Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ လက်တွဲကာ မြန်မာ အဆောက်အဦးတွင်းကွန်ရက်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲ ၂၀၁၉ ကို ကျင်းပပြုလုပ်

ကမ္ဘာ့ဦးဆောင် ICT အခြေခံအဆောက်အအုံနှင့် စမတ်စက်ပစ္စည်းထောက်ပံ့သူ Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ လက်တွဲ၍ ပွင့်လင်းမြင်သာစွာပူးပေါင်းကာ အပြန်အလှန်အကျိုးပြုနိုင်သည့် ဂေဟစနစ်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအဆောက်အဦးတွင်းကွန်ရက်များဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲ ၂၀၁၉ ကို Pan Pacific Yangon ဟိုတယ်၌ ယနေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။
Photos Source- https://www.huawei.com/mm/

မြန်မာနိုင်ငံအဆောက်အဦးတွင်းကွန်ရက်များဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဆွေးနွေးပွဲ ၂၀၁၉ ၌ အဆောက်အဦးအတွင်းကွန်ရက်လွှမ်းခြုံမှုဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ လက်ရှိတွင် လူသိများနှစ်သက်နေသည့်ခေါင်းစဉ်များ နှင့် မြန်မာနိုင်ငံအတွင်းရှိ အဆောက်အဦး တွင်းကွန်ရက်သစ်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ ခေါင်းစဉ်များကို ဆွေးနွေးသွား မည်ဖြစ်သည်။ ဆက်သွယ်ရေးကွန်ရက်များ၏ဖွံ့ဖြိုးလာမှုသည် လျင်မြန်စွာတိုးတက်ပြောင်းလဲနေ သည့် မြန်မာနိုင်ငံအတွက် ပိုမိုအရေးပါလာသည်။ လက်ရှိတွင် ၈၀% သော မြန်နှုန်းမြင့်ဒေတာ ဝန်ဆောင်မှုများကို အဆောက်အဦးတွင်းကွန်ရက်များ အထူးသဖြင့် အထပ်မြင့်အဆောက်အဦး များတွင် အသုံးပြုလျက် ရှိသည်။
Photos Source- https://www.huawei.com/mm/

အနာဂတ် 5G နည်းပညာသည် အမျိုးအစားပိုမိုစုံလင်သည့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပြီး စီးပွား ရေးလုပ်ငန်းများ၏ တိုးချဲ့နိုင်စွမ်းကို ပိုမိုမြင့်မားစေနိုင်သဖြင့် ပိုမိုများပြားသည့်မိုဘိုင်းလ်ဝန်ဆောင်မှု များသည် အဆောက်အဦးတွင်းကွန်ရက်များတွင် နေရာယူလာမည်ဟု နယ်ပယ်တစ်ခုလုံးက ခန့် မှန်းထားကြသောကြောင့် အဆောက်အဦးတွင်းကွန်ရက်ဖြန့်ကျက်မှုသည် တန်ဖိုးမြင့်မိုဘိုင်းလ် ဝန်ဆောင်မှုများအတွက် အဓိကကျလာသည်။ အဆောက်အဦးတွင်းကွန်ရက်ဖြန့်ကျက်မှုဆိုင်ရာ ဒစ်ဂျစ်တယ် solution များသည် cloud VR၊ နည်းပညာမြင့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလွန် တိကျသည့်အဆောက်အဦးတွင်းတည်နေရာသတ်မှတ်ခြင်းဝန်ဆောင်မှုများကို ထောက်ပံ့ပေးခြင်း ဖြင့် အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ ၏ လုပ်ငန်းဆောင်ရွက်ချက်များကို အထောက်အကူ ပြုနိုင်သည်။ ၎င်းက ပိုမိုမြန်ဆန်အဆင်ပြေသည့်အတွေ့အကြုံများ၊ ကွန်ရက်ဒီဇိုင်းနှင့်ပုံစံများကို ပြုပြင်ရန်မလိုဘဲ 5G သို့ ပြောင်းလဲအသုံးပြုနိုင်သဖြင့် ပိုမိုတိုးတက်ကောင်းမွန်ခြင်း၊ E2E visualized O&M ကို အသုံးပြုထားခြင်းကြောင့် လုပ်ငန်း လည်ပတ်ထိန်းသိမ်းစရိတ်ကို လျှော့ချနိုင်ခြင်းများကို လည်း ပေးအပ်နိုင်သည်။
Photos Source- https://www.huawei.com/mm/
Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က “5G ခေတ်ရောက်တဲ့အခါ ကောင်းကျိုးတွေ အများကြီးရှိပြီး လူသိများလာတဲ့ အဆောက်အဦးတွင်းကွန်ရက်တွေက တန်ဖိုးမြင့်မိုဘိုင်းကွန်ယက်တွေ လုပ်ငန်းလုပ်ဆောင်ရာမှာ အဓိကအရေးကြီးတဲ့ နေရာကပါဝင်လာ မှာပါ။ ဒစ်ဂျစ်တယ်ကွန်ရက်ကသာလျင် ပိုပြီး ထူးခြားဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ၊ ပိုပြီးမြန်ဆန် တဲ့ အချက်အလက်ပြောင်းရွှေ့နှုန်းတွေ၊ ထိရောက်တဲ့ E2E လုပ်ဆောင်ချက်တွေ နဲ့ 5G ကို ချောမွေ့ စွာ ကူးပြောင်းအသုံးပြုနိုင်ခြင်းတွေကို ပေးစွမ်းနိုင်မှာပါ။ စမတ်စီးတီးတွေ တည်ဆောက်ရာမှာလည်း အဆောက်အဦးတွင်းဒစ်ဂျစ်တယ်ကွန်ရက်တွေက အရေးကြီးတာကြောင့် ဒီအဆောက်အဦးတွင်း ကွန်ရက်တွေ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းက နယ်ပယ်ရဲ့ အနာဂတ် ဖြစ်တယ်ဆိုတာ မလွဲပါ ဘူး။” ဟု ပြောကြားသည်။
“ဒီနေ့ပွဲကတော့ မြန်မာနိုင်ငံမှာ ဒီကွန်ရက်တွေဖွံ့ဖြိုးလာဖို့ နဲ့ ICS/FTTX နယ်ပယ်မှာ စံချိန်စံညွန်း သတ်မှတ်ချက်တွေပြုလုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို ဆွေးနွေးသွားမှာပါ။ မြန်မာနိုင်ငံအင်ဂျင်နီ ယာအသင်းချုပ်နဲ့ ပူးပေါင်းကျင်းပတဲ့ ဒီဆွေးနွေးပွဲကတဆင့် Hawei က နိုင်ငံသားတွေရဲ့နေ့စဉ်ဘဝ လူနေမှုအဆင့်တိုးတက်လာစေဖို့နဲ့ ဒစ်ဂျစ်တယ်မြန်မာနိုင်ငံတည်ထောင်ဖို့ ကတိကဝတ်ပြုထားတာ ကိုလည်း ဖော်ပြနေတာပါ။” ဟု Mr. Zhang Liman က ဆိုသည်။


Photos Source- https://www.huawei.com/mm/
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဌ ဦးအောင်မြင့် က “သုံးစွဲသူတွေက အရည်သွေးမြင့်တဲ့ ကွန်ရက်ဝန်ဆောင်မှုတွေကို အချိန်မရွေး နေရာမရွေး ရရှိသုံးစွဲလိုကြပါတယ်။ ဒီလိုပေးအပ်ဖို့ဆိုတဲ့ နေရာမှာ အဆောက်အဦးတွင်းကွန်ရက်တွေက အရေးကြီးတဲ့နေရာက ပါဝင်လာပါတယ်။ ဒါပေမယ့် လက်ရှိ အဆောက်အဦးတွင်းကွန်ရက်အတွေ့အကြုံတွေက သုံးစွဲသူတွေရဲ့မျှော်မှန်းချက်ကို အပြည့် အဝမဖြည့်ဆည်းနိုင်ပါဘူး။ အထူးသဖြင့် အထပ်မြင့်အဆောက်အဦးအိမ်ယာတွေမှာပါ။ အဆောက် အဦးတွင်းကွန်ရက်တွေဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် နည်းပညာ၊ အိမ်ခြံမြေ ဆောက်လုပ်ရေး နဲ့ အခြားသောသက်ဆိုင်ရာနယ်ပယ်တွေက ပူးပေါင်းပါဝင်ပြီးတော့ တူညီတဲ့ စံချိန်စံညွှန်းနဲ့ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသောအင်ဂျင်နီယာအဖွဲ့ အစည်းတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အနေနဲ့ Huawei နဲ့ ပူးပေါင်းပြီး အဆောက်အဦးတွင်း ကွန်ရက်တွေဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး နဲ့ မြန်မာ ICS/FTTX နယ်ပယ်အတွက် စံနှုန်းသက်မှတ်မှုတွေကို မြှင့်တင်လိုပြီး လက်တွေ့ဘဝတွေကို အမှတ်တကယ် သက်ရောက်မှုဖြစ်စေတဲ့ နည်းပညာအခြေခံအဆောက်အအုံနဲ့ ပတ်သက်တဲ့ခေါင်းစဉ်တွေ၊ လက်ရှိ အသုံးပြုနေမှုတွေနဲ့ ကောင်းမွန်တဲ့ solution ကို ရှာဖွေမယ့်အခုဆွေးနွေးပွဲကို တက်ရောက်ရတာ တကယ်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။” ဟု ပြောကြားသည်။
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးစိုးနိုင် က “မြန်မာနိုင်ငံ ဆက်သွယ်ရေးနယ်ပယ်ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ချယုံကြည်ရတဲ့ ဆက်သွယ်ရေးsolutionတွေ၊ ကျွမ်းကျင်အတတ်ပညာဝန်ဆောင်မှုတွေကို ပံ့ပိုးပေးပြီး ကူညီ ထောက်ပံ့နေတဲ့ Huawei ကို ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့အနာဂတ်ဆက်သွယ် ရေးကွန်ရက်တည်ဆောက်မှုမှာ ပါဝင်ဖို့လည်း Huawei ကို ကြိုဆိုပါတယ်။ ဆက်သွယ်ရေးလုပ်ငန်း သုံးပစ္စည်းထောက်ပံ့သူ မည်သူမဆို မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် တရားမျှမျှတတ ယှဉ်ပြိုင်တဲ့နေရာမှာ ဘယ်သူ့ကိုမှ ပိတ်ပင်သွားမှာမဟုတ်ပါ ဘူး။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ကွန်ရက်လုံခြုံမှုရှိစေဖို့အတွက် ဆိုင်ဘာလုံခြုံရေးနဲ့အခြား ဆက်စပ်နည်းပညာစံချိန်စံညွှန်းတွေကို လည်း ချမှတ်ပေးသွားမှာပါ။” ဟု ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးဝင်းတင့်က “မြန်မာနိုင်ငံမှာ စမတ် အဆောက်အဦးတွေနဲ့ စမတ်စီးပွားရေးဖွံ့ဖြိုးလာဖို့အတွက် နယ်ပယ်ကဏ္ဍအားလုံးက ပါဝင်ကြိုးပမ်း ကြဖို့ လိုအပ်ပါတယ်။ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ အသိဉာဏ်ပါဝင်လုပ် ဆောင်နိုင်တဲ့ စက်ပစ္စည်းတွေနဲ့ ဆက်သွယ်ရေးလိုင်းကြိုးတွေထည့်သွင်းဖို့နေရာကို အဆောက် အဦးဒီဇိုင်းပြုလုပ်တဲ့အချိန်ထဲက ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ ဒါမှလည်း ဆက်သွယ်ရေး စက်ပစ္စည်းတွေကို အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်လို့ပါ။ ကျွန်တော်တို့က ပါဝင်ဆောင် ရွက်ကြတဲ့မိတ်ဖက်အားလုံးအတွက် ဆက်သွယ်ရေးကုန်ကျစရိတ်တွေလျော့ကျစေပြီး လုပ်ငန်းစွမ်း ဆောင်ရည်တိုးတက်လာစေဖို့ သင့်လျော်တဲ့ပတ်ဝန်းကျင်တစ်ခုထောက်ပံ့ပေးဖို့ ရည်ရွယ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို Huawei နဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်းချုပ်တို့က စတင်လုပ်ဆောင်ပေးနေတာကိုတွေ့ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာဖြစ်ရသလို မြန်မာနိုင်ငံ ဆောက်လုပ်ရေးနယ်ပယ်အတွက် Huawei ရဲ့ အဆက်မပြတ် ပံ့ပိုးမှုတွေအတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ နယ်ပယ်အားလုံးအနေနဲ့လည်း အားလုံးတိုးတက် ဖွံ့ဖြိုးလာဖို့အတွက် ကိုယ်ပိုင်အကြံဉာဏ်တွေကို ပေးနိုင်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် စွမ်းရည် အပြည့်အဝအသုံးပြုနိုင်ကြဖို့ မျှော်လင့်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ မြန်မာနိုင်ငံဖြစ်လာဖို့ အားလုံး အတူ ဆောင်ရွက်သွားကြရ အောင်လားခင်မျာ။” ဟု ပြောကြားသည်။

အဆောက်အဦးတွင်းကွန်ရက်များဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆွေးနွေးပွဲများကို ရေရှည် ကျင်းပသွားရန်၊အခြားသောဦးဆောင်လှုပ်ရှားမှုများဆောင်ရွက်ရန်၊ အဆောက်အဦးတွင်းကွန်ရက် များနှင့် အခြားသော ဦးဆောင်လှုပ်ရှားမှုများဆောင်ရွက်ရန်၊ အဆောက်အဦးအတွင်းကွန်ရက်များ နှင့် FTTH စံညွှန်းများ အကောင်အထည်ဖော်ဆောင်ရေး၊ လုပ်ငန်းလည်ပတ်နိုင်ရေးနှင့် အရောင်း မြှင့်တင်ရေးများကို ပူးပေါင်းဆောင်ရွက် သဘောတူညီမှုစာချုပ်တစ်ခုကို မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နှင့် Huawei တို့ ၂၀၁၉ ခုနှစ်အစပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့ပြင် မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် cloud၊ e-learning ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ပေးသည့် အစီအစဉ်များနှင့် အလုပ်သင်အစီအစဉ်များအပါအဝင် အခြားသတ်မှတ်နယ်ပယ်များဖွံ့ဖြိုးတိုးတက် ရေးအတွက် Huawei နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် အစိုးရဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ နယ်ပယ်တွင်း လေ့ လာစမ်းစစ်သူများ နှင့် အခြားသောသြဇာရှိအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးကြကာ အတွေးအမြင်များ ဖလှယ်ခဲ့ကြသည်။