AGTI ကျောင်းတွေကို ဂျာမနီနဲ့ပူးပေါင်းပြီး အဆင့်မြှင့်တင်သွားမယ်

Image Source: https://www.facebook.com/162004157313703

ရန်ကုန်၊ မန္တလေး၊ တောင်းကြီးမြို့တို့မှာရှိတဲ့ AGTI ကျောင်းတွေကို ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီလိုအဆင့်မြှင့်တင်မှုလုပ်တဲ့ နေရာမှာ အဆောက်အဦတွေနဲ့ သင်ကြားရေး အထောက်အကူပြု ပစ္စည်းကရိယာတွေ အပါအ၀င် သင်ကြားရေး နည်းလမ်တွေကိုပါ အကောင်းဆုံး ပြန်လည်ပြုပြင်သွား မယ်လို့ဆိုပါတယ်။

ဒီလိုအဆင့်မြှင့်တင်မှုတွေ ပြုလုပ်ဖို့အတွက် နိုင်ငံတော်က ကျပ် ၃.၅ ဘီလီယံ သုံးစွဲသွားမှာဖြစ်ပြီး သင်ကြားပို့ချမယ့် ဆရာတွေကိုလည်း ပြည်တွင်းမှာသာမက ဂျမနီနိုင်ငံမှာပါ သင်တန်းပေးနေပါတယ်။

၂၀၀၀ ခုနှစ်အတည်းက ပိတ်သိမ်းထားတဲ့ အင်းစိန်စက်မှုလက်မှုသိပ္ပံကျောင်းကို အခုပြန်လည်ဖွင့်လှစ်ပြီး သင်ကြားမှုတွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီကျောင်းရဲ့ အဆောက်အဦတွေကို ပြုပြင်မွန်းမံဖို့တော့ လိုနေပါသေးတယ်။ ဒါတွေကို အမြန်ဆုံး ပြုလုပ်သွားမယ်ဆို သိရပါတယ်။ လာမယ့်ဒီဇင်ဘာလမှာတော့ သင်တန်းတွေစတင်ဖွင့်လှစ် သွားမှာဖြစ်ပါတယ်။ ယခုပညာသင်နှစ်အတွက် ကျောင်းသား(၂၀၀) ဦးစတင်လက်ခံသွာမှာဖြစ်ပြီး၊ သိပ္ပံဘာသာတွဲနဲ့ ဆယ်တန်းအောင်မြင်ထားသူတွေ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားလာသူတွေကို စိစစ်ပြီးရွေးချယ်သွားမှာဖြစ်ပြီး အဆင့်မြင့် နည်းပညာတက္ကသိုလ်တွေက သင်ရိုးတွေအတိုင်း စာတွေ့လက်တွေ့ သင်ကြားမှုတွေကို အဆင့်မြင့် နည်းပညာနဲ့ သင်ထောက်ကူပစ္စည်းတွေကို အသုံးပြုပြီး သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ Civil, EC, EP, IT, MP စတဲ့ ဘာသာရပ်(၅) ခုကို သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလသုံးနှစ် အောင်မြင်ပါက အတန်းပြီးဆုံးကြောင်း အရည်အချင်းထောက်ခံချက် လက်မှတ်ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို AGTI ကျောင်းတွေကိုလည်း အဆင့်မြှင့်တင်ပေးတာဟာ နည်းပညာကဏ္ဍတွေ တိုးတက်လာတဲ့ခေတ်အတွက် လူ့အရင်းအမြစ်ဖွံ့ဖြိုးမှုကို များစွာအထောက်အကူ ဖြစ်စေပါတယ်။ အဆင့်မြင့်နည်းပညာ တက္ကသိုလ်တွေ တက်ရောက်ဖို့ ဆယ်တန်းအောင်ရမှတ် မကောင်းတဲ့ ကျောင်းသားတွေအတွက် ဒါကဒုတိယအိပ်မက် တစ်ခုပဲဖြစ်ပါတယ်။ ဒီသင်တန်းကျောင်းကနေပြီး ထူးချွန်တဲ့ကျောင်းသားတွေကို အဆင့်မြင့်နည်းပညာ တက္ကသိုလ်တွေ တက်ရောက်ခွင့် ပေါင်းကူးပေးခြင်းကလည်း သူတို့ရဲ့  ဘ၀နဲ့ ရည်မှန်းချက်တွေအတွက် အဆင့်မြှင့်ပေးခြင်းပဲ ဖြစ်ပါတယ်။