်ပေးနိုင်ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ စမတ်ဖုန်းလောကမှာ ရှေ့ရောက်နေစေဖို့ R&D သုတေသနနဲ့ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်တွေမှာ စဉ်ဆက်မပြတ် အလုံးအရင်းနဲ့ ရင်းနှီးမြုပ်နှံပြီး သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထုတ်ကုန်များကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီဟာတွေဟာ HUAWEI ရဲ့ Mate Series နဲ့ P Series တွေမှာ မြင်တွေ့ခဲ့ရပြီး Huawei ရဲ့ တီထွင်ဆန်းသစ်နိုင်စွမ်း စိတ်ဓာတ်ကို အရင်းခံ ထင်ဟပ်နေစေတဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်။
ဒါပေမယ့် Huawei ဟာသူ့ရဲ့ တီထွင်ဆန်းသစ်မှုတွေကို Mate နဲ့ P Series တွေမှာပါပဲ ရပ်တန့်မနေခဲ့သလို၊ သူ့ရဲ့ စမတ်ဖုန်းနဲ့ပတ်သတ်တဲ့ ထုတ်ကုန်အမျိုးအစားတွေဟာလည်း လူအများစု သတိထားမိတာတွေထပ် ပိုပါတယ်။ ဒီနေ့ခေတ်ပိုင်းမှာဆိုရင် သူ့ရဲ့ HUAWEI nova Series တွေဟာလည်း သုံးစွဲသူတွေတော်တော်လေး သတိထားမိလာတဲ့ ထုတ်ကုန်အမျိုးအစားတစ်ခုအဖြစ်နေရာယူလာခဲ့ပါတယ်။ Huawei ရဲ့ Nova Series တွေဟာဆိုရင် သူထုတ်လုပ်ခဲ့တာ ၆နှစ်ကျော်သက်တမ်းကို ရောက်ရှိလာပြီပဲဖြစ်ပြီး အခုနောက်ဆုံးထွက်ရှိလာမယ့် Nova အမျိုးအစားသစ်ကတော့ HUAWEI nova 9 ပဲဖြစ်ပါတယ်။ HUAWEI nova 9 မှာတော့ ကောင်းမွန်လှတဲ့ မျက်နှာပြင်ရုပ်ထွက်၊ Gaming အတွက် အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ပိုင်း၊ စိတ်ကျေနပ်မှုရရှိစေမယ့် ကင်မရာပိုင်းစတာတွေနဲ့အတူပွဲထွက်လာမှာပဲဖြစ်ပါတယ်။ သူ့မှာပါဝင်လာတဲ့ Feature တော်တော်များများဟာလည်း Flagship အမျိုးအစားဖုန်းတစ်လုံးမှာပါဝင်လာတဲ့ feature တွေပဲဖြစ်ပြီး အရည်အသွေးမြင့်တဲ့ ထုတ်ကုန်ကို ရှာဖွေနေတဲ့ သုံးစွဲသူတွေအတွက် ရွေးချယ်စရာတစ်ခုတိုးလာစေမှာပဲဖြစ်ပါတယ်။ နောက်ထပ် ထုူးခြားချက်တစ်ခုကတော့ အခု HUAWEI nova 9 ဟာ ဥရောပဈေးကွက်မှာပါ ပထမဦးဆုံးအကြိမ်တင်ပို့ရောင်းချမယ့် HUAWEI nova Series အမျိူးအစားတစ်ခုပဲဖြစ်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM

၂၀၁၆ ခုနှစ်မှာကျင်းပခဲ့တဲ့ IFA (Internationale Funkausstellung Berlin) ပွဲအခမ်းအနားမှာ HUAWEI အနေနဲ့ သူ့ရဲ့ HUAWEI nova နဲ့ HUAWEI nova plus အမျိုးအစားထုတ်ကုန်သစ် နှစ်ခုကိုစတင်မိတ်ဆက်ပြသခဲ့ပါတယ်။ ထူးခြားတဲ့ဒီဇိုင်းအသွင်အပြင်၊ ကောင်းမွန်တဲ့ ကင်မရာပိုင်းအတွဲအဖက်တွေနဲ့ ထုတ်ကုန်ကို ဈေးနှုန်းသင့်တင့် စွာနဲ့မိတ်ဆက်ပြသခဲ့လို့ စိတ်ဝင်စားမှုများစွာ ရရှိခဲ့ပါတယ်။ စိတ်ဝင်စားမှုနဲ့အတူရောင်းအားပိုင်းမှာပါ အောင်မြင်မှုတွေရရှိခဲ့တဲ့ ပထမဆုံး nova ထုတ်ကုန်ရဲ့ အငွေ့အသက်တွေကို အုတ်မြစ်အခိုင်အမာတည်ဆောက်ပြီး နောက်ထပ်နှစ်တွေမှာလဲ အခုလိုပဲ ခေတ်ရှေ့ပြေးထူးခြားကောင်းမွန်တဲ့ နည်းပညာတွေနဲ့nova အမျိုးအစားထုတ်ကုန်တွေကို တောက်လျှောက်ထုတ်လုပ်ခဲ့ပြီး သုံးစွဲသူတွေအတွက် ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံသစ်တွေကို ယူဆောင် ပေးနိုင်ခဲ့ပါတယ်။
HUAWEI nova 3e ဟာဆိုရင် Android ဖုန်းအမျိုးအစားတွေထဲမှာ ပထမဦးဆုံး notched screen အမျိုးအစားကို အသုံးပြုထားတဲ့ဖုန်းအမျိုးအစားဖြစ်လာခဲ့ပြီး တော်တော်လေးရေပန်းစား အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ HUAWEI nova 5T အမျိုးအစားဟာဆိုရင်လည်း 48MP Quad AI ကင်မရာလေးလုံးတွဲဖက်ထားတဲ့ အမျိုးအစားကို အသုံးပြုလာခဲ့ပြီး သုံးစွဲသူတွေအတွက်အရည်အသွေးမြင့်မားတဲ့ ပုံရိပ်တွေကို ultra wide-angle ၊ macro နဲ့ bokeh ပုံတွေကို ရိုက်ကူးစေနိုင်ခဲ့ပြီး ပြည်တွင်းဈေးကွက်မှာပါတော်တော်လေး ရေပန်းစားခဲ့တဲ့ ထုတ်ကုန် အမျိုးအစားဖြစ်ပါတယ်။ HUAWEI nova 7i ဆိုရင်လည်း သူ့ရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ အဲ့ဒီနှစ်ပိုင်းမှာ Flagship ဖုန်းအချို့သာရရှိနိုင်သေးတဲ့ မြန်နှုန်းမြင့် အားသွင်းစနစ်ကို သင့်တင့်မျှတတဲ့ဈေးနဲ့ သုံးစွဲသူတွေဆီ အရောက်ပို့ပေးနိုင်ခဲ့ပြီး သုံးစွဲသူတွေလည်း စိတ်ကျေနပ်ပြီး တော်တော်လေးနာမည်ကြီးခဲ့တဲ့ စမတ်ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။ ယခုပြည်တွင်း ဈေးကွက်မှာ နောက်ဆုံးဖြန့်ချီထားတဲ့ HUAWEI nova 8i ဟာဆိုရင်လည်း 64MP AI Quad Camera system နဲ့အတူ 66W အမြန်အား သွင်းစနစ်လည်း ပါဝင်လာခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ နှစ်တွေမှာဆိုရင် အပေါ်မှာ ဖော်ပြခဲ့သလို သူ့ရဲ့ ထူးခြားချက် ကိုယ်စီကြောင့် ဈေးကွက်ထဲမှာ ရေပန်းစားခဲ့တဲ့အပြင် သုံးစွဲသူတွေလည်း စိတ်ကျေနပ်မှုတွေရရှိခဲ့တဲ့ ထုတ်ကုန်အမျိုး အစားတစ်ခုဖြစ်တယ်ဆိုတာ ပေါ်လွင်စေပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM

အခု ဈေးကွက်ထဲကို ရောက်ရှိလာတော့မယ့် HUAWEI nova 9 ဟာဆိုရင်လည်း သူ့ရဲ့ နောင်တော်တွေဖြစ်တဲ့ ရှေ့က nova series တွေလို ထူးခြားချက်တွေပါဝင်လာဦးမှာပဲဖြစ်ပါတယ်။ HUAWEI nova 9 မှာ 50MP Ultra Vision Camera system တပ်ဆင်ထားပြီး ညဘက်ရိုက်ကူးမှု၊ Panorama၊ ပေါ့ထရိတ်နှင့် အနီးကပ်ရိုက်ကူးမှုများ အစရှိသဖြင့် ရိုက်ကူးမှု အစုံစုံအတွက် အရည်အသွေးမြင့် ပုံရိပ်များကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးစေနိုင်မှာပဲဖြစ်သည်။ အနောက် ကင်မရာပိုင်းတွင် 50MP Ultra Vision Main Camera ၊ 8MP Ultra Wide Angle Camera၊ Macro Camera နှင့် Depth Camera စုစုပေါင်း ၄လုံးဖြင့် ဖွဲ့စည်းထားပြီး Sensor ပိုင်းအတွက် 1/1.56-inch sensor အမျိုးအစားနှင့် အလင်းရောင်တုံ့ပြန်မှုအားကောင်းသည့် RYYB CFA အမျိုးအစားတို့ကို အသုံးပြုပေးထားပြီး သာမာန် RGGB sensor အမျိုးအစားများထပ် အလင်းဝင်ရောက်မှုအားကို ၄၀ရာခိုင်နှုန်းအထိ ပိုမိုရရှိစေမှာပဲဖြစ်သည်။ ထို့အပြင် HUAWEI XD Fusion Engine နည်းပညာ ကလည်း နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ် ပုံတစ်ပုံချင်းစီရဲ့ pixel-level အထိ ကြည်လင်ရှင်းသန့်ဖို့နဲ့ ပုံရိပ်တွေအများကြီးကို တစ်ပြိုက်နက်လွဲပြောင်းပြီး အကောင်းဆုံးပုံအရည်အသွေး ရရှိလာစေဖို့ ကူညီပေးမှာဖြစ်သည်။ HUAWEI nova 9 မှာ ၆.၅၇ လက်မ မျက်နှာပြင်အကျယ်နှင့် 120Hz Original-Colour Curved Display အမျိုးအစား မျက်နှာပြင်အလုံးကို အသုံးပြုပေးထားပြီး မြင်ကွင်းကျယ်ကျယ်နှင့် အမြင်အာရုံခံစားမှု အတွေ့အကြုံသစ်ကို ယူဆောင်လာပေးမှာဖြစ်သည်။ အရောင်ပေါင်း ၁.၀၉ ဘီလီယံအထိကိုပြသပေးနိုင်မှာဖြစ်သလို refresh rate 120Hz နှင့် 300Hz touch sampling rate အထိရရှိမှာဖြစ်လို့ တုံ့ပြန်မှုပိုင်းက မြန်ဆန်ကောင်းမွန်မှာဖြစ်သလို ဂိမ်းကစားမှုအတွက်လည်း ကောင်းမွန်သည့် အတွေ့အကြုံများကို ခံစားရရှိစေမှာဖြစ်ပါသည်။ HUAWEI nova 9 ရဲ့ဒီဇိုင်းပိုင်းအနေနှင့် ၇.၇၇ မီလီမီတာသာ အထူရှိပြီး 175g သာ အလေးချိန်ရှိသည်။ အရောင်အားဖြင့်လည်း Starry Blue colorway ဟုခေါ်သည့် အရောင်သစ်ကို မိတ်ဆက်ခဲ့ပြီး ကြယ်ပတ်လမ်းကြောင်းများကို ခံစားပုံဖော်ပြီး လက်တွေ့ဖန်တီးထားတဲ့ ကိုယ်ထည်ဒီဇိုင်း အရောင်သစ်က မြင်သူတိုင်းအတွက် မျက်စိပဒါသဖြစ်စေမှာဖြစ်သည်။
HUAWEI nova series များဟာ ထူးခြားသည့် ကိုယ်ပိုင်ဟန် ဒီဇိုင်းပိုင်း နှင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို စိတ်ကျေနပ်ဖွယ် ဖြည့်စွမ်းပေးနိုင်သည့် Feature များ စုံစုံလင်လင်ပါရှိမှုကြောင့် ဖုန်းသုံးစွဲသူများကြား ရေပန်းစားကျော်ကြားသည့် ဖုန်းအမျိုးအစားတစ်ခုအဖြစ် နာမည်ကျော်ကြားသည် များမှ အခုအကြိမ်တွင်လည်း HUAWEI nova 9 ဟာ ကောင်းမွန်သည့် ကင်မရာအစုအဖွဲ့နှင့် ဗီဒီယိုရိုက်ကူးမှုအတွက် စုံလင်သည့် features များ နှင့်အတူ ခေတ်ရှေ့ပြေး နည်းပညာသစ်များနှင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များကို ယူဆောင်လာပေးဦးမှာဖြစ်ပြီး ဈေးနှုန်း ၇၉၉၀၀၀ ဖြင့် ဝယ်ယူရရှိမှာဖြစ်ပြီးလက်ဆောင်အနေနှင့် HUAWEI band 4 ကိုပါ ရရှိနိုင်ဦးမှာဖြစ်ပါတယ်။