စတိုင်ကျလှပသေသပ်မှုများနှင့် အသစ်ထွက်ရှိလာသည့် OPPO Band

OPPO ရဲ့ထုတ်ကုန်တွေထဲမှာ စတိုင်ကျလှပသေသပ်မှုများနဲ့ အသစ်ထွက်ရှိလာသည့် OPPO Band ကလည်း တစ်ခုအပါအ ဝင်ဖြစ်သည်။ အသုံးပြုသူ၏ သွေးတွင်း SpO2 ပမာဏအား အဆက်မပြတ် တိုင်းတာစောင့်ကြည့်ပေးခြင်း၊ နှလုံးခုန်နှုန်းအား အချိန်နှင့်တပြေးညီ စောင့်ကြည့်လေ့လာပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်သည့် ပုံစံ ၁၂ မျိုး ၅၀ မီတာအထိ ရေစိုခံနိုင်ခြင်း အသိပေးချက်များအား ထပ်တူကျအောင် ပြုလုပ်ခြင်းတို့ကြောင့် ဈေးကွက်ထဲမှာ လူကြိုက်များ စေသည်။
OPPO Band ဝတ်ဆင်ထားသည့်အချိန်တိုင်းတွင် မျက်နှာပြင်အခုံးအား အပြည့်အဝကာကွယ်မှုပေးနိုင်စေရန် ခြစ်ရာဒဏ်ခံနိုင်သော 2.5D မှန်သားကို တပ်ဆင်ပေးထားသည်။ ဒါ့အပြင် သွေးတွင်း SpO2 ပမာဏအား အဆက်မပြတ် တိုင်းတာစောင့်ကြည့်ပေးခြင်း၊ အိပ်နေစဉ်အတွင်း အဆက်မပြတ် စောင့်ကြည့်ပေးနိုင်ခြင်း စတဲ့လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။
SpO2 Sensor သည်လည်း သွေးတွင်းအောက်ဆီဂျင်ပမာဏ အခြေအနေအမျိုးမျိုးကို အဆက်မပြတ် စောင့်ကြည့်ပေးနိုင် သည်။ SpO2 သည် အိပ်စက်မှုကြာမြင့်ချိန်နှင့် အိပ်စက်မှုအခြေအနေမှတ်တမ်းများကိုပါ စောင့်ကြည့်ပေးနိုင်သည်။

Photo Source https://www.oppo.com/mm/accessories/

အကယ်၍ ပုံမှန်မဟုတ်သော အခြေအနေတစ်ရပ်ကို တွေ့ရှိပါက ၂၄ နာရီပတ်လုံး နှလုံးခုန်နှုန်းစောင့်ကြည့်သည့်စနစ်မှ တုန်ခါသော အချက်ပြစနစ်ပေးပို့ကာ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် အသိပေးမည်ဖြစ်သည်။ အိပ်စက်အနားယူ ချိန်တွင်ဖြစ်စေ၊ အရေးပေါ် အသက်ကယ်ဆယ်သည့်အခါတွင်ဖြစ်စေ နှလုံးခုန်သံများကို အမြဲမှတ်သားထားနိုင်မည်ဖြစ်သည်။
OPPO Band ၏ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်သည့် လေ့ကျင့်ခန်းပုံစံ ၁၂ မျိုး²တွင် နေ့စဉ်လုပ်ဆောင်ရမည့် လေ့ကျင့် ခန်းများကို ပါဝင်အောင် ထည့်သွင်းပေးထားပါသည်။ အရှိန်ကို အာရုံခံပေးနိုင်သော Sensor မှ လေ့ကျင့်ခန်းလုပ်သည့် အချိန်ကာလ၊ အကွာအဝေးနှင့် အခြားတိုင်းတာချက်များအား အချိန်နှင့်တပြေးညီ တိုင်းတာပေးနိုင်သည်။ ထို့ကြောင့် အားကစားလုပ်ဆောင်ချက်များအား ပိုမိုစိတ်ဝင်တစား လုပ်ဆောင်နိုင်ရုံမက ထိရောက်မှုရှိအောင်လည်း ဆောင်ရွက်ပေးနိုင် မည်ဖြစ်သည်။
နှလုံးခုန်နှုန်းကိုပါ ထိန်းပေးထားနိုင်သလို အပြေးလေ့ကျင့်စဉ်ကာလအတွင်း ကိုယ်အလေးချိန်လျှော့ချရန် လိုအပ်မည့်ပမာဏ ကိုလည်း အသိပေးနိုင်မည်ဖြစ်သည်။
ဖုန်းနှင့်ချိတ်ဆက်အသုံးပြုနိုင်သော လုပ်ဆောင်ချက်နှင့် အသုံးဝင်သည့် ကိရိယာများပါဝင်သောကြောင့် အသုံးပြုရာတွင် လွတ်လပ်အဆင်ပြေစေမည်ဖြစ်သည်။ ဒါ့အပြင် မက်ဆေ့နှင့် ဖုန်းအဝင်များအား သတိပေးသည့်စနစ်က အမြဲအဆက် အ သွယ်မပြတ် သတင်းပေးပို့နေမည်ဖြစ်သည်။

Photo Source https://www.oppo.com/mm/accessories/

မနက်တိုင်းအတွက် အကောင်းဆုံး နိုးထနိုင်ရန် ညင်သာစွာ တုန်ခါလှုပ်နိုးပေးနိုင်သော နိုးစက်စနစ် ထည့်သွင်းပေးထားပါ သည်။ ရာသီဥတုကြိုတင်ခန့်မှန်းချက်များကို သတင်းပေးပို့ခြင်းကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သီချင်း ဖွင့်ခြင်း၊ ပိတ်ခြင်း၊ သီချင်းရွေးခြင်းနှင့် အသံအတိုးအလျှော့လုပ်ခြင်းများကို ဖုန်းလှမ်းယူစရာမလိုဘဲ လုပ်ဆောင်နိုင်သည်။
OPPO Band အနေဖြင့် ဖုန်းနေရာအထားမှားသည့်အခါ ဖုန်းအသံကို အဝေးထိန်းစနစ်ဖြင့် ဖွင့်နိုင်သောကြောင့် ဖုန်းတည်နေရာကို ရှာဖွေနိုင်သည်။ ဖုန်းကင်မရာကို အဝေးထိန်းစနစ်သုံးပြီး ဓာတ်ပုံရိုက်ကူးချင်သည်ဆိုလျှင်လည်း OPPO Band မှ ကလစ်တချက်နှိပ်ရုံဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ရေစိုဒဏ်ခံနိုင်သောလုပ်ဆောင်ချက်နှင့် ရေကူးခြင်းစနစ်တို့ပါဝင်သောကြောင့် OPPO Band ကို ရေချိုးနေစဉ်အချိန်သာမက ရေကူးကန်နှင့် ကမ်းခြေများတွင်ပါ ဝတ်ဆင်ထားနိုင်မည်ဖြစ်သည်။ ရေကူးနေစဉ်တွင် OPPO Band သည် လောင်ကျွမ်းသွားသော ကယ်လိုရီကို မှတ်တမ်းတင်ပေးရုံသာမက အကြိမ်အရေအတွက်ကိုပါ တွက်ချက်ပေးမည်ဖြစ်သည်။
စွမ်းဆောင်ရည်မြင့်မားပြီး စွမ်းအင်ချွေတာသော chip ကို အသုံးပြုထားသောကြောင့် အားတကြိမ်သွင်းရုံဖြင့် ၁၂ ရက်ကြာ အသုံးပြုနိုင်မည်ဖြစ်သည်။