စီးပွားရေးလုပ်ငန်းများနဲ့ Freelancer များကို ချိတ်ဆက်ပေးမယ့် Freelance Platform တစ်ခုဖြစ်တဲ့ Welldone

Welldone သည် စီးပွားရေးလုပ်ငန်းများနဲ့ Freelancer များကို ချိတ်ဆက်ပေးမယ့် Freelance Platform တစ်ခုဖြစ်သည်။ Welldone.im website တွင် အသုံးပြုသော အခါ လိုက်နာရမည့် စည်းကမ်းချက်များ ဖြစ်သည်။
Welldone.im သည် အသက် ၁၆ နှစ်အထက် မြန်မာနိုင်ငံသား မှတ်ပုံတင် / ဧည့် မှတ်ပုံတင် သို့မဟုတ် မြန်မာနိုင်ငံသား Passport ကိုင်ဆောင်ထားသူများသာ အသုံးပြုနိုင်ရန် ခွင့်ပြုထားသည်။ ထို့ကြောင့် အထက်ပါ အချက်အလက်နှင့် မပြည့်စုံပါက သင်သည် Welldone.im တွင် မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်မည် မဟုတ်ပါ။ 

Photo source https://www.welldone.im/home

အထက်ပါ အချက်အလက် မပြည့်စုံပဲ အသုံးပြုခဲ့သည် ရှိသော် Welldone.im မှ သင့် Account အားပိတ်သိမ်းပစ်မည် ဖြစ်သည်။
Service
Freelancer များမှ အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးသော လုပ်ငန်းများကို Welldone.im တွင် Service ဟုခေါ်သည်။
Project
Buyer မှာ ဝန်ဆောင်ခ ပေးချေပြီး အလုပ်အပ်နှံသော Service များအား Project ဟုခေါ်သည်။
Buyer
Welldone.im ပေါ်မှ Service များအား ဝန်ဆောင်ခပေး၍ အလုပ်အပ်နှံသူတိုင်းသည် Buyer ဖြစ်သည်။ Welldone.im တွင် Register ပြုလုပ်ထားသူတိုင်းသည် Buyer ဖြစ်သည်။
Freelancer
Welldone.im တွင် Freelancer အဖြစ်လုပ်ကိုင်ရန် လျှောက်ထားပြီး လုပ်ကိုင်ခွင့် ရရှိသူတိုင်းအား Freelancer အဖြစ်သတ်မှတ်သည်။
Welldone Credit
Welldone.im website ပေါ်တွင် အလုပ်အပ်နှံ နိုင်ရန်အတွက် ပေးချေ အသုံးပြုနိုင်သော အခကြေးငွေ ပမာဏ ဖြစ်သည်။
Redeem
Welldone Credit ဖြည့်သွင်းရန်အတွက် အသုံးပြု Coupon သို့မဟုတ် Payment Service Provider(s) အသုံပြုခြင်း ဖြစ်သည်။
Coupon
Welldone Credit ဖြည့်သွင်းရန်အတွက် Welldone.im မှ သတ်မှတ်ထားသော နံပါတ်များ ဖြစ်သည်။
Redeemed
Welldone Credit ဖြည့်သွင်းထားသည့် ပမာဏ ဖြစ်သည်။
Payment Service Provider(s)
Welldone Credit ဖြည့်သွင်းရန်အတွက် သတ်မှတ်ထားသော Bank များ သို့မဟုတ် Online payment ဝန်ဆောင်မှုများအား Payment service Provider(s) အဖြစ်သတ်မှတ်သည်။

Photo source https://www.welldone.im/home
Revenue
Project များပြီးမြောက်သောအခါ ရရှိသော ဝန်ဆောင်ခကို Revenue အဖြစ်သတ်မှတ်သည်။
Earning
Revenue များမှ Welldone.im ၏ ဝန်ဆောင်ခ ပေးချေပြီး ပြန်လည် ထုတ်ယူ အသုံး ပြုနိုင်သော ငွေပမာဏ ဖြစ်သည်။ Friend Code – Welldone.im တွင် မှတ်ပုံတင်ထားသော အသုံးပြုသူတိုင်း၏ ကိုယ်ပိုင်နံပါတ် ဖြစ်သည်။
Welldone.im သည် မြန်မာနိုင်ငံမှာ ရှိတဲ့ Freelancer များနှင့် လုပ်ငန်းရှင်တွေကြားမှာ ဆက်သွယ်ပေးပြီး အလုပ်တွေကို ပြီးမြောက်စေမယ့် Website ဖြစ်သည်။ Welldone.im တွင် မှတ်ပုံတင်ထားသူများသာ Freelancer အဖြစ်လုပ်ကိုင်ခြင်း၊ Freelancer များအား အလုပ်အပ်နှံခြင်း ပြုလုပ်နိုင်မည် ဖြစ်သည်။ Welldone တွင် မှတ်ပုံတင်နိုင်ရန်မှာ အခမဲ့ ဖြစ်သည်။ စည်းကမ်းချက်အသေးစိတ်ကို အောက်ပါ Link တွင်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
https://www.welldone.im/term-condition/
အောက်ပါ Link မှဝင်ရောက်မှတ်ပုံတင်နိုင်ပါတယ်။
https://www.welldone.im/signup/