Diamond pattern design ပြုလုပ်ထားပြီး လူကြိုက်များခဲ့တဲ့ vivo S1 စမတ်ဖုန်း၏လုပ်ဆောင်ချက်များ

Halo FullView™ Display နဲ့ ပြုလုပ်ထားတဲ့ S1 ဟာ ကျစ်လစ်ကျယ်ပြန့်တဲ့ မျက်နှာပြင် ရှိပါတယ်။ ဒါဟာ အကောင်းဆုံး မြင်ကွင်းကို ပေးစွမ်းနိုင်မယ့် ပြီးပြည့်စုံတဲ့ ခေါက်ချိုးညီ မျက်နှာပြင်တစ်ခုလည်းဖြစ်ပါတယ်။ 6.38 inches ကိုမှ 19.5:9 aspect ratio Super AMOLED Display အပြင် 90 ရာခိုင်နှုန်း screen-to-body ratio နဲ့ဆိုတော့ ရင်သပ်ရှုမောဖွယ် ပုံရိပ်တွေကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။
Self-illuminating Super AMOLED display နဲ့ ပြုလုပ်ထားတဲ့ S1 က Always On Display ကို ထောက်ပံ့ပေးပြီး ဖုန်းအားလည်း ကြာရှည်စွာ အသုံးခံပါတယ်။ အချိန်ကို ကြည့်ချင်တာပဲဖြစ်ဖြစ်၊ အချက်ပေးထားမှုကို ကြည့်ချင်တာပဲဖြစ်ဖြစ် ဖုန်းကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သိရှိနိုင်ပါတယ်။ ဒါ့အပြင် သင့် style နဲ့ ကိုက်ညီမယ့် သင်နှစ်သက်ရာ ဆွဲဆောင်မှုရှိတဲ့ theme ကိုလည်း ထည့်သွင်းနိုင်ပါတယ်။
Vivo က မျက်နှာပြင်အောက်လက်ဗွေစနစ် ကို မိတ်ဆက်ပြီးတဲ့ အချိန်ကစပြီး အသုံးပြုသူတွေကို ပိုမိုကောင်းမွန်တဲ့ unlocking အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။ S1 မျက်နှာပြင်အပေါ် တစ်ချက်ထိ လိုက်ရုံနဲ့ မျက်နှာပြင်ဟာ မြန်မြန်ဆန်ဆန်ပဲ Unlock လုပ်ပေးမှာပါ။ လွယ်ကူလျင်မြန်တဲ့ unlocking ကို လုပ်ဆောင်ပေးမယ့် နည်းစနစ် အမျိုးမျိုးကိုလည်း ထည့်သွင်းထားပါသေးတယ်။
Vivo S1 ကို အဆင့်မြင့် design နဲ့ လက်ရာမြောက်အောင် diamond pattern design ပြုလုပ်ထားပြီး အပြာက ခရမ်းကို ချောချောမွေ့မွေ့ ပြောင်းလဲသွားတဲ့ ပုံစံနဲ့ ထုတ်လုပ်ထားပါတယ်။ အနက်ရောင်နဲ့ ကွပ်ထားပြီး တောက်ပတဲ့ diamond pattern လေးတွေက ညအချိန်မှာ ထွန်းလင်းနေတဲ့ ကြယ်လေးတွေနဲ့တောင် ဆင်တူစေပါတယ်။

Photo Source https://www.vivo.com/mm/

Vivo S1 မှာဆိုရင် ဈေးကွက်ကို ဦးဆောင်နေတဲ့ 32MP အရှေ့ကင်မရာ ပါဝင်ပါတယ်။ ရုပ်ထွက်ကြည်လင်မှုနှုန်းဟာ Ultra HD ရှိတာကြောင့် ပိုမိုကြည်လင်ပြတ်သားပြီး တိကျတဲ့ Selfie ပုံရိပ်တွေကို ဖမ်းယူနိုင်ပါလိမ့်မယ်။ ဒါ့အပြင် မတူညီတဲ့ Selfie Modes တွေဖြစ်တဲ့ AI Face Beauty, Selfie Front Light, AR Stickers, AI Filter အစရှိတာတွေကိုလည်း ရွေးချယ်နိုင်ဦးမှာဖြစ်လို့ Selfie ရိုက်ရတာဟာ ပိုမိုပျော်စရာ ကောင်းလာမှာ အမှန်ပါပဲ။
Sony IMX499 Camera Sensor နဲ့ ဖန်တီးထားတဲ့ vivo S1 က တိကျပြတ်သားတဲ့ ရိုက်ချက်တွေကို ပေးစွမ်းနိုင်မှာပါ။ AI Portrait Framing က ဓာတ်ပုံကို ပြီးပြည့်စုံတဲ့ အချိုးအစား ရရှိအောင် ကူညီပေးမှာလည်းဖြစ်ပါတယ်။ AI Super Wide-Angle Camera က မြင်ကွင်းကို 120 ဒီဂရီအထိ ချဲ့ယူရိုက်ကူးနိုင်တာကြောင့် သဘာဝအလှအပတွေ၊ သူငယ်ချင်းတွေနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ပိုမို မြင်ကွင်းကျယ်ကျယ် ရိုက်ကူးနိုင်မှာပါ။ အုပ်စုဓာတ်ပုံတွေ ရိုက်တဲ့အခါ ကင်မရာက အလိုအလျောက် Super Wide-Angle ကို ပြောင်းပေးတာကြောင့် ပိုမို ကျယ်ပြန့်တဲ့ ရိုက်ချက်တွေ ရရှိနိုင်ပြီပေါ့။ ပုံအနေအထား ပျက်ယွင်းမှုတွေကိုပါ ထည့်တွက်မယ်ဆိုရင် ကင်မရာဟာ 108 ဒီဂရီ အထိ ချဲ့လို့ရနိုင်မှာ ဖြစ်ပါတယ်။

Photo Source https://www.vivo.com/mm/

Vivo S1 က octa-core processor နဲ့ ပြုလုပ်ထားပြီး 2.0GHz အထိ မြန်ဆန်ပါတယ်။ S1 ကို 6GB RAM ၊ 128GB ROM တို့နဲ့ ဖန်တီးထားတဲ့အတွက် အမြန်နှုန်းကို မြှင့်တင်နိုင်တဲ့အပြင် များပြားတဲ့ apps တွေနဲ့ mobile games တွေရဲ့ စွမ်း ဆောင်ရည်ကို ချောမွေ့ပြေပြစ်စေပါတယ်။ vivo S1 မှာ Vivo ရဲ့ ထူးခြားတဲ့ နည်းပညာဖြစ်တဲ့ Dual-Engine Fast Charging ထည့်သွင်းထားပြီး 4,500mAh Battery ပါဝင်ပါတယ်။
နောက်ပြီး vivo S1 ဟာ ဂိမ်းဆော့ရာမှာ ပျော်ပျော်ရွှင်ရွှင် ဆော့နိုင်ဖို့ ပိုမိုသာလွန်တဲ့ ဂိမ်းစနစ်ကို ထည့်သွင်းထားပါတယ်။ အသစ်ထည့်သွင်းထားတဲ့ Game Countdown က ဂိမ်းမစတင်ခင် window စောင့်ဖို့ ကျန်ရှိတဲ့အချိန်ကို သတိပေး တဲ့အတွက် ဂိမ်းဆော့ဖို့ စောင့်ဆိုင်းနေစဉ်အတွင်းမှာ အခြားအရာတွေ လုပ်ဆောင်နိုင်ပါတယ်။
Vivo S1 မှာပါရှိတဲ့ စွမ်းရည်ပြည့်ဝတဲ့ Jovi ဟာ အသုံးပြုသူရဲ့လိုအပ်ချက်နဲ့ လိုအင်ဆန္ဒတွေကို နားလည်သိရှိနိုင်မှာပါ။ Smart Button နဲ့ Jovi Image Recognizer အပြင်ကိုမှ S1 ဟာ ပိုမိုအသိဉာဏ်ပြည့်ဝတဲ့ Google Assistant စနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ သူ့ရဲ့အသိဉာဏ်အတွက် တစ်ချက်လောက် နှိပ်လိုက်ရုံပါပဲ။ အသစ်ထည့်သွင်းထားတဲ့ Smart Button ကိုတစ်ချက်နှိပ်လိုက်တဲ့အခါ Google Assistant ပွင့်လာမှာဖြစ်ပြီး၊ နှစ်ချက်ဆက်တိုက် နှိပ်လိုက်တဲ့အခါ Jovi Image Recognizer ပွင့်လာမှာဖြစ်တဲ့အတွက် ရိုးရှင်းလွယ်ကူစေပါတယ်။
S1 မှာဆိုရင် ပိုမိုကောင်းမွန်အောင် ပြုပြင်ထားတဲ့ Voice Commands ပါဝင်ပါတယ်။ AI Face Beauty ကို အလျင်အမြန် အသုံးပြုလိုတဲ့အခါမျိုး၊ Phone Memory တွေကို ရှင်းလင်းချင်တဲ့အခါမျိုး ဒါမှမဟုတ် Album ထဲက အစားအသောက်ပုံတွေ ရှာချင်တဲ့အခါအဆင်ပြေစေမှာဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.vivo.com/mm/