aT Bangkok မှ K-Food Fair 2021 Bangkok – Online Business Matching ပွဲကိုအောင်မြင်စွာကျင်းပ

Korea Agro-Trade Center, Bangkok (aT Bangkok)သည် မကြာသေးမီက ဘန်ကောက်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် အကြီးဆုံးကိုးရီးယားအစားအစာကုန်စည်ပြပွဲများထဲမှတစ်ခုဖြစ်သည့် K-Food Fair 2021 Bangkok ၏ Online Business Matchingများအားပြီးမြောက်အောင်မြင်စွာကျင်းပနိုင်ကြောင်း သိရသည်။
အဆိုပါပွဲကို ထိုင်း၊ အိန္ဒိယ၊ မြန်မာနိုင်ငံတို့မှ လုပ်ငန်းရှင်များ လက်လီလက်ကားရောင်းချသူများ ကုန်ပစ္စည်းတင်သွင်းသူများ ဖြန့်ဖြူးရောင်းချသူများ နှင့် တောင်ကိုရီးယားနိုင်ငံမှ စားသောက်ကုန်နှင့် အဖျော်ယမကာများ ထိပ်တန်းထုတ်လုပ်သူများနှင့် တင်ပို့ ရောင်းချသူများလည်း လာရောက်ပူးပေါင်းခဲ့ကြသည်။ Online Business Matchingအပြင် စားသောက်ကုန် လုပ်ငန်းမှကျွမ်းကျင်သူများနှင့် သွင်းကုန်ထုတ်ကုန်ဆိုင်ရာကျွမ်းကျင်သူများသည် အွန်လိုင်းSeminar အခမ်းအနားတွင် ထိုင်းနိုင်ငံ၏လူကြိုက်များတဲ့ကိုရီးယားအစားအစာများ အကြောင်းနှင့် ပတ်သက်၍ အချက်အလက်များ ဟောပြောမျှဝေခြင်း အစီအစဉ်ကိုလည်း 2021 ခုနှစ် အောက်တိုဘာလ 26 ရက်မှ 27 ရက်အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

Photo Source sammathaindex@gmail.com

အဆိုပါပွဲသည် ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေး တိုးတက်မှု အခွင့်အလမ်းများကို ရှာဖွေနေသော လုပ်ငန်းရှင်များ စားသောက်ကုန် လက်လီလက်ကားရောင်းချသူများနှင့်တင်သွင်းသူများထံမှ ကြီးမားသော အောင်မြင်မှုနှင့် တုံ့ပြန်မှုများ စွာရရှိခဲ့ပါသည်။ ၆၇ ကျော်သောလုပ်ငန်းရှင်များ Business Matching အစီစဉ်တွင်တောင်ကိုရီးယားမှ နာမည်ကြီး အစားအစာနှင့် အဖျော်ယမကာ တင်ပို့ရောင်းချသူ ၃၈ ဦး Evergood Corporation, Jo Eun Farm Agricultural Association Corporation, Nature Farm Corp, Kwangdong Pharmaceutical Company Limited, and Vilac Company Limitedတို့နှင့်ပါဝင်ဆွေးနွေးခဲ့သည်။
ထူးခြားချက်မှာ ဝယ်သူများသည် ပွဲမစမီတွင် ကုန်ပစ္စည်းနမူနာများကို ပို့ကုန်လုပ်ငန်းရှင်များထံမှရရှိခဲ့ခြင်း ဖြစ်သည့်အပြင် နိုင်ငံတကာ မိတ်ဖက်များမြင့်တင်ရန် ပို့ကုန်လုပ်ငန်းရှင်များနှင့် သီးသန့်အွန်လိုင်း Exclusive ဆွေးနွေးမှုများလည်းရှိခဲ့သည်။
အဆိုပါပွဲကျင်းပရာတွင် အနည်းဆုံး စီးပွားရေးလုပ်ငန်း ၂၃၄ ခုချိတ်ဆက်နိုင်ပြီး အောင်မြင်သောအရောင်း အဝယ်ပွဲတစ်ခုဖြစ်သည်။
နှစ်ရက်တာ ပွဲကာလအတွင်း business matchmakingအပြင် ဟောပြောပွဲအစီအစဉ်လည်းပါဝင်သည် “Future Food Trends and the Expansion Opportunity of Korean Food in Thailand”ခေါင်းစဉ်အပေါ်ကျွမ်းကျင်သူ Trend and Future Concept Research Lab at Baramizi Labမှ ဒါရိုက်တာ ParamaThipthanasubသည် ယနေ့ခေတ် စားသုံးသူများအတွက် ကိုရီးယားအစားအစာခေတ်ရေစီးကြောင်းအကြောင်း လေ့လာရန်နှင့်ထိုင်းနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်ရန် နည်းဗျူဟာများကိုလည်းဟောပြောခဲ့သည်။
၎င်းအပြင် KCTC Thai Logistics ၏ မန်နေဂျင်းဒါရိုက်တာ Kelvin Lee မှ FTA Utilization Strategy and Labeling Regulations for Exporting Regulationsကို ထိုင်းနိုင်ငံသို့ ကိုရီးယား စားသောက်ကုန်များ တင်သွင်းခြင်းအတွက် ထိုင်းတံဆိပ်ကပ်ခြင်းဆိုင်ရာ စည်းမျဉ်းကိုဟောပြောခဲ့ကြသည်။