အထက်တန်းပညာရေးပိုင်းဆိုင်ရာများတွင် အသုံးဝင်လွန်းသော Youtube Channels များအကြောင်း

အထက်တန်းပညာရေးပိုင်းဆိုင်ရာဘာသာရပ်များစွာကို အွန်လိုင်းက လေ့လာသူတွေအနေနဲ့ အသုံးဝင်လွန်းတဲ့ YouTube Channel များစွာရှိပါတယ်။ အဲ့ဒီထဲကမှ ပညာရေးကို များစွာအထောက်အကူပြုစေပြီး လေ့လာမှတ်သားဖို့လွယ်ကူ အဆင်ပြေစေတဲ့ YouTube Channel ( ၅ ) ခုကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://m.youtube.com/user/khanacademy

(၁) Khan Academy
ဒါကတော့Youtube Channel လည်းဟုတ်တယ်။ မေးခွန်းတွေလေ့ကျင့်ဖို့ website လည်းရှိပါတယ်။ subject တစ်ခုခုကို self-study ဖို့ကတော့အသင့်တော်ဆုံး Channel တစ်ခုဖြစ်ပါတယ်။ Bio, Physics, SAT, Math, Chem, Econ, History စတဲ့ subject တွေတော်တော်များများရှိပါဝင်တဲ့အတွက် အသုံးပြုလေ့လာသူတိုင်းအဆင်ပြေစေပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Youtube: https://m.youtube.com/user/khanacademy
Website: https://www.khanacademy.org
(၂) Nancy Pi
သင်္ချာဘာသာရပ်ကို အဓိကလေ့လာလို့ရတဲ့ Youtube Channel တစ်ခုဖြစ်ပါတယ်။ သင်ကြားမှုဆိုင်ရာမှာလည်း ရှင်းလင်းလွယ်ကူစေပြီး နားလည်ရလွယ်ကူစေပါတယ်။ Board မှာရေးပြီးရှင်းပြတာဆိုပေမယ့် အသေးစိတ်လေ့လာနိုင်တဲ့ Channel တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://m.youtube.com/channel/UCRGXV1QlxZ8aucmE45tRx8w
(၃) Bozeman Science
Biology, Chemistry, Environmental Science စတဲ့ သိပ္ပံနဲ့ပတ်သက်တာတွေရှင်းပြထားတဲ့ video တွေကိုလေ့လာနိုင်တဲ့ Channel တစ်ခုဖြစ်ပါတယ်။ လေ့လာအသုံးပြုသူအရေအတွက် များပြားတဲ့အတွက် နာမည်ကြီးတဲ့ Channel တစ်ခုမှာ အပါ အဝင်ဖြစ်ပါတယ်။ သင်ကြားပြသမှုကောင်မွန်ပြီး နားလည်ရလွယ်ကူစေတဲ့ Channel တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://m.youtube.com/user/bozemanbiology
(၄) Amoeba Sisters
ဒီ Channel ကတော့ Biology သင်ပေးတဲ့ video တွေကိုအများဆုံးလေ့လာနိုင်တဲ့ Channel တစ်ခုဖြစ်ပါတယ်။ ထူးခြားချက် တစ်ခုကတော့ ဒီchannelက တခြား video တွေလို လူတစ်ရောက်ကထိုင်မရှင်းပြပဲ animation တွေနဲ့နားလည်အောင် ရှင်းပါတယ်။ Visual learner တွေအတွက်အဆင်ပြေပါတယ်။ တစ်ခါတစ်လေကြရင်တော့ animation နဲ့လုပ်တော့bio concept တွေကို oversimplify လုပ်တာတွေတော့ကြုံတတ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://m.youtube.com/user/AmoebaSisters

Photo Source https://m.youtube.com/user/crashcourse

(၅) CrashCourse
History, Science, Economics, Statistics, Computer Science စတဲ့ ဘာသာရပ်များစွာကို လေ့လာနိုင်တဲ့ Channel တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး Channel တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်သလို Crash Course ဆိုတဲ့နာမည်အတိုင်းပဲ video ထဲမှာ အချိန်အတိုအတွင်းမှာများတဲ့ information တွေသိနိုင်အောင်လုပ်ထားပေးပါတယ်။ အောက်ပါ Link မှာဝင်ရောက် လေ့လာနိုင်ပါတယ်။
https://m.youtube.com/user/crashcourse
အထက်ဖော်ပြပါ YouTube Channel တွေကို ကြည့်မယ်ဆိုရင် Youtube playback speed ကို 1.5x ဒါမှမဟုတ် 2x လောက်နဲ့ကြည့်ရင် အချိန်ပိုတိုလို့ရမှာဖြစ်ပါတယ်။

Letter Source .. I am MEL Page