Professional IT သမားတစ်ယောက်အဖြစ် အသိအမှတ်ပြုပေးမည့် MCPA ၏ အရည်အချင်းစစ် စာမေးပွဲ

Image Source : https://www.facebook.com/mcpamyanmar.org/photos

IT လောက၌ Professional သမားတစ် ယောက်အဖြစ် ရပ်တည်လိုသူများအား Myanmar Computer Professionals Association(MCPA) မှ လိုအပ်သည့် အတတ်ပညာနှင့် အသိပညာများပြည့်မီကြောင်း အသိအမှတ်ပြုပေးရန်အတွက် အရည်အချင်းစစ်စာမေးပွဲ တစ်ခုကို လာမည့်ဇွန်လ(၁၈)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း( MCPA)၏ အရည်အချင်းစစ်စာမေးပွဲ(Network Associate Examination-NA)အား တစ်နိုင်ငံလုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ရှိသည့် MCPA ရုံးများတွင် သတ်မှတ်အချိန်၌ တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းအရည်အချင်းစစ် စာမေးပွဲအား MPCA အဖွဲ့၀င်များအပြင် Professional IT သမားအဖြစ် ရပ်တည်လိုသည့် ကျောင်းသား/သူ များလည်း၀င်ရောက်ဖြေဆိုနိုင်သည်။ လာမယ့်ဇွန်လ(၁၅)ရက်နေ့အား နောက်ဆုံးထားပြီး စာမေးပွဲဖြေဆိုကြေး နှစ်သောင်းကျပ်နှင့်အတူ စာရင်းပေးသွင်းရမည်ဖြစ်သည်။ အကယ်၍ MPCA အသင်း၀င်ဖြစ်ပါက စာမေးပွဲကြေးအတွက် ၅၀ ရာခိုင်နှုန်းသာပေးသွင်းရပါမည်။

အဆိုပါစာမေးပွဲအား ရည်ရွယ်ပြီး MPCA(ရန်ကုန်) မှ ဖြေဆိုမည့်သူများ အထောက်အကူဖြစ်စေရေးအတွက် MPCA Certified Network Associate(NA) Exam Preparation(Intensive Course) ရက်တိုသင်တန်းတစ်ခုအား ဇွန်လ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ (၃)ရက်တာ ပို့ချပေးသွားမည်ဖြစ်သည်။ အဆိုပါရက်တိုသင်တန်း တက်ရောက်လိုပါက သင်တန်းကြေး နှစ်သောင်းကျပ်နှင့်အတူ ဇွန်လ(၁)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန်နှင့် တည်နေရာအဖြစ် အဆောင်(၁၄)၊ (၃)လွှာ၊ MICT Park ၊ လှိုင်မြို့နယ် ဟူ၍ ထုတ်ပြန်ကြေညာထားသည်။ အထက်ပါ ကြောင်းအရာများနှင့်ပက်သက်ပြီး အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံခန်း၊ အဆောင်(၉)၊ မြေညီထပ်၊MICT Park ၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း-01-652276 နှင့် 09-73088300 သို့ ဆက်သွယ်စုံစမ်းနိုင်သည်။