ဈေးကွက်ထဲတွင်ရေးပန်းစားခဲ့သော vivo Y91i စမတ်ဖုန်း၏ သွင်ပြင်လက္ခဏာများအကြောင်း

ဈေးကွက်မှာရေပန်းစားနေတဲ့ 6.22 လက်မရှိတဲ့ Halo FullView™ Display ဟာ Y91i အတွက် Notch ကို ပိုမိုသေးငယ်စေပြီး နေရောင်ခြည်အဝန်းလေးလို နန်းဆန်နေမှာပါ။ screen-to-body ratio ဟာ 88.6 ရာခိုင်နှုန်း အထိရှိတာကြောင့် မြင်ကွင်းဟာလည်း ပိုမိုကျယ်ပြန့်လာပါတယ်။ ဒါ့အပြင် အထာကျတဲ့ဒီဇိုင်းအသွင်အပြင်ကြောင့် မျက်နှာပြင်ကျုယ်ကြီး တစ်ခုလုံးကို ကောင်းကောင်း ကိုင်တွယ်ထိန်းချုပ်နိုင်ပါတယ်။
vivo ဟာ စမတ်ဖုန်းအရောင်တွေရဲ့ ဖြစ်နိုင်စွမ်းတွေကို တိုးချဲ့ဖို့ အစဉ်ကြိုးပမ်းလျက်ရှိနေဆဲလည်းဖြစ်ပါတယ်။ Y91i ရဲ့ ဖန်မျက်နှာပြင်နဲ့တူပြီး အထာကျတဲ့ အနောက်ဖက်ဒီဇိုင်းဟာ အနက်ရောင်နဲ့ အပြာရောင်ပြေးလေးကို ရောထွေးပေါင်း စပ်ပေးထားပြီး အသက်ရှုမှားလောက်စရာ အသွင်အပြင်တစ်ခုကို ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် ဖုန်းရဲ့ 3D Curve ဒီဇိုင်းက လည်း လက်ထဲမှာ မြဲမြံစေပြီး၊ ဆွဲဆောင်မှုရှိတဲ့ ပုံစံတစ်ခုကို ဖော်ဆောင်ပါလိမ့်မယ်။
Y91i ရဲ့ တိကျပြတ်သားတဲ့ 8MP အရှေ့ကင်မရာဟာ ပိုမိုတိကျတဲ့ မျက်နှာအသွင်အပြင်တွေကို ဖမ်းယူနိုင်ပါတယ်။ သူ့မှာပါ ဝင်တဲ့ AI စနစ်က သင့်ရဲ့ လိင်အမျိုးအစား၊ အသက်အရွယ်၊ အသားအရည်အမျိုးအစား၊ ပတ်ဝန်းကျင်အလင်းအမှောင် တွေကို အလိုအလျောက် သိရှိနိုင်စေပြီး အလှဆုံးရလဒ်တွေနဲ့ မျက်နှာသွင်ပြင်ကို ပေးစွမ်းမှာပါ။

Photo Source https://www.vivo.com

Y91i မှာပါဝင်သော အထူးကြည်လင်ပြတ်သားတဲ့ 13MP Main ကင်မရာနဲ့ 2MP ကင်မရာတို့ရဲ့ ပေါင်းစပ်မှုက ပရော်ဖက်ရှင်နယ်အဆင့် bokeh ဓာတ်ပုံတွေကို ဖန်တီးပေးဦးမှာပါ။ အရင်ကမလွယ်ကူခဲ့တဲ့ အလန်းစား ဓာတ်ပုံရိုက် ချက်တွေရယူနိုင်မှာပါ။ ကြီးမားတဲ့ 4030mAh Battery ဟာ ပိုမိုကောင်းမွန်လာတဲ့ စွမ်းအင်ထိန်းချုပ်စနစ်နဲ့အတူ ပိုမိုပြီးပြည့်စုံသွားပါပြီ။ စိတ်ရှိတိုင်း ဖုန်းသုံးနေနိုင်ပြီး ပါဝါကုန်သွားမှာကို စိတ်ပူနေဖို့ မလိုတော့ပါဘူး။
Y91i ဟာ octa-core processor ကိုမှ 12nm ဒီဇိုင်းနဲ့ဖြစ်ပြီး clock speeds ဟာ 2.0GHz အထိ ရရှိနိုင်ပါတယ်။ ဒီအတွက်ကြောင့် ပိုမိုမြန်ဆန်တဲ့ လုပ်ဆောင်နိုင်စွမ်း၊ စွမ်းအင်အသုံးချမှု နည်းပါးခြင်း၊ apps တွေကို ပိုမိုလျင်မြန်စွာ ဖွင့်လို့ရခြင်း၊ ပြောင်းလဲအသုံးပြုလို့ရခြင်း ဆိုတဲ့ ရလဒ်ကောင်းတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
32GB ပမာဏရှိတဲ့ ROM က သင်သိမ်းဆည်းလိုမျှ အရာတွေကို လွတ်လပ်စွာ သိမ်းဆည်းထားခွင့် ပြုလုပ်ပါပြီ။ ဒါ့အပြင် 256GB အထိ ထပ်တိုးအသုံးချခွင့်ပြုထားတာကြောင့် သင့်ရဲ့ အမှတ်တရတွေကို ပိုမိုသိမ်းဆည်းထားနိုင်ပါတယ်။ Y91i မှာဆိုရင် လက်ဗွေစနစ်ကို တပ်ဆင်ပေးထားတာဖြစ်လို့ ဖုန်းကို ခဏလေးအတွင်းမှာပဲ Unlock လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Face Access နဲ့ပေါင်းစပ်လိုက်တဲ့အခါ ဖုန်းအသုံးပြုရတာဟာ ပိုမိုလွယ်ကူသက်သာသွားစေပါတယ်။
vivo သည် စမတ်ဖုန်းလောကရဲ့ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ vivo ဟာ စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ်များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှုများမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါတယ်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး vivo ဟာ ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။

Photo Source https://www.vivo.com

နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါတယ်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivo ဟာ အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့ကြပါတယ်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.vivo.com