VMware က Customer များအတွက် လိုအပ်သလို အသုံးချနိုင်သည့် Cloud နည်းပညာများ ပြောင်းလဲအသုံးပြုနိုင်ရန် ကူညီပေးနေ

VMware က Customer များအတွက် လိုအပ်သလို အသုံးချနိုင်သည့် Cloud နည်းပညာများ ပြောင်းလဲအသုံးပြုနိုင်ရန် ကူညီပေးနေကြောင်းသိရသည်။
VMware Cloud customers များအတွက် လုပ်ငန်းသုံး အက်ပလီကေးရှင်းများ ခေတ်မီဆန်းသစ်ရာတွင် အရှိန်မြှင့်တင်ပေးနိုင်သော နည်းပညာကိရိယာများ ပိုမို ထောက်ပံ့ပေးနိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် မြန်ဆန်သွက်လက်မှု၊ စွမ်းဆောင်ရည်လျော့မသွားသည့် ကြံ့ခိုင်မှု တိုးမြှင့်ပေးနိုင်ခြင်း၊ လက်ရှိ အသုံးပြုနေသည့် နည်းစနစ်များထက် ကုန်ကျစရိတ် သိသိသာသာ လျှော့ချပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်သည်။
“VMware က ကမ္ဘာ့အဆင့် multi-cloud computing နယ်ပယ်မှာ ဘယ်သူနဲ့မှမတူတဲ့ နေရာတစ်ခုကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်လို့ cloud ပလက်ဖောင်းတစ်ခုကနေ customer တွေလိုချင်နေတဲ့ ရည်မှန်းချက်တွေကို ပြည့်မီအောင် ကူညီပေးနိုင်ပြီ ဖြစ်ပါတယ်” ဟု VMware ကုမ္ပဏီ၊ Cloud Infrastructure Business Group ၏ senior vice president and general manager ဖြစ်သူ Mark Lohmeyer က ပြောသည်။

Photo Source https://www.vmworld.com

VMware Cloud with Tanzu services သည် Kubernetes လုပ်ဆောင်ချက် အသုံးချရမည့် ဝန်ဆောင်မှုကို စီမံခန့်ခွဲပေးမည့် ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်ပြီး အမေဇုန်ဝက်ဘ်ဆိုက်ဝန်ဆောင်မှု (AWS) နှင့် VMware တို့ ပူးပေါင်းထားသည့် VMware Cloud on AWS ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ထပ်ဆောင်း ကုန်ကျစရိတ်မရှိဘဲ အသုံးပြုနိုင်မည် ဖြစ်သည်။
VMware Cloud သည် လုပ်ငန်းသုံး vSphere အက်ပလီကေးရှင်းများကို မည်သည့် cloud နယ်ပယ်တွင်မဆို ပိုမို လွယ်ကူရိုးရှင်းပြီး လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်ရန် ဆောင်ရွက်ပေးပါသည်။ စစ်တမ်းအရ VMware Cloud customers များသည် Kubernetes ဖြန့်ကျက်အသုံးချမှု(1) ကို (၃၀၀%) ပိုမို မြန်ဆန်ခြင်း၊ cloud ရွေ့ပြောင်း လုပ်ဆောင်မှု(2) ကို (၄၆%) ပိုမို မြန်ဆန်ခြင်း၊ စုစုပေါင်း အသုံးပြုမှုစရိတ်(2) ကို (၅၇%) လျှာ့ချပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
VMware Cloud သည် customer များအား ၎င်းတို့ မူလစီစဉ်ထားသော အချိန်ဇယား အတိုင်း cloud သို့ လိုအပ်သလို ရွေ့ပြောင်းနိုင်ရန်နှင့် မိမိရွေးချယ်ထားသော cloud ပေါ်တွင် vSphere အလုပ်များကို လည်ပတ်ဆောင်ရွက်နိုင်ရန် ဝန်ဆောင်ပေးသည်။ အမေဇုန်ဝက်ဘ်ဆိုက်ဝန်ဆောင်မှု (AWS) ၊ Azure ၊ Google Cloud ၊ IBM Cloud နှင့် Oracle Cloud အစရှိသည့် နိုင်ငံဒေသ (၁၀၀) ကျော်တွင် ရရှိနိုင်သော အများပြည်သူသုံး clouds များအားလုံး အပါအဝင် ပုဂ္ဂလိက ဒေတာစင်တာများနှင့် edge အပိုင်းရှိ မိတ်ဖက် clouds (၄,၀၀၀) ကျော်တို့တွင် VMware Cloud တစ်ခုတည်းသာ မူရင်း native ဝန်ဆောင်မှုတစ်ခုကဲ့သို့ အလုပ်လုပ်နိုင်ပါသည်။ Customer များအနေဖြင့် VMware Cloud Universal တွင် VMware ကုမ္ပဏီ သို့မဟုတ် တစ်ဆင့်ပြန်လည် ရောင်းချသည့် မိတ်ဖက်များထံမှ VMware Cloud ဝန်ဆောင်မှုကို လိုအပ်သလို ဝယ်ယူ၊ အသုံးပြုနိုင်ပြီး လက်ရှိ VMware ရာသက်ပန်လိုင်စင်များ၏ တန်ကြေးမှ အကျိုးအမြတ်များ ရရှိနိုင် သည်။
VMware Cloud တွင် ပါရှိသည့် Dell နည်းပညာသုံး APEX Cloud Services သည် Dell မှ စီမံထိန်းချုပ်ထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး APEX ဂေဟစနစ်တွင် VMware Cloud အသုံးချမှုဆိုင်ရာ အတွေ့အကြုံများကို ရရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ VMware ကုမ္ပဏီ၏ ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ စတုတ္ထလေးလပတ်တွင် ရရှိနိုင်ရန် စီစဉ်ထားသော ဝန်ဆောင်မှု၏ လက်ရှိ စမ်းသပ်မှုများအရ infrastructure ကဲ့သို့သော ဝန်ဆောင်မှုဖြင့် အဖွဲ့အစည်းများအတွက် ၎င်းတို့၏ ဒေတာစင်တာ၊ edge ထားရှိသည့် တည်နေရာ၊ မျှဝေအသုံးပြုထားသည့် နေရာများနှင့် ကိုက်ညီသည့် cloud နမူနာများကို ကြိုတင်သတ်မှတ်ပြီး ဖြန့်ကျက်အသုံးချနိုင်ရန် ဖန်တီးပေးသွားမည် ဖြစ်သည်။

Photo Source https://www.vmworld.com

VMware ၏ vRealize Cloud စီမံခန့်ခွဲမှုအား အဆင့်မြှင့်တင်ထားမှုအရ ကိုယ်တိုင်လိုအပ်သလို စီစဉ်သုံးစွဲနိုင်သည့် cloud-agnostic ပုံစံ ပံ့ပိုးပေးနိုင်ခြင်း၊ မပြတ်တမ်း စောင့်ကြည့်လေ့လာနိုင်ခြင်း၊ စွမ်းဆောင်ရည်နှင့် ကုန်ကျစရိတ်ကို အကျိုးရှိရှိ အသုံးချနိုင်ခြင်း၊ app-aware ဖြေရှင်းလုပ်ဆောင်ချက်၊ cloud နယ်ပယ်အားလုံးတွင် ချိတ်ဆက်မှု တစ်ခုချင်းစီအား ပြသပေးထားခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ အသစ်ထွက်ရှိလာသည့် VMware Skyline Advisor Pro သည် ရုတ်တရက် အိုင်တီစနစ် ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန် customer များကို ကူညီပေးမည်ဖြစ်ပြီး ပြဿနာ မဖြစ်မီကပင် ကြိုတင်သိရှိ ကာကွယ်ပေးနိုင်သည်။
VMworld 2021 သည် ကမ္ဘာ့ပထမဦးဆုံး cloud computing နှင့် ဒစ်ဂျစ်တယ် infrastructure ဆိုင်ရာ အခမ်းအနားတစ်ခု ဖြစ်ပါသည်။ VMworld အခမ်းအနားတွင် သီးခြားဆွေးနွေးမှုနှင့် နည်းပညာစမ်းသပ်ခန်းပေါင်း (၆၀၀) ကျော်၊ ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်း (၇၅) ခုကျော်၊ မိုဘိုင်းကိရိယာမှသည် ဒေတာစင်တာနှင့် cloud ဆီသို့ ချိတ်ဆက်အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲလ်အခြေပြု စီးပွားရေးလုပ်ငန်းများ ဖြစ်လာစေမည့် ခရီးစဉ်အား အရှိန်မြှင့်တင်ပေးနိုင်သော networking events များစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ VMworld အခမ်းအနား တက်ရောက်သူများသည် cloud နည်းပညာနယ်ပယ်အသစ်အား ကျွမ်းကျင်စွာ အသုံးပြုရာတွင်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအား အသွင်ကူးပြောင်းရာတွင် သိရှိထားရန်လိုအပ်ပြီး အခြားမည်သည့်နေရာတွင်မှ မရရှိနိုင်သော အသိပညာ ဗဟုသုတနှင့် နည်းပညာကိရိယာများကို လေ့လာခွင့် ရရှိခဲ့ပါသည်။ VMworld အကြောင်း အသေးစိတ် ပိုမို သိရှိလိုပါက https://www.vmworld.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။