ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို အင်တာနက်ရှိရုံနဲ့ ရယူဆောင်ရွက်နိုင်မယ့် iBanking ဝန်ဆောင်မှုကို CB Bank ခွဲများတွင်စတင်

ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို အင်တာနက်ရှိရုံနဲ့ အချိန်နေရာမရွေး ရယူဆောင်ရွက်နိုင်မယ့် iBanking ဝန်ဆောင်မှုကို CB Bank ရဲ့ဘဏ်ခွဲတွေမှာ ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်းသိရပါတယ်။
တစ်ဦးတစ်ယောက်ချင်း အသုံးပြုနိုင်တဲ့ Personal iBanking နဲ့ Corporate Customer တွေရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် Business iBanking ဆိုပြီး Internet Banking ဝန်ဆောင်မှုနှစ်မျိုး ရှိပါတယ်။
အဲဒါကြောင့် အင်တာနက်ရှိရုံနဲ့ ကွန်ပျူတာ၊ စမတ်ဖုန်း၊ တက်ဘလက်စတာတွေကိုသုံးပြီး ဘဏ်ဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်တဲ့ CB Bank ရဲ့ Internet Banking ဝန်ဆောင်မှုကို မိမိရဲ့ CB Bank Account နဲ့ ချိတ်ဆက်ရယူနိုင်ပါတယ်။

Photo Source https://www.facebook.com/CBBankmyanmar

လက်ရှိတွင် CB Bank Customer များအနေဖြင့် Credit Card ငွေပြန်လည်ပေးသွင်းရာတွင် လည်း အောက်ဖော်ပြပါနည်းလမ်းများဖြင့် ပေးသွင်းနိုင်ပါတယ်။
(၁) CB Pay App ကိုအသုံးပြု၍ ပေးသွင်းနိုင်ခြင်း။
(၂) CB Card+ App ကိုအသုံးပြု၍ ပေးသွင်းနိုင်ခြင်း။
(၃) နီးစပ်ရာ CB Bank ၏ ဘဏ်ခွဲများမှတစ်ဆင့် ငွေသား (သို့မဟုတ်) CB Bank Cheque ဖြင့် ပေးသွင်းနိုင်ခြင်း။
(၄) CB Bank iBanking (Personal) မှတစ်ဆင့်ပေးသွင်းနိုင်ခြင်း။
(၅) CB Bank CRM စက်များမှတစ်ဆင့် ပေးသွင်းနိုင်ခြင်း။
(၅) နီးစပ်ရာ CB Bank ၏ ဘဏ်ခွဲများ၌ ပြည်တွင်းရှိမည့်သည့်ဘဏ်၏ Cheque နှင့်မဆို ပေးသွင်းနိုင်ခြင်း။ (ငွေပြန်လည်ပေးသွင်းခြင်းပြီးမြောက်ရန် ဘဏ်ဖွင့်ရက် အနည်းဆုံး ၃ ရက်ကြာပါမည်။)
(၆) ပြည်တွင်းရှိမည်သည့်ဘဏ်အကောင့်ဖြင့်မဆို CBM Net မှတစ်ဆင့်CB Bank အကောင့်ထဲသို့ ငွေဖြည့်သွင်းပြီး ထိုမှတစ်ဆင့် CB Pay ကိုအသုံးပြုကာ ပြန်လည်ပေးသွင်းနိုင်ခြင်း။ (ငွေပြန်လည်ပေးသွင်းခြင်း ပြီးမြောက်ရန်အတွက် ကြာချိန်မှာ လူကြီးမင်းအသုံးပြုသည့် အခြားဘဏ်၏ ဝန်ဆောင်မှုအပေါ် မူတည်ပါမည်။)
iBanking ဝန်ဆောင်မှုသုံးစွဲရာမှာ အဆင်မပြေမှုများ ပေါ်ပေါက်ခဲ့လျှင် contact@cbbank.com.mm (သို့) ibanking@cbbank.com.mm သို့ အီးမေးလ်ပေးပို့၍ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။