ကြိုတင်လစဉ်ကြေးပေးသွင်းစရမလိုဘဲ သုံးရက်အတွင်းအပြီးတပ်ဆင်ပေးနေသော Kinetic ဖိုက်ဘာအင်တာနက် အကြောင်း

ရန်ကုန်မြို့တွင်းမြို့နယ်များတွင် ကြိုတင်လစဉ်ကြေးပေးသွင်းစရမလိုဘဲ Kinetic Internet Service မှ ဖိုက်ဘာအင်တာ နက်များကို သုံးရက်အတွင်းအပြီးတပ်ဆင်ပေးနေပြီဖြစ်ကြောင်း လူမှု့ကွန်ယက်စာမျက်နှာတွင်ထုတ်ပြန်ထားသည်။ တပ်ဆင် ကြေး အခမဲ့ဖြစ်သည့်အပြင် ကြိုတင်လစဉ်ကြေးပေးစရာမလိုအပ်ဘဲ မိသားစုသုံး၊ လုပ်ငန်းသုံး ကြိုက်သလောက်သုံး အစီ အစဉ်များနှင့်တပ်ဆင်ပေးနေပြီဖြစ်ကြောင်းလည်းသိရသည်။

Photo Source https://www.facebook.com/KineticISP

ရရှိနိုင်သောမြို့နယ်များမှာ မရမ်းကုန်၊ လှိုင်၊ ကမာရွတ်၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ဗဟန်း၊ ကြည့်မြည်တိုင်၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ သာကေတ၊ ဒေါပုံ စသည့်မြို့နယ်များဖြစ်သည်။
Kinetic Internet Service ၏ FTTH ဈေးနှုန်း Plan များမှာ အောက်ပါအတိုင်းဖြစ်သည်။
လစဉ်ကြေး
15Mbps – 25000
20Mbps – 32000
30Mbps – 40000
40Mbps – 48000
50Mbps – 56000 တို့ဖြစ်သည်။ (ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းမပါဝင်ပါ)

Photo Source https://www.facebook.com/KineticISP

Kinetic Myanmar Technology Co. , Ltd ၂၀၀၈ ခုနှစ်ဇန်နဝါရီလတွင်တည်ထောင်ခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးနှင့်အင်တာနက် ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများအနက်မှတစ်ခုဖြစ်သည်။ Kinetic Myanmar Technology Co. , Ltd သည် တယ်လီဖုန်းဆက်သွယ်ရေးနှင့်စနစ်လုပ်ငန်းများတွင်အတွေ့အကြုံရှိပြီး ကျွမ်းကျင်သော အင်ဂျင်နီယာများ၊ ၂၀၁၅ နှစ်ကုန်တွင် ဝန်ထမ်း ၅၀၀ ကျော်နှင့်အချိန်ပိုင်းဝန်ထမ်းများနှင့်ဖွဲ့စည်းထားသည်။
အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါ Link သို့ ဝင်ရောက်ကြည့်ရှုနိုင်သလို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေး မြန်နိုင်ကြောင်းသိရသည်။
https://www.facebook.com/KineticISP
https://kineticinternet.net/my_MM/
ဖုန်း09400005333၊09969925187၊ 09969925219၊ 09977125424