ခရီးစဉ်အားလုံးအတွက် အဆင်ပြေစိတ်ချရစေမယ့် Toe Tat Paing Car Rental

ခုလိုမိုးရာသီအေးအေးချမ်းချမ်းကာလလေးမှာ မိသားစုလိုက်ဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဖြစ်စေ ရုံးပိတ်ရက် အားလပ်တဲ့အချိန်လေးမှာ ခရီသွားဖို့လည်းပြင်ဆင်တတ်ကြပါတယ်။ အဖွဲ့လိုက်သွားမယ့်ခရီးစဉ်ဖြစ်တာကြောင့်လည်း ယာဉ် မောင်းအပါအဝင် ကားစီးလုံးငှားသွားဖို့စီစဉ်တဲ့အခါမှာ မထင်မှတ်ထားတဲ့အခက်အခဲလေးတွေဖြစ်တတ်ကြပါတယ်။ အဲ့ဒီအ ခက်အခဲလေးတွေကလည်း လိုချင်တဲ့ကားအမျိုးအစားကရှာမရတာ၊ ဈေးနှုန်းမတည့်တာနဲ့ကျွမ်းကျင်ယာဉ်မောင်းမရှိတာတွေ စတဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့ရတတ်တာပါပဲ။

Photo Source – https://bit.ly/2WenZl9

ဝေးလံတဲ့ဒေသတွေကို ခရီးသွားချင်တဲ့အခါ ကျွမ်းကျင်ပြီးစိတ်ချရမယ့်ယာဉ်မောင်း၊ သက်တောင့်သက်သာရှိစေပြီး သွားမယ့် လူဦးရေနဲ့ကိုက်ညီမယ့်မော်တော်ကားက တစ်ခါတစ်လေမှာရှာဖွေရခက်တာဓမ္မတာပါပဲ။ ဒါ့အတွက်ကြောင့်လည်း ကောင်းမွန် တဲ့ Car Rental တစ်ခုကို သိရှိထားတာက ကိုယ့်အတွက် အရေးပေါ်ကိစ္စမှာအသုံးပြုဖို့ပဲဖြစ်ဖြစ်၊ ခရီးသွားဖို့ပဲဖြစ်ဖြစ် များစွာအထောက်အကူဖြစ်စေပါတယ်။

Photo Source – https://bit.ly/2WenZl9

မြန်မာနိုင်ငံရဲ့ တချို့ခရီးသွားနယ်မြေတွေကလည်း ကိုယ်ပိုင်အစီအစဉ်နဲ့ကားငှားပြီးမှ သွားလို့ရတဲ့နေရာတွေဖြစ်နေတတ် ပါတယ်။ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ အပန်းဖြေခရီး၊ ဘုရားဖူးခရီးတွေစီစဉ်တဲ့အခါ ဝန်ဆောင်မှုကောင်း မွန်ပြီးဈေးသက်သာနဲ့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေကို ချိတ်ဆက်ငှားရမ်းမှသာ စိတ်ချမ်းသာမှုအပြည့်အဝရစေမှာပဲ ဖြစ်ပါတယ်။

Photo Source – https://bit.ly/2WenZl9

ခရီးသွားတယ်ဆိုတာကလည်း Package နဲ့သွားတာထက်စာရင် မိသားစုဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေဖြစ်ဖြစ်စုပြီး ကားစီးလုံး ဌားပြီးသွားရတာက ပိုပျော်စရာကောင်းပြီး လုံခြုံစိတ်ချမှုလည်းရှိစေပါတယ်။ မရောက်ဖူးတဲ့ဒေသတွေကိုလည်ပတ်မယ်ဆိုရင် ကိုယ်တိုင်ကားစီးလုံးငှားလာတာဖြစ်တဲ့အတွက် လည်ပတ်ဖို့အတွက်အချိန်ပိုရသလို ခရီးစဉ်မှာလည်းပိုပြီးနှံ့အောင်လည်ပတ် ဖို့ အခွင့်အရေးပိုရစေပါတယ်။ မိသားစုထဲက သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးညံ့တဲ့သူတွေလည်း သက်သောင့်သက်တာ လိုက်ပါလို့ရတဲ့အတွက် ပိုအဆင်ပြေစေပါတယ်။
ကားစီးလုံးငှားခရီးသွားခြင်းဟာ အချိန်ကြန့်ကြာမှုတွေနဲ့ မလိုလားအပ်တဲ့ပြင်ပပြဿနာတွေကင်းဝေးစေသလို သက်သောင့် သက်သာလည်းရှိစေပါတယ်။ ဒါ့အပြင် ကိုယ်သွားချင်တဲ့အချိန်သွားလို့ရသလို သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ ကားစုငှားပြီးသွားလို့ရတဲ့အတွက် ကုန်ကျစရိတ်လည်းနည်းစေတာအမှန်ပါပဲ။

Photo Source – https://bit.ly/2WenZl9

Toe Tet Paing Car Rental ကတော့ အချိန်ပိုင်း၊ ရက်ပိုင်း ကားအငှားဝန်ဆောင်မှုများကိုစတင်ဝန်ဆောင်မှုပေးနေပြီး သွား ရောက် လည်ပတ်လိုသောခရီးစဉ်များအတွက် (၄) ယောက်စီး၊ (၇) ယောက်စီး၊ (၁၅)ယောက်စီး ၊ (၂၅) ယောက်စီး၊ (၃၃)ယောက် စီး၊ (၄၅) ယောက်စီး ကားတွေကိုငှားရမ်းပေးလျက်ရှိပါတယ်။

Photo Source – https://bit.ly/2WenZl9

Company သုံး၊ လုပ်ငန်းသုံးအတွက်လည်း မော်တော်ကားတွေကို (လချုပ်/နှစ်ချုပ်)များနဲ့ ငှားရမ်းပေးနေသလို ကောင်းမွန်သောဝန်ဆောင်မှု၊ သင့်တင့်မှန်ကန်သော ဈေးနှုန်းများ၊ ယုံကြည်စိတ်ချကောင်းမွန်သော ကားကောင်းကားသန့် များ၊ အတွေ့အကြုံရှိပြီး ကျွမ်းကျင်သောယာဉ်မောင်းများဖြင့် ဝန်ဆောင်မှုပေးနေခြင်းလည်းဖြစ်ပါတယ်။
ပျားရည်ဆမ်းခရီးသွားခြင်း၊ မိသားစုနဲ့ခရီးသွားခြင်း၊ မြို့တွင်း/မြို့ပြင်၊ လေဆိပ်ကြို-ပို့၊ ဘုရားဖူးခရီး စတဲ့ခရီးစဉ်များအာလုံးအ တွက် မိမိသွားလိုတဲ့ခရီးနဲ့ ငှားရမ်းလိုတဲ့ကားအမျိုးအစားအလိုက် ရွေးချယ်ငှားရမ်းနိုင်ကြပါတယ်။

အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်သလို Facebook Page တွင်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/CarRentalServices09448000375/?epa=SEARCH_BOX
ဖုန်း-09448000375,09250512525
Viber-09250512525
Email—toetetpaingcarrental@gmail.com

Scroll to Top