Epic Game Stores တွင်အခမဲ့ရယူ ဆော့ကစားနိုင်သောဂိမ်းများ

Steam, Battle.net နဲ့ Epic Game Stores တွေအပြင် PC ဂိမ်းတွေကို Download ပြုလုပ်နိုင်တဲ့ Platform တွေတော်တော်များများရှိပါတယ်။ ဒီထဲကမှ ငွေကြေးနဲ့ဝယ်ယူဆော့ကစားလို့ရတဲ့ ဂိမ်းတွေကို အပတ်စဉ် အခမဲ့ပေးနေတာကတော့ Epic Games Store ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ငွေကြေးနဲ့ဝယ်ယူပြီး ဆော့ကစားရတဲ့ ကွန်ပြူတာဂိမ်းတွေကို တစ်ပတ်ကို ဂိမ်းတစ်ခုစီ အခမဲ့ပေးနေတာ ဖြစ်ပါတယ်။

ငွေကြေးနဲ့ မဝယ်ချင်ဘူး ဝယ်ရတဲ့ဂိမ်းကိုပဲ အခမဲ့ဆော့ချင်တယ်ဆိုရင်တော့ Epic Games Store ကို တစ်ပတ်တစ်ခါ ပုံမှန်ဝင်စစ်ကြည့်သင့်ပါတယ်။ ကိုယ်စိတ်ကြိုက်ဂိမ်းတွေဖြစ်ဖို့တော့ မသေချာပေမဲ့ ဝယ်ယူ ဆော့ကစားရမဲ့ ဂိမ်းတွေကို အခမဲ့ရယူနိုင်မှာပါ။ ရယူလိုက်တဲ့ဂိမ်းတွေကို Epic Games Store အကောင့်ရဲ့ Library ထဲမှာဂိမ်းတွေကိုတွေ့နိုင်ပါတယ်။ 

Photo Source https://store.epicgames.com/en-US/p/maneater

အခုလက်ရှိမှာတော့ မူရင်းဈေးနှုန်း $15.99 ကျသင့်နိုင်တဲ့ Maneater ဆိုတဲ့ Action, RPG ဂိမ်းကို အခမဲ့ ပေးထားပါတယ်။ Single Player ဂိမ်းဖြစ်ပြီးတော့ ငမန်းငယ်လေးတစ်ကောင်နေရာက ကစားရင်း task တွေလုပ် ecosystem တစ်ခုမှာ survival ပြုလုပ်ရင်း ဆော့ကစားရမှာ ဖြစ်ပါတယ်။ လူသားတွေအပါအဝင် ကိုယ့်ကို လာတိုက်ခိုက်တဲ့ သားရဲတွေကို တိုက်ခိုက်ရင်း နေရာသစ်တွေကိုရှာဖွေသွားလာရမဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

Maneater ဂိမ်းကို ဒီလ ၁၆ ရက်နေ့အထိအခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ ၁၆ ရက်နေ့ကနေ ၂၃ ရက်နေ့အထိကိုတော့ Supraland ဆိုတဲ့ဂိမ်းကို အခမဲ့ရယူနိုင်မှာပါ။ Single Player အနေနဲ့ တစ်ယောက်ထဲ Explore လုပ် ပဟေဋိတွေဖြေရှင်းရင်း မိစ္ဆာတွေကို တိုက်ခိုက်ရမဲ့ Puzzle, Exploration ဂိမ်းတစ်ခု ဖြစ်ပါတယ်။

ဂိမ်းတွေကိုအခမဲ့ရယူဖို့အတွက် https://store.epicgames.com/en-US/free-games မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။