GOOGLE SEARCH လုပ်နည်း

သင်သိချင်တဲ့ အကြောင်းအရာတွေကို ဘယ်လိုရှာဖွေပါသလဲ?

သူငယ်ချင်းတွေကို ဖုန်းဆက်ပြီးမေးပါသလား?

မြန်မာပြည်မှာတော့ လူတိုင်းလိုလို Facebook ထဲမှာပဲ ရှာကြပါတယ်။ ဒါပေမယ့် တော်တော်များများ အချက်အလက်တွေက Facebook နဲ့ အပြင်ကပတ်၀န်းကျင်မှာလည်း တွေ့နိုင်ပါတယ်။ မိမိကိုယ်တိုင် ရှာနိုင်တဲ့ အချက်အလက်တွေက (၂၀၀၀၀) အနက်(၁၀၀၀၀) လောက်ပဲဆိုတဲ့ report လည်းရှိပါသေးတယ်။ ဒါကြောင့် ပျံ့နှံ့နေတဲ့ သတင်းတွေက မှန်ကန်မှုကို ဘယ်လောက်​ထိ ပေးနိုင်မလဲဆိုတာပဲ အဓိကကျပါတယ်။

Google ကိုသုံးပြီး ရှာမယ်ဆိုရင် တစ်ကမ္ဘာလုံးက သတင်းအချက်အလက်တွေကို တွေ့နိုင်မယ်ဆိုတာ သိပြီးသားလူလည်း ရှိပါလိမ့်မယ်။ Facebook ကတော့ အရေးပါတဲ့ သတင်းအချက်အလက်တွေရဲ့ အရင်းအမြစ်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် Facebook ရဲ့ အချက်အလက်တွေကတော့ Facebook ကနေပြီး တင်ထားတဲ့ အချက်အလက်တွေဆိုတော့ လက်ခံလိုက်ရုံပါပဲ။ ဒီလိုမဟုတ်ဘဲ Google ကိုသုံပြီး Active ဖြစ်တဲ့ သတင်းအချက်အလက်တွေကို တစ်ခါလောက် ရှာဖွေကြည့်ရအောင်။

နည်းလမ်းကတော့ လွယ်လွယ်လေးပါ။ ဖုန်းထဲမှာရှိတဲ့ Google Chrome အပလီကေးရှင်းကို သုံးကြည့်ရအောင်။

Image Source: https://www.google.com

ဒုတိယပုံရဲ့ Search Box ထဲမှာ လိုချင်တဲ့ အကြောင်းအရာကို စာရိုက်ပြီးရှာကြည့်လိုက်ပါ။ ( http:// ) တွေ၊ဘာတွေ တစ်ခုမှ ထည့်နေစရာမလိုပါဘူး။ ဉပမာ- ရန်ကုန်မှာရှိတဲ့ ဂျပန်အစားအသောက်ဆိုင်တွေကို ရှာချင်တယ်ဆိုပါစို့၊ “Japanese restaurant yangon” ဆိုပြီး Keyword နဲ့ Space ကိုထည့်ပြီးတော့ search လုပ်ကြည့်ပါ။ URL ကို အကုန်ထည်းရေးစရာမလိုပါဘူး။ “myanmartechpress”လို့ရိုက်ထည့်ကြည့်လိုက်မယ်။

search လုပ်လိုက်တာနဲ့ result တွေ ပေါ်လာပါလိမ့်မယ်။

ပေါ်လာတာတဲ့ result တွေကတစ်ဆင့် site ထဲကို ၀င်ကြည့်လို့ရပါပြီ။

Facebook ကနေတစ်ဆင့် မကြည့်ရင်တောင်မှ မိမိကြည့်ချင်တဲ့ အကြောင်းအရာတွေကို acess လုပ်လို့ရပါတယ်။ မြန်မာပြည်မှာကတော့ Facebook ကနေပဲ Page တွေရှာဖွေကြတာများပါတယ်။

ထိုင်း၊ စင်ကာပူ၊ ဂျပန်တို့လို့နိုင်ငံတွေမှာတော့ အင်တာနက်ကို သုံးရတဲ့အဓိက အကြောင်းအရင်းက သတင်းအချက်အလက်တွေ ရှာဖွေဖို့ပါပဲ။

ဉပမာ- မြန်မာနိုင်ငံက ကြော်ငြာ၀န်ဆောင်မှုတွေကို ရှာချင်ရင် “myanmar advertisement service” လို့ရိုက်ရှာနိုင်ပါတယ်။ နောက်ပြီး မန္တလေးမြို့ရဲ့ လူဦးရေကိုသိချင်ရင်တော့ “Mandalay population” ဆိုပြီး စာရိုက်ရှာနိုင်ပါတယ်။ မြန်မာစာနဲ့ရိုက်ပြီး ရှာနိုင်ပေမယ့် နည်းနည်းတော့ အခက်အခဲ ဖြစ်နိုင်ပါတယ်။

ပြီးတော့ Facebook Page ရှိပေမယ့် Website  မရှိတဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိတာဆိုတော့ အသုံးများတယ်လို့တော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် Facebook ထက် သတင်းအချက်အလက်တွေ များစွာရှိနေတဲ့ Web ကမ္ဘာထဲသို့ ခြေတစ်လှမ်းလောက် ၀င်လိုက်ရုံနဲ့ တစ်ကမ္ဘာလုံးက သတင်းအချက်အလက်တွေကို စုံစုံလင်လင် သိနိုင်တာဖြစ်လို့ အားလုံးကို ကြိုးစားကြည့်စေချင်ပါတယ်။

Guest writer:桂川融己  [ Katsuragawa Yuki]