Gamer တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမြန်နှုန်းကို မြှင့်တင်ပေးဖို့ Dual-Turbo က lightning-fast လုပ်ဆောင်ချက်အဖြစ်ထည့်သွင်းပေးထားတဲ့ Vivo Y12 စမတ်ဖုန်း

Vivo ရဲ့တန်ဖိုးသင့်စမတ်ဖုန်းတွေထဲမှာ လုပ်ဆောင်ချက်ကောင်းမွန်မှုတွေနဲ့ ဖွဲ့စည်းထုတ်လုပ်ထားတဲ့ vivo Y12 စမတ်ဖုန်း ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ Y12 မှာ 6.35 လက်မရှိ Halo FullView™ Display နဲ့ aspect ratio 19.3:9 ပါဝင်ပါတယ်။ အကောင်းဆုံး လုပ်ဆောင်မှုတွေနဲ့ ဖန်တီးထားတဲ့ ဘေးဘောင်တွေက screen-to-body ratio ကို 89 ရာခိုင် နှုန်း ရှိစေပြီး ဖုန်းရဲ့ အသွင်အပြင်က flagship-standard ကဲ့သို့ ခံစားရရှိစေပါတယ်။ ထို့အပြင် screen ကြီးပေမယ့် စနစ်တကျ အသေးစိတ် ပြုလုပ်ထားတဲ့ ဒီဇိုင်းကြောင့် လက်တစ်ဖက်ထဲနဲ့ ကိုင်ထားတဲ့အခါမှာလည်း ပေါ့ပါးကျစ်လစ်မှုကို ခံစားရရှိစေမှာပါ။
Vivo Y12 မှာ ပါဝင်တဲ့ Super Wide-Angle Camera က မြင်ကွင်းကို 120° ထိ ချဲ့ထွင်နိုင်တဲ့အတွက် ဖုန်းကိုအသုံးပြုသူအတွက် လှပတဲ့ ရှုခင်းပုံတွေ၊ သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့အပြင် ပိုပြီး အံ့သြမင်သက် ဖွယ်ကောင်းတဲ့ ဓာတ်ပုံတွေကို ပိုပြီး ရိုက်ကူးနိုင်မှာလည်းဖြစ်ပါတယ်။ Y12 မှာ အကောင်းဆုံး Power-Saving နည်းပညာနဲ့အတူ ထိပ်တန်း 5,000mAh ဘက်ထရီကို ပိုင်ဆိုင်ထားတဲ့အတွက် ဘက်ထရီသက်တမ်းကို ကြာရှည်ခံစွာအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source https://www.vivo.com

Y12 မှာ ပါဝင်တဲ့ 3GB RAM နဲ့ 64GB ROM က ဖုန်းထဲမှာ အက်ပလီကေးရှင်းတွေ အများကြီး ထည့်သွင်းနိုင်ဖို့နဲ့ အသုံးပြုရတာ အဆင်ပြေချောမွေ့စေဖို့ ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် 2.0GHz အမြန်နှုန်းနဲ့ octa-core processor ကို 12nm ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့အပြင် Android 9.0 ကို အခြေခံပြီး အထူးပြုလုပ်ထားတဲ့ Funtouch OS 9 ထည့်သွင်းပြုလုပ် ထားပါသေးတယ်။
Y12 မှာ ပါဝင်တဲ့ Game Mode က ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားတဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်ပါတယ်။ Competition Mode ကို အသုံးပြုပြီး e-sports ကို pro တစ်ယောက်လို ကစားနိုင်ဖို့အတွက် ထည့်သွင်းထားတဲ့ စနစ်တွေက ဂိမ်းစွမ်း ဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ Gamer တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမြန်နှုန်းကို မြှင့်တင်ပေးဖို့ Dual-Turbo က lightning-fast လုပ်ဆောင်ချက်အဖြစ် လုပ်ဆောင်ပေးပါတယ်။ Frame-drop ကိုလည်းလျှော့ချထားတဲ့အတွက် ပိုပြီး ချောမွတ်ပြေပြစ်တဲ့ ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။

Photo Source https://www.vivo.com

vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ vivo သည် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ် များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှု များမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါသည်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည်။
နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါသည်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivoသည် အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့ပါသည်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.vivo.com