အူရီဒူးမြန်မာသည် ၁၉ ကြိမ်မြောက် International Business Awards® ၂၀၂၂ တွင် သုံးစွဲသူအား စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခြင်း ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အောင်မြင်မှုရလဒ်များနှင့်၊ COVID-19 အား အကောင်းဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ခြင်းဆိုင်ရာ ကဏ္ဍများတွင် STEVIE® ကြေးတံဆိပ်ဆုသုံးခုကိုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
My Ooredoo App သည် သုံးစွဲသူအား စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခြင်းဆိုင်ရာ ဆုတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံတကာ၌ ဂုဏ်သိက္ခာရှိသည့် အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ My Ooredoo Appအားသုံးစွဲသူများ၏ ဒစ်ဂျစ်တယ်ဆိုင်ရာလုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေရန် တစ်နေရာထဲတွင်လုပ်ဆောင်ချက်အားလုံး ပါဝင်သည့် ပလက်ဖောင်းအဖြစ် ဖန်တီးထားသည်။
အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများ၏ အတွေ့အကြုံကိုမြှင့်တင်ရန်အတွက် App ကို အဆင့်မြှင့်တင်လျက်ရှိပြီး ၂၀၂၁ခုနှစ်တွင် ထပ်တိုးလုပ်ဆောင်ချက်များကို ထည့်သွင်းခဲ့သည်။ အဆင့်မြှင့်တင်ထားသော Appအား M-ပိုက်ဆံ မိုဘိုင်းwallet နှင့် ပေါင်းစပ်လိုက်သည့်အတွက် သုံးစွဲသူများသည်ဒစ်ဂျစ်တယ်wallet တစ်ခု၏လုပ်ဆောင်ချက်များအား ပြုလုပ်နိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် ၎င်းတို့၏ ဒေတာ၊ SMS နှင့် အသံအစီအစဉ် လက်ကျန်များကို App ၏ အသုံးပြုရလွယ်ပြီး ရိုးရှင်းသောမျက်နှာပြင်တွင် ကြည့်ရှုနိုင်ပြီး အူရီဒူးမြန်မာ၏ဝန်ဆောင်မှုများ စသည်တို့နှင့် ၇၅ ခုထက်ပိုသော ဖျော်ဖြေရေးအစီအစဉ်များကိုလည်း App တွင် ရယူခံစားနိုင်မည်ဖြစ်သည်။
သုံးစွဲသူများအနေဖြင့်My Ooredoo App ပေါ်တွင် Oomanji နှင့် O-Cade စသည့်ဂိမ်းများကိုကစားခြင်းဖြင့် အသံနှင့်ဒေတာ အစီအစဉ်များကို အပိုဆုအဖြစ်ဆွတ်ခူးနိုင်သည်။ အဓိကလုပ်ဆောင်ချက်များထဲမှ တစ်ခုမှာ သုံးစွဲသူများအား ဆက်သွယ်ရန်စင်တာကို ဖုန်းခေါ်ဆိုစရာမလိုဘဲ Appပေါ်တွင်ဒစ်ဂျစ်တယ်ဖြင့်သတင်းပို့နိုင်သည့် ၎င်း၏ ဒစ်ဂျစ်တယ် သုံးစွဲသူဝန်ဆောင်မှုကဏ္ဍ ဖြစ်သည်။
Photo Source https://www.ooredoo.com.mm
အူရီဒူးမြန်မာမှဝန်ထမ်းများနှင့်ချိတ်ဆက်ဆောင်ရွက်မှု ကောင်းမွန်စေရန်အတွက်အောက်ဖော်ပြပါ အစီအစဉ်များကိုလည်း စီစဉ်ထားရှိသည်။ ဝန်ထမ်းများ၏ စုံစမ်းမေးမြန်းမှုများကို အလွယ်တကူ ကူညီဖြေကြားပေးနိုင်မည့် ဒစ်ဂျစ်တယ်ပလပ်ဖောင်းတစ်ခုဖြစ်သည့် Ask Me Anything ချန်နယ်လ်၊ ဝန်ထမ်းများနှင့် အကြီးတန်းစီမံခန့်ခွဲသူများကြား ဆက်သွယ်ဆက်ဆံရေး ကောင်းမွန်စေရန်အတွက် Coffee with the CEO နှင့် Coffee with the CXOsအစီအစဉ်များ၊ ဝန်ထမ်းများ၏ အကြံပြုချက်များအားကို စီမံခန့်ခွဲမှုအဖွဲ့သို့ အလွယ်တကူပေးပို့ရန်အတွက် Online Suggestion Box နှင့် ဝန်ထမ်းများ၏ အလုံးစုံကျေနပ်မှုပိုင်းဆိုင်ရာ အကဲဖြတ်ရန် အသုံးပြုသည့် စစ်တမ်းတိုဖြစ်သည့် Team Barometer တို့ကိုလည်း ဆောင်ရွက်ထားရှိပါသည်။
“အူရီဒူးမြန်မာအနေနဲ့ ကမ္ဘာတစ်ဝှမ်းတွင် ဂုဏ်သိက္ခာရှိသော STEVIE® ဆုတံဆိပ်များကို လက်ခံရရှိသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ မြန်မာနိုင်ငံတွင် အကောင်းဆုံးဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ကြိုးစားအားထုတ်မှုများ၊ မြန်မာပြည်သူလူထုအား ပံ့ပိုးဆောင်ရွက်မှုများနှင့်COVID-19 ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံအား ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုပေးတဲ့အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးများအဖွဲ့ကို ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် အူရီဒူးမြန်မာမှာ ဝန်ထမ်းအားလုံး၏ ကျန်းမာရေးနှင့်ဘေးကင်းရေးဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကဏ္ဍမှာ STEVIE® ဆုတံဆိပ်ကို ရရှိခြင်းကအူရီဒူးရဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို တိုးတက် ကောင်းမွန်လာစေရန် စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုများအတွက် သက်သေတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေဟာ အောင်မြင်မှုကိုဖော်ဆောင်ဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ လူနေမှုဘဝတွေကို ပိုမိုကောင်းမွန်ပြီး အဆင်ပြေချောမွေ့လာအောင် ပံ့ပိုးအားဖြည့်ကူညီပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်အတွက် အဓိကသော့ချက်ဖြစ်တယ်လို့ အခိုင်အမာယုံကြည်ပါတယ်” ဟု အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က ပြောကြားသည်။
ဆုရရှိသူများအား အောက်တိုဘာလ(၁၅) ရက်၊ စနေနေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ InterContinental London Park Lane Hotel တွင် ညစာစားပွဲအစီအစဉ် အခမ်းအနားဖြင့် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ၎င်းသည် ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးသောလူကိုယ်တိုင်တက်ရောက်ဆင်နွှဲနိုင်ရန် စီစဉ်ထားသည့်အခမ်းအနားဖြစ်သည်။ အောက် ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.ooredoo.com.mm