Telenor က နည်းပညာဆိုင်ရာ လုပ်ငန်းခွင်သင်တန်းသား(၁၀)ဦးခေါ်ယူမည်

Image Source : https://www.telenor.com.mm/

Telenor Myanmar က ၎င်းတို့ရဲ့ ပထမဆုံးသော နည်းပညာဆိုင်ရာ လုပ်ငန်းခွင်သင်တန်းသား ခေါ်ယူမှုအစီအစဉ်အဖြစ် ဆက်သွယ်ရေးကွန်ရက်ဌာနနှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာနတို့အတွက် လုပ်ငန်းခွင်သင်တန်းသား (၁၀) ဦးခေါ်ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာဆိုင်ရာ တက္ကသိုလ်/ကောလိပ်တို့မှ ဘွဲ့ရရှိထားရန်နှင့် လျှောက်လွှာများအား Telenor Myanmar ၀က်ဆိုဒ်မှရယူဖြည့်စွက်ပြီး technologytrainee@telenor.com.mm သို့ မေလ(၃၁)နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာဖြစ်ပါတယ်။ လျှောက်လွှာများအားစိစစ်ပြီး ဆန်ကာတင်စာရင်ပါသူတွေမှသာ အင်တာဗျူးဖြေဆိုရပါမယ်။ လုပ်ငန်းခွင်သင်တန်းကာလမှာ (၁၂) လဖြစ်ပြီး သြဂုတ်လမှာစတင်မှာဖြစ်ပါတယ်။ လုပ်ငန်းခွင်သင်တန်းကာလပြီးဆုံးပါက အလားအလာရှိသူများကို ကုမ္ပဏီအတွက် အမြဲတမ်း၀န်ထမ်းအဖြစ် ခန့်အပ်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

Telenor အနေနဲ့ မြန်မာနိုင်ငံရဲ့ နည်းပညာနယ်ပယ်အတွင်း လူငယ်တွေပိုမို ပါ၀င်လာနိုင်ရန်ရွယ်ရွယ်ပြီး ယခုကဲ့သို့လုပ်ငန်းခွင်သင်တန်းသား အစီအစီကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ အလုပ်သင်၀န်ထမ်း အစီအစဉ်များကိုလည်း ယခင်နှစ်ကစတည်းက စတင်ပြီး သုံးလတစ်ကြိမ် ခေါ်ယူလျက်ရှိတယ်။