၂၀၂၄မှာ တက်သင့်တဲ့ Digital Marketing အတန်း (၅) ခု

Digital Marketing အလုပ်အကိုင်တွေအရမ်းခေတ်စားလာတာနဲ့အမျှ Digital Marketing အတန်းတွေလည်း ရွေးချယ်စရာများပြားလာပါတယ်။ ဒီလိုမျိုး အရမ်းပေါများတဲ့ Digital Marketing အတန်းတွေများစွာထဲကမှ မြန်မာလူငယ်တွေအနေနဲ့ ဦးစားပေးရွေးချယ်သင့်တဲ့ Digital Marketing အတန်း (၅)ခုကို ပြန်ပြီး ညွှန်းပေးချင်ပါတယ်။


Digital Marketing from Growth Tribe

Growth Tribeရဲ့ Digital Marketing အတန်းကတော့ Data-driven ဖြစ်ပြီး ဆန်းသစ်တဲ့ Digital Marketing Approaches တွေ၊ Customer Experience အပိုင်းတွေကို အထူးပြုပါတယ်။

Digital Landscape တစ်ခုလုံးအတွက် မတူညီတဲ့  Digital Marketing Tools တွေအသုံးပြုပြီး စမ်းသပ့်လေ့လာရတဲ့ အတန်းဖြစ်ပါတယ်။

ကြာချိန်: 14.5 နာရီ

သင်တန်းကြေး: €995

ဘာသာစကား: English

Level: Beginner

ဘယ်သူတွေတက်သင့်လဲ?

ကိုယ့်ရဲ့ Digital Marketing Skills ကို မြင့်ချင်တဲ့ Marketing Professionals တွေ၊ Freelancers နဲ့ Entrepreneur တွေ၊ အခုမှ ကျောင်းပြီးကာစ Digital Marketing အသက်မွေးဝမ်းကြောင်းကို လိုက်ချင်သူတွေ အတွက် သင့်တော်ပါတယ်။

အတန်းပြီးသွားတာနဲ့ SEO tools တွေနဲ့ Social media ကို အသုံးပြုပြီး Website ကို Traffics တွေ ပိုရအောင်ပြုလုပ်တတ်သွားပြီး Digital Analytics နဲ့ Tracking အပိုင်းကို ကျွမ်းကျင်သွားမှာဖြစ်ပါတယ်။


Digital Marketing Instituteရဲ့ Diploma in Digital Marketing

DMI ကတော့ Digital Marketing လောကမှာ နာမည်ကြီးတဲ့ ကျောင်းတစ်ခုပါ။ Digital Marketing တစ်ခုတည်းကိုပဲ တစိုက်မတ်မတ်နဲ့ သင်ကြားပို့ချပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ကျောင်းက နာမည်ကြီးသလို Diploma in Digital Marketing အတန်းကလည်း စျေးကြီးပါတယ်။

ကြာချိန်: ၈ ပတ်မှ ၁၀ပတ်

သင်တန်းကြေး: €1253

ဘာသာစကား: English

Level: Beginner

ဘယ်သူတွေတက်သင့်လဲ?

အပြောင်းအလဲများတဲ့ Digital Landscapeကို အမီလိုက်ချင်ပြီး Diploma လိုချင်တဲ့ Marketers တွေ ဒီအတန်းကို တက်သင့်ပါတယ်။


Meta Social Media Marketing Professional Certificate

ဒီအတန်းကတော့ Coursera နဲ့ Meta တို့ပေါင်းပြီး ဖွင့်လှစ်ထားတဲ့ အတန်းလေးပါ။ Social Media Marketing ကို အထူးပြုတဲ့ အတန်းဖြစ်လို့ အခြား Digital Marketing အတန်းတွေလိုတော့ Channel အစုံ၊ Tactics အစုံကို လေ့လာရမှာတော့မဟုတ်ပါဘူး။

ကောင်းတဲ့အချက်ကတော့ ဒီ အတန်းတက်ပြီးတဲ့သူတိုင်း Meta Blueprint Digital Marketing Associate စာမေးပွဲကို အခမဲ့ ဖြေခွင့်ရပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်စေတဲ့ အတန်းပါ။ အတန်းပြီးတဲ့အခါ Coursera က Certificate တစ်ခု၊ Meta Blueprint Certificate က တစ်ခုဆိုပြီး ရမှာဖြစ်ပါတယ်။

ကြာချိန်: တစ်ပတ် ၁၀နာရီခန့်

သင်တန်းကြေး: $45

ဘာသာစကား: English

Level: Beginner

ဘယ်သူတွေတက်သင့်လဲ?

Social Media Specialist တွေ၊ Digital Marketing ကို အခုမှ စပြီးလေ့လာမယ့်သူတွေနဲ့ Blueprint Certificate ဖြေမယ့်သူတွေအနေနဲ့ ဒီအတန်းကို တက်သင့်ပါတယ်။


The Complete Digital Marketing Course from Udemy

Udemy ရဲ့ Complete Digital Marketing Course ကလည်း ကမ္ဘာတစ်လွှားက Digital Marketer အများစုတက်ကြတဲ့ အတန်းတစ်ခုပါ။ Website တွေအကြောင်း၊ Digital Marketing Strategy နဲ့ Tacticsတွေကို ဒီအတန်းထဲမှာ စုံစုံလင်လင် လေ့လာရမှာဖြစ်ပါတယ်။

ကြာချိန်: ၂၂နာရီ

သင်တန်းကြေး: €17.99

ဘာသာစကား: English

Level: Beginner

ဘယ်သူတွေတက်သင့်လဲ?

ကုန်ကျစရိတ်နည်းနည်းနဲ့ Digital Marketing အခြေခံကနေစပြီး လေ့လာလိုသူတွေ၊ လက်ရှိလုပ်ငန်းခွင်ဝင်နေပြီး Digital Marketing Skills ကို ထပ်မြှင့်လိုသူတွေ ဒီအတန်းကို တက်သင့်ပါတယ်။ ဒီအတန်းပြီးသွားရင်တော့ Digital Marketer တစ်ဦး (သို့) Affiliate Marketer တစ်ဦးအဖြစ် အသက်မွေးနိုင်မှာဖြစ်ပါတယ်။


Full Stack Digital Marketing Course by Nan Oo

Digital Marketing ကို စာတွေ့မဟုတ်ဘဲ လက်တွေ့ပြုလုပ်ရင်း မြန်မာဘာသာစကားနဲ့ လေ့လာချင်တဲ့ Marketersတွေအတွက် ဒီ Full Stack Digital Marketing Course က သင့်တော်ပါတယ်။ Digital Marketing အတွေ့အကြုံများတဲ့ Nan Oo ကိုယ်တိုင် Live Session အနေနဲ့ သင်ပေးတာဖြစ်ပါတယ်။

သင်တန်းမှာပါဝင်တဲ့ ခေါင်းစဉ်တွေကတော့

➜ CMS (Content Management System)

➜ Content Marketing (Blog, Offers)

➜ SEO/SEM (SEMrush, Screaming Frog)

➜ Email (HubSpot)

➜ Automation (Zapier Fundamentals)

➜ Social Media Marketing (Meta)

➜ Performance Marketing (Meta & Google)

➜ Analytics (GSC, GA4, Clarity) တွေပဲဖြစ်ပါတယ်။ ဒီအတန်းက သာမန် Digital Marketing အတန်းတွေလို နာရီပိုင်း လေ့လာရတာမဟုတ်ဘဲ (၃)လတိတိ လက်တွေ့ သင်ခန်းစာတွေ ပြုလုပ်ရတာပါ။

ကြာချိန်: 45 နာရီ

သင်တန်းကြေး: 600,000 MMK

ဘာသာစကား: Burmese

Level: Beginner

ဘယ်သူတွေတက်သင့်လဲ?

နိုင်ငံခြားမှာ Digital Marketing အလုပ်လျှောက်ချင်သူတွေ၊ လက်ရှိမှာ Digital Marketing (Agency, Brand, Freelance) လုပ်နေသူတွေ၊ ကိုယ့်လုပ်ငန်းအတွက် Digital Marketing ပြုလုပ်ချင်တဲ့ လုပ်ငန်းရှင်တွေ တက်ဖို့ သင့်တော်ပါတယ်။

သင်တန်းပြီးတာနဲ့ Digital Marketing Tools တွေနဲ့ Tacticsတွေကို သေချာ အသုံးပြုတတ်သွားမှာဖြစ်ပြီး Digital Marketing Agency (သို့မဟုတ်) Brand တစ်ခုခုမှာ Digital Marketing Specialist အနေနဲ့ အလုပ်စဝင်ဖို့ ယုံကြည်ချက်ရှိသွားစေမှာပါ။ Full Stack Digital Marketer တစ်ယောက်အနေနဲ့ အသက်မွေးချင်တဲ့သူတွေအတွက် ဒီအတန်းက အရမ်းသင့်တော်ပါတယ်။


အခုဖော်ပြပေးခဲ့တဲ့အတန်းတွေအပြင် Google Skillshop နဲ့ HubSpot Academy တို့မှာလည်း အခမဲ့ Digital Marketing Course တွေ တက်နိုင်ပါတယ်။