Vivo Y1s တွင် ဖုန်းမျက်နှာပြင်အရွယ်အစားသည် ဖုန်းတစ်ခုလုံး၏ ၈၈ ဒဿမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ၆ ဒဿမေ ၂၂ လက်မ Halo FullView ™ Display ပါရှိသည်။ ဗီဒီယိုများနှင့်ဂိမ်းများ ဆော့သည့်အခါတွင်လည်း စွဲမက်ဖွယ်ကောင်းသော ခံစားချက် ကိုပေးသည်။ ဒါ့အပြင် Y1s သည် မျက်စိညောင်းညာမှုကို ကာကွယ်နိုင်ရန်အတွက် အန္တရာယ်ရှိသောအပြာရောင် အလင်းတန်းကို စစ်ထုတ်ပေးသည်။
စွဲမက်ဖွယ်ကောင်းတဲ့ 3D ကိုယ်ထည် curves နှင့်အတူ vivo Y1s ကို လက်နှင့်ကိုင်တွယ်ရ အဆင်ပြေလွယ်ကူစေရန် ပြုလုပ်ထားသည်။ အထူ 161g နှင့် 8.28mm ရှိပြီး ကိုယ်ထည်ဒီဇိုင်း ပါးလွှာမှုကြောင့် လက်တဖက်တည်းဖြင့် ကိုင်တွယ်ရန် လွယ်ကူစေသည်။
သဘာဝတရား၏လှပမှုဖြင့် ညှို့ယူဆွဲဆောင်နေသည့် Aurora Blueသည် ရေခဲမြစ်များအရည်ပျော်ရာမှ ကြီးမားကျယ်ပြန့် သောသမုဒ္ဒရာကြီးအတွင်းကို စီးဝင်တွေ့ဆုံကြသည်ကို အကြောင်းပြုပြီး ရရှိလာသော စိတ်ကူးဖြစ်သည်။ အဖြူ၊ အပြာနှင့် ခရမ်းရောင် ဟူ၍ အရောင်သုံးမျိုးဖြင့်ရောစပ်ထားပြီး ကြည်လင်အေးချမ်းခြင်း၊ အံ့ဩဖွယ်ကောင်းခြင်းနှင့် လျှို့ဝှက်ဆန်း ကြယ်ခြင်း စသော ခံစားချက်တို့ကို ရရှိကြစေရန် ဖန်တီးထားသည်။ ပါးလွှာသော 3D ကိုယ်ထည်အခုံးသည် ပိုမိုလှပကြော့ ရှင်းပြီး ၎င်း၏ပါးလွှာမှုက ကိုင်ဆောင်ရာတွင် သက်တောင့်သက်သာရှိစေသည်။
Photo Source https://www.vivo.com
Olive Black သည် သစ်တောများမှ စိမ်းလန်းစိုပြေခြင်းကို ကိုယ်စားပြုသည်။ စိတ်ဝင်စားဖွယ်ကောင်းသော လုပ်ဆောင်ချက် အသစ်နှင့်အတူ ပရီမီယံအရောင် ထုတ်လုပ်မှုနည်းစနစ်နှင့်တကွ အနက်နှင့်စိမ်းပြာရောင်အရင့်တို့ပါ ရောနှောနေပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော အမြင်အာရုံအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။
vivo ၏ အထူးသီးသန့် အလှအပ အသားပေးသည့် ပိုပြီးကောင်းမွန်သော အသားအရည်နှင့် အသားအရောင်အမျိုး မျိုးအတွက် အံဝင်ခွင်ကျဖြစ်စေသည့် ရွေးချယ်စရာများကို ပေးထားသည်။ ပိုပြီးသဘာဝကျကျ လှပခြင်းနှင့် ပြည့်စုံစေသည်။
vivo Y1ရဲ့သီးသန့် Smart Power စီမံခန့်ခွဲမှုက ထောက်ပံ့ပေးထားသော 4,030mAh ဘက်ထရီသည် ပိုမိုကောင်းမွန်စွာ ဂိမ်းကစားရန်နှင့် ဗီဒီယိုကြည့်ရန်တို့အတွက် ဘက်ထရီသက်တမ်းကြာရှည်ရန် ထိန်းသိမ်းပေးသည်။ ဘက်ထရီသက်တမ်းနှင့် ပတ်သက်ပြီး စိတ်ပူပန်ခဲ့ရမှုများ မရှိနိုင်တော့လောက်အောင် ကောင်းမွန်သော စမတ်ဖုန်းတစ်လုံးလည်းဖြစ်သည်။
32GB internal ROM သည်ဓာတ်ပုံများ၊ ဖိုင်များနှင့် application များကို သိမ်းဆည်းရန် အတွက်ပေးသည်။ Y1s များသည် SD card နှင့်အတူ 256GB အထိတိုးချဲ့နိုင်ပြီး အံ့အားသင့်စရာများစွာဖြင့် သင်၏ကမ္ဘာကိုပိုမိုကောင်းမွန်စေသည်။ (ပြင်ပမှတ်ဉာဏ်အထောက်အပံ့အတွက် Micro SD ကဒ်ကိုသီးခြားဝယ်ယူရန်လိုအပ်သည်။ အမှန်တကယ်ရရှိနိုင်သော ROM သည် 32GB ထက်နည်းခြင်းမှာ operating system နှင့်ကြိုတင်ထည့်သွင်းထားသော app များသိုလှောင်ထားခြင်း ကြောင့်ဖြစ်သည်။)
Photo Source https://www.vivo.com
vivo သည် Y1s ဖြင့် Face Access ကိုမိတ်ဆက်ပေးပြီး ၎င်းသည်သင်၏မျက်နှာကို မှတ်လိုက်သည်နှင့် တပြိုင်နက် ဖုန်းကို unlock ဖွင့်စေသည်။ Settings ထဲရှိ feature အသစ်သည် screen animations များကို စိတ်ကြိုက်ပြုလုပ်ရန် ရွေးချယ်စရာ များစွာပေးသည်။ ဖုန်းကို unlockဖွင့်ခြင်း၊ သင်၏ မျက်နှာကိုမှတ်မိခြင်းနှင့် အခြားအပြန်အလှန်ဆက်သွယ်မှုများစွာ ပြုလုပ် ခြင်းတို့တွင် အသုံးပြုနိုင်သည်။ ညဉ့်နက်သည့်အခါ အမှောင်ထုဖြစ်နေသည့်နောက်ခံသို့ပြောင်းပါ။ ဘက်ထရီသက်တမ်း ကြာရှည်ခံစေမည်လည်းဖြစ်သည်။
vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ vivo သည် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ် များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှု များမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါသည်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည်။
နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါသည်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivoသည် အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့ပါသည်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.vivo.com