Honda Young Engineering and Scientist’s (Y-E-S) Award in Myanmar 2021 အတွက်လျှောက်လွှာများခေါ်ယူ

Honda Young Engineering and Scientist’s (Y-E-S) Award in Myanmar 2021 အတွက်လျှောက်လွှာခေါ်ယူနေပြီဖြစ် ကြောင်းသိရသည်။ Honda Foundation နှင့် Myanmar Association of Japan Alumni (MAJA) တို့ ပူးပေါင်း ပေးအပ်သော ပညာသင်ဆုဖြစ်သည်။
လျှောက်ထားသောကျောင်းသားကျောင်းသူများထဲမှ လေးဦးကိုရွေးချယ်ကာ ပညာသင်ဆုအဖြစ် USD 3000 ကိုချီးမြှင့် ပေးအပ်သွားပါမည်ဖြစ်သည်။ အောက်ဖေါ်ပြပါ နည်းပညာတက္ကသိုလ်များတွင် နောက်ဆုံးနှစ် သို့မဟုတ် ပဉ္စမနှစ် တွင်ပညာ သင်ကြားလျက်ရှိသော အသက် ၂၅ နှစ် နှင့် ၂၅ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများလျှောက်ထား နိုင်သည်။

Photo Source https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/?ref=page_internal

(က) ရန်ကုန်နည်းပညာတက္ကသိုလ်
(ခ) မန္တလေးနည်းပညာတက္ကသိုလ်
(ဂ) ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
(ဃ) နည်းပညာတက္ကသိုလ် (သန်လျင်)
(င) နည်းပညာတက္ကသိုလ် (မှော်ဘီ)
(စ) နည်းပညာတက္ကသိုလ် (မန္တလေး)
လျှောက်လွှာလက်ခံခြင်းမှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ မှ (၂၇) ရက်နေ့အထိ ဖေါ်ပြပါ Google Link ရှိ Google Form တွင်ပြည့်စုံစွာရေးသွင်းလျှောက်ထားရပါမည်။
https://forms.gle/Po5f3EkrPbBzX1Uh9
ပဏာမရွေးချယ်ခံရသူများစာရင်းကို MAJA Facebook တွင် ကြေညာပေးမည်ဖြစ်သည်။ ပဏာမရွေးချယ်ခံရသူများသည် ရေးဖြေ ဖြေဆိုခြင်း၊ လူတွေ့စစ်ဆေးခြင်းများ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Orientation Webinar ကို ၁၄.၈.၂၀၂၁ ရက်နေ့ နေ့လယ် (၁၂း၃၀) နာရီတွင် ပြုလုပ်မည်ဖြစ်သည်။
Orientation Webinar သို့တက်ရောက်လိုသူများသည် ဖေါ်ပြပါ link တွင် ၁၂.၈.၂၀၂၁ ရက်နေ့ (ကြာသပတေးနေ့) နောက်ဆုံးထားရေးသွင်းပြီး မှတ်ပုံတင်ရန်လိုအပ်မည်ဖြစ်သည်။

Photo Source https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/?ref=page_internal

https://forms.gle/ApPozEiiZyAa9YBeA
စုံစမ်းရန် – Ph: 09-262 602 121
Email: maja.ygn@gmail.com
Covid-19 ရောဂါကူးစက်ပြန်ပွားမှုကို ထိန်းချုပ်ရန်အတွက် MAJA Office သို့လာရောက် စုံစမ်းခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ထားသည်။ အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/?ref=page_internal