VMware မှ Customer များ၏ Zero Trust Security ရရှိနိုင်ရေး ကြိုးပမ်းမှုကို ပိုမိုအရှိန်မြှင့်

ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများသည် ပုံစံပြောင်းလဲလာသည့် ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်၊ ပိုမို ခေတ်မီလာသော ဆိုင်ဘာတိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် စနစ်တစ်ခုတွင် ပူးတွဲပါရှိသော နည်းပညာနှင့် သီးသန့်တည်ဆောက်ထားသော နည်းပညာ နှစ်မျိုးစလုံးအတွက် လုံခြုံမှုရှိရန် လိုအပ်လာပါသည်။ VMware ၏ customer (၃၀,၀၀၀) ကျော်သည် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများကို ကာကွယ်ရာတွင် အလွယ်တကူ အသုံးပြုနိုင်ပြီး အထူး ယုံကြည်စိတ်ချရသော လုံခြုံရေးနည်းပညာ ဖြေရှင်းချက်များ ပြည့်စုံစွာ ပါရှိသည့် VMware ၏ ခေတ်မီ၊ edge-native အက်ပလီကေးရှင်းများကို ယုံကြည်အားထားနေကြသည်။
VMware ၏ ပြီးပြည့်စုံသော လုံခြုံရေးနည်းပညာ ဝန်ဆောင်မှုများဖြင့် စီးပွားရေးလုပ်ငန်းများအတွက် နောက်ဆုံး အလုပ်လုပ်သည့်နေရာမှ အမှန်တကယ် အသုံးပြုသူထံ ရောက်သည်အထိ အက်ပလီကေးရှင်း လုပ်ငန်းနယ်ပယ် တစ်ခုလုံးကို ပိုမို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ SE Labs ၏ အဖွဲ့အစည်းပြင်ပရှိ နည်းပညာရှင်များနှင့် စမ်းသပ်ချက်အရ VMware ပေါ်ရှိ လုပ်ငန်းနယ်ပယ်များမှာ အဆက်မပြတ် တွေ့ကြုံနေရသော ခေတ်မီနည်းပညာ ခြိမ်းခြောက်မှုများမှ ပိုမို ကာကွယ်ပေးနိုင်ကြောင်း အသိအမှတ်ပြု ခံခဲ့ရသည်။(1) VMware ၏ ကွန်ရက်ချိတ်ဆက်မှု လုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးပြီး တုံ့ပြန်ဖြေရှင်းနိုင်သည့် ပလက်ဖောင်းသည် SE Labs ၏ နည်းပညာ ချိုးဖောက်ဝင်ရောက်မှု တုံ့ပြန်ရေး စစ်ဆေးမှုတွင် AAA အဆင့် သတ်မှတ်ခံရသော ပထမဦးဆုံးနှင့် တစ်ခုတည်းသော NDR နည်းပညာဖြေရှင်း လုပ်ဆောင်ချက် ဖြစ်ပါသည်။

Photo Source rfortier@vmware.com

VMware သည် အာရုံခံစနစ်များ နေရာအနှံ့ ဖြန့်ဝေနိုင်ရန် VMware vSphere ကို အသုံးပြုထားပြီး အဆက်မပြတ် လုပ်ဆောင်ပေးနိုင်သော ကွန်ရက်ချိတ်ဆက်စီးဆင်းမှု ဆန်းစစ်လေ့လာခြင်း/ ကွန်ရက်အတွင်း စစ်ဆေးတုံ့ပြန်ခြင်း (NTA/NDR) စွမ်းဆောင်ရည်ကို ပေးအပ်နိုင်ရန် စီစဉ်ထားပါသည်။ VMware Carbon Black Cloud နည်းပညာသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် လုံခြုံရေးဖြစ်ရပ်ပေါင်း (၁.၂) ထရီလီယံကို ဖမ်းယူနိုင်ပြီး မကြာသေးမီ ရက်ပေါင်း (၉၀) ကျော် ကာလအတွင်း ဆော့ဖ်ဝဲလ်တိုက်ခိုက်မှုပေါင်း (၁) သန်းကျော်ကို တားဆီးနိုင်ရန် ကူညီခဲ့သည်။(2) VMware သည် နည်းပညာနယ်ပယ်အတွင်း တစ်ခုတည်းသာရှိပြီး အထူးသဖြင့် အရှေ့ပိုင်းနှင့် အနောက်ပိုင်း ကွန်ရက်ချိတ်ဆက်မှုများအတွက် လုံခြုံမှုရှိစေရန် တည်ဆောက်ထားသော အတွင်းပိုင်းအရွယ်အစား 20TB ပမာဏရှိ firewall ကို ပေးအပ်ထားသည်။ ထိုနည်းပညာဖြင့် customer များမှာ firewall ဆိုင်ရာ ကန့်သတ်ချက်ပေါင်း ၉၀ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ခဲ့ပြီး ပိုမို လွယ်ကူသော စီမံခန့်ခွဲမှုဖြင့် လုံခြုံရေးကိစ္စများကို ဆောင်ရွက်နိုင်ခဲ့သည်။
ယခုအခါ VMware သည် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်အတွင်း လုပ်ဆောင်မှုများကို ရယူနိုင်ရန် cloud များနှင့် ဒေတာစင်တာများအတွင်း လုပ်ဆောင်ချက်တိုင်းကို ဘက်ပေါင်းစုံမှ စစ်ဆေးသွားမည့် Zero Trust လုံခြုံရေး နည်းပညာကို စတင် ဖန်တီးမိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ထို့ကြောင့် customer များအနေဖြင့် ဒေတာ ချိတ်ဆက်ဆောင်ရွက်မှုများ အပါအဝင် လုပ်ငန်းခွင်အတွင်း လုပ်ဆောင်မှုများနှင့် အက်ပလီကေးရှင်းများအကြား ပိုမို လုံခြုံစွာ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။

Photo Source rfortier@vmware.com

ဒေတာစင်တာ သို့မဟုတ် cloud edge ပလက်ဖောင်းသို့ ကူးပြောင်းရာတွင် လုံခြုံရေးစနစ်များမှာ အက်ပလီကေးရှင်း လုပ်ငန်းနယ်ပယ်များအရ လိုက်ပြီး မပြောင်းလဲနိုင်သော ဈေးကြီးသည့် စက်ကိရိယာများ အတွင်းတွင် ပုံမှန်အတိုင်း အသေတပ်ဆင်ထားလေ့ရှိသည်။ VMware မှ နည်းပညာနယ်ပယ်အတွင်း ပထမဦးဆုံးသော လိုအပ်ချက်အရ ပြောင်းလဲအသုံးချနိုင်သည့် အက်ပလီကေးရှင်းပုံစံ လုံခြုံရေး edge (“အီးဇီး” ဟု အသံထွက်သည့် EASE) နည်းပညာကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ထိုနည်းပညာဖြင့် ဒေတာစင်တာ သို့မဟုတ် cloud edge ပလက်ဖောင်းရှိ ကွန်ရက်ချိတ်ဆက်မှုနှင့် လုံခြုံရေးစနစ် အခြေခံအဆောက်အအုံများကို အက်ပလီကေးရှင်း ချိတ်ဆက်စီးဆင်းမှု အပြောင်းအလဲများအလိုက် လိုက်လျောညီထွေမှုရှိအောင် ထိန်းညှိပေးနိုင်ပါသည်။ VMware သည် ကွန်ရက်ချိတ်ဆက်မှု၊ လုံခြုံမှုနှင့် စောင့်ကြည့်လေ့လာမှုအတွက် လိုအပ်သလို အသုံးချနိုင်သော date plane ဝန်ဆောင်မှုများ စုစည်းမှုတစ်ခု အပါအဝင် အက်ပလီကေးရှင်းအတွက် ပြောင်းလဲရန် လိုအပ်သည့်အခါ အတိုး၊ အလျှော့ ပြုလုပ်နိုင်မည့် EASE လုပ်ငန်းနယ်ပယ်တစ်ခုအား ဖန်တီးပေးနိုင်သည့် တစ်ခုတည်းသော ပမာဏအလိုက် ဖြန့်ကျက်ပေးနိုင်သည့် တည်ဆောက်ပုံတို့ကို ပေးအပ်ထားပါသည်။
အဖွဲ့အစည်းအများစုတွင် လုပ်ငန်းနယ်ပယ် တစ်ခုတည်း လုံခြုံစေရန်အတွက်သာ အဓိကထား ဆောင်ရွက်ခြင်းမျိုး မရှိသလောက် ရှားပါသည်။ VMware ၏ လေ့လာဆန်းစစ်မှုအရ customer များသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန်အတွက် ပြင်ပရှိ ဒေတာစင်တာ အဆောက်အဦးကြီးများအပြင် အများပြည်သူသုံး cloud အများအပြားကိုလည်း အသုံးပြုနေကြကြောင်း တွေ့ရှိခဲ့သည်။
ခေတ်မီအက်ပလီကေးရှင်းများသည် လုံခြုံရေးဆိုင်ရာ အော်ပရေတာများနှင့် developer များ အားလုံးအတွက် စိန်ခေါ်မှုအသစ်များစွာ စုပြုံဖန်တီးပေးလျက်ရှိသည်။ အဆိုပါ အက်ပလီကေးရှင်းများသည် APIs ဖြင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ထောင်ပေါင်းများစွာသော ဆော့ဖ်ဝဲလ် အစိတ်အပိုင်းလေးများကို ဖန်တီးနိုင်သည်။