မြန်မာရဲ့ Starbucks ရဲ့ Facebook Page က Fake ?

Image Source: https://www.facebook.com/Starbucks-Myanmar-595337153885414/

Coffee chain နဲ့ တစ်ကမ္ဘာလုံးမှာ ၂၅၀၀၀ လောက်ရှိတဲ့ ဆိုင်အရေအတွက်ကိုပိုင်ဆိုင်ထားပြီး ရောင်းအားကလည်း ကမ္ဘာပေါ်မှာနံပါတ် ၁နေရာမှာရှိနေတဲ့ Starbucks Coffee ဆိုင် ။
မြန်မာနိုင်ငံမှာတော့မရောက်သေးပေမဲ့ လူသိများပြီး ့မြန်မာနိုင်ငံမှာရောင်းချမည်ကို စောင့်မျှော်လျက်ရှိသောလူတွေလည်းများပြားလှပါတယ်။

ထိုကာလအတွင်း Starbucks Myanmar ဆိုတဲ့ Starbucks ရဲ့ facebook page ကပေါ်လာပါတယ်။
အခုအချိန်မှာဆိုလျှင် like ပေါင်း ၂၅၀၀၀ ကျော်နေပါပြီ။

Image Source: https://www.facebook.com/Starbucks-Myanmar-595337153885414/

ဒီပုံကိုကြည့်စေချင်ပါတယ်။

Image Source: https://www.facebook.com/Starbucks-Myanmar-595337153885414/

ဒီဟာက ပထမဦးဆုံသော post ဖြစ်ပြီး နေ့စွဲက ၃ဝရက် ရလ ဆိုပြီးဖြစ်နေပါတယ်။
ဒီဆောင်းပါးကိုရေးတာက ၃ရက် ၈လ ဆိုတော့ Page ပေါ်လာတည်းက ၄ရက်ဘဲရှိပါသေးတယ်။
အဲ့ဒါကို ၂၅ဝဝဝကျော်တဲ့ like ကိုစုနိုင်တယ်ဆိုတော့ တော်တော်လူကြိုက်များနေတာပါ။

ယခင်က မြန်မာမှာ McDonald’s ဆိုင်ဖွင့်မယ်ဆိုပြီးထင်ရတဲ့ Fake Facebook Page လည်းရှိခဲ့ပြီး Starbucks လည်း မြန်မာမှာ ဖွင့်မယ်ဆိုတဲ့သတင်းလည်းမကြားရတဲ့အတွက် ဒီတစ်ခေါက်လည်း အရင်တစ်ခေါက်လို fake Page လားဆိုပြီးတွေနေခဲ့ပေးမဲ့ Post ကို ကြည့်လိုက်တော့ အများယုံကြည်လက်ခံနိုင်အောင် ရေးထားတဲ့အတွက် တကယ့်အစစ်လားဆိုပြီးတော့လည်း ကောလဟာလတွေလည်းထွက်နေပါတယ်။

ဥပမာ ဒီ Post ကိုကြည့်ပါ။
Image Source: https://www.facebook.com/Starbucks-Myanmar-595337153885414/

ဆိုင်ရဲ့နေရာကို list လုပ်ထားပြီး
1. Sule Outlet
2. Myanmar plaza outlet
3. Junction City Outlet
3. Yaw min Gyi Street Outlet
4. Kan Taw Gyi Outlet
5. People Square Park Outlet
ဆိုပြီးရေးထားပြီးတော့ ပထမဆုံး ဖွင့်မဲ့နေရာက အနီးအနားတစ်ဝိုက်ဖြစ်ဖို့များတယ်။
ဒီ post လည်း ၂၄၀၀ Likes ရနေပြီး ၄၃၀ ကျော်တဲ့ share လည်းရှိနေပေါပြီ။

ပြီးတော့  ဒီ Starbucks Myanmar Grand-opening event .

Image Source: https://www.facebook.com/Starbucks-Myanmar-595337153885414/

ပွဲလုပ်မယ့်နေ့က ၁၂ရက် ၁၂လ ဆိုပြီးဖြစ်နေတယ်။
နောက်၄လတောင်လိုသေးတာဆိုတော့ အဲ့ဒီ့အချိန်ထိ open မလုပ်ဘူးဆိုပြီးထင်မိတယ်။ ကောင်းမွန်တဲ့နေ့စွဲလည်းဖြစ်တယ်။ ၅၄၂ယေက်သော ပါဝင်သူရှိပြီးတော့ ၃၅ဝဝယောက်က စိတ်ဝင်စားတယ်ဆိုပြီးနှိပ်ထားတဲ့လူတွေရှိတဲ့အတွက် အဲ့ဒီ့လူတွေကတော့ အတည်ယူနေလို့ထင်ပါရဲ့။

ထို့ကြောင့် fake မဟုတ်လောက်ဘူးဆိုတဲ့အတွေးတွေပေါ်လာတဲ့အတွက် fake လားဘာလားဆိုတာကို လေ့လာသုံးသပ်ကြည့်ရအောင်။

အရင်ဦးဆုံး facebook page ရဲ့ information မှာ URL ကိုရေးထားတဲ့အတွက် website မှာရှိကြည့်ဖို့တွေးလိုက်ပါတယ်။

Image Source: https://www.facebook.com/Starbucks-Myanmar-595337153885414/

နည်းနည်းတော့မျှော်မှန်းမိခဲ့ပေမယ့် ဒီ URL ကိုဖွင့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းဘဲလို့ပြောရမလား page ကမတွေ့ပါဘူး။

Page ကိုလုပ်နေတုန်းဆိုပြီးတွေးနေမိပေမယ့် Event ကို Registration လုပ်ထားလားဆိုတာကို  စုံစမ်းကြည့်ဖို့တွေးလိုက်တယ်။ သို့ပေမဲ့ အဲ့ဒီအချိန်မှာဘဲ သတိထားမိသွားတယ်။

starbucksmyanmar.mm.com ဆိုပြီးရေးထားတာကြောင့် မြန်မာ domain မှာဆိုရင် “.mm.com” မဟုတ်ဘဲ“.com.mm” ဆိုဖြစ်ရမှာပါ။
ဟုတ်ပါတယ်၊ starbucksmyanmar.mm.com ဆိုတဲ့ domain မှာတော့ mm ဆိုတာ subdomain မှာပဲ ရှိသင့််တာပါ။
ထို့ကြောင့် ဒီအခြေအနေမှာင် fake page ဆိုတဲ့ရာခိုင်နှုုန်းကများနေပြီ။
starbucksmyanmar.com.mm ရဲ့ domain က Registration လုပ်ထားလားဆိုတာကိုတော့စစ်ပြီးသွားပေမယ့်
တာဝန်ခံပုဂ္ဂိုလ်က URL ကိုမှားရေးတာလားဆိုပြီးတွေးမိပြန်တာကြောင့်် တကယ့်အစစ်လို့နည်းနည်းတော့ထင်မိပေမယ့်် page အတုဖြစ်ဖို့ကတော့ ရာခိုင်နှုန်းများတယ်။

သို့ပေမယ့်် ဒီURLကိုမှန်ကန်စွာရေးပြီး teaser site လိုမျိုးလည်း လုပ်ထားရင်တော့ လှည့်စားခံခဲ့ရမယ်လို့ထင်တယ်။ (နောက်ပြီး တကယ့်အစစ်ဆိုရင် starbucksmyanmar.com.mm မဟုတ်ဘဲ starbucks.com.mm ဆိုပြီးရေးထားမယ်လို့တော့ထင်တယ်။ starbucks.com.mm လည်း Registration လုပ်ထားတဲ့အတွက် တကယ့်အစစ်ဖြစ်တဲ့ starbucks က Registration လုပ်ထားတဲ့ရာခိုင်နှုန်းလည်းများတယ်)

အတုလားဘာလားဆိုတာထက် Facebook Boost မလုပ်ပဲနဲ့ ၄ရက်ဆိုတဲ့အချိန်တိုအတွင်း ၂၅ဝဝဝကျော်တဲ့ likes ကိုရတာကတော့ အံ့သြစရာပါဘဲ။
Starbucks ကလာဖွင့်မှာလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပေမဲ့ Web marketing ၊ အထူးသဖြင့် facebook marketing ရဲ့ အလားအလာကိုတော့ သတိမထားဘဲနဲ့တော့နေလို့မရပါဘူး။