Digital Learning Environment ကိုအထောက်အကူဖြစ်စေမယ့် Zoom ရဲ့ Focus Mode အသစ်

Zoom လို့ပြောလိုက်တာနဲ့ Meeting တွေ၊ Online Class တွေ၊ Online Live Session တွေအတွက် တော်တော်လေးအသုံးများတဲ့ Software တစ်ခုဖြစ်ပါတယ်။ လူသုံးလဲများသလို အသုံးဝင်တဲ့ Feature ပေါင်းစုံနဲ့ သုံးစွဲသူတွေ အဆင်ပြေဖို့လဲ အမြဲတမ်း Upgrade ပြုလုပ်ပေးတာဖြစ်ပါတယ်။ Zoom အနေနဲ့လည်း အခုချိန်မှာ Zoom video တွေအတွက် Focus Mode ကိုထပ်မံ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Photo Source https://bit.ly/3g8WPUz

Zoom ရဲ့ Focus Mode ဆိုတာကတော့ အွန်လိုင်းသင်ခန်းစာတွေပဲဖြစ်ဖြစ် သင်ကြားနေတဲ့အချိန်မှာ စာသင်နေတာကို ကျောင်းသားတွေ အာရုံစူးစိုက်စေဖို့ ကူညီပေးနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဒီ Mode ကိုဖွင့်ထားမယ်ဆိုရင်တော့ Meeting ကို ဝင်ထားတဲ့သူတွေက Meeting Host တစ်ယောက်တည်းကိုပဲ မြင်ရမှာဖြစ်ပြီးတော့ တခြား Meeting တက်ရောက်တဲ့သူတွေကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ တင်ရောက်တဲ့သူတွေအနေနဲ့ Host, co-host နဲ့ host က spotlight လုပ်ထားတဲ့သူကိုပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။ အခြားသူတွေရဲ့ နာမည်တွေ၊ Feedback တွေ reaction တွေနဲ့ unmuted လုပ်ထားရင်တော့ သူတို့အသံကိုကြားရမှာပါ။

Focus Mode ကိုအသုံးပြုဖို့အတွက် Meeting Admin ဒါမှမဟုတ် Host ဖြစ်နေဖို့လိုပါတယ်။ Window ဒါမှမဟုတ် MacOS Zoom Desktop Client Version 5.7.3 နဲ့အထက်ဖြစ်နေဖို့လည်း လိုပါသေးတယ်။ Meeting Join မယ့်သူတွေကတော့ အရင်ဗားရှင်းအဟောင်းကို အသုံးပြုနေပေမယ့်လည်း Host က Focus Mode ကိုဖွင့်ထားရင် အသုံးပြုနိုင်မှာပါ။ အဓိကကျတာကတော့ Meeting Host က သတ်မှတ်ထားတဲ့ Desktop Client Version ဖြစ်နေဖို့ပဲ လိုတာပါ။

Focus Mode ကိုအသုံးပြုဖို့အတွက် လုပ်ဆောင်ရမယ့် အဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) PC ဒါမှမဟုတ် Laptop ကနေ Zoom Web Version ကိုဖွင့်ပါ။

(၂) ညာဘက်ထောင့်မှာရှိတဲ့ My Account ကနေ Profile Page ကိုသွားပါ။

(၃) Profile Page ကိုရောက်တာနဲ့ Setting ကိုရွေးပါ။

(၄) Setting ထဲက In Meeting (Advanced) ကိုနှိပ်ပါ။

(၅) Focus Mode ကိုတွေ့တဲ့အထိ အောက်ကိုဆွဲချပြီး ခလုတ်လေးကိုဖွင့်ပါ။

Setting မှာတစ်ခါဖွင့်ပြီးသွားတာနဲ့ Meeting Screen မှာ More ကိုရွေးပြီး Start Focus Mode နဲ့ အဖွင့်အပိတ်လုပ်လို့ရပါပြီ။ Focus Mode စလိုက်ပြီဆိုတာနဲ့ ဝင်ထားတဲ့သူတွေကို Banner နဲ့အကြောင်းကြားပေးမှာ ဖြစ်သလို ဘယ်ဘက်အပေါ်ထောင့်မှာလဲ Focus Mode Icon လေးကို မြင်နေရမှာ ဖြစ်ပါတယ်။ 

Photo Source https://bit.ly/3g8WPUz

Focus Mode ကို Group မှာအသုံးပြုဖို့အတွက်ဆိုရင်တော့

(၁) PC ဒါမှမဟုတ် Laptop ကနေ Zoom Web Version ကိုဖွင့်ပါ။

(၂) ညာဘက်ထောင့်မှာရှိတဲ့ My Account ကနေ Profile Page ကိုသွားပါ။

(၃) Admin >> User Management >> Group Management

(၄) list ထဲက Group Name ကိုရွေးပါ။

(၅) Meeting tab ကိုရွေးပါ။

(၆) In Meeting (Advanced) ကနေ Focus Mode ကို ဖွင့်နိုင်ပါပြီ။